လေ့လာသင်ယူစရာတွေအလွန်များလွန်းသောခေတ်အခါနှင့် ဗုဒ္ဓတရားတော် သဟဇာတဖြစ်မဖြစ်

“သဗ္ဗံ သိပ္ပံ အဓီယေထ၊ ဟိနမုကရဋ္ဌ မဇ္ဈိမံ။
သဗ္ဗတ္ထ အတ္ထံ ဇာနေယျ၊ န စ သဗ္ဗံ ပယောဇယေ”။
“Low, high and medium quality of education from both secular and spiritual ones should be learnt.
Knowing the meaning of all learnt, do not go with inappropriate ones”, said the Buddha.
အယုတ်အလတ်အမြတ်မရွေး အားလုံးသော သိစရာတတ်စရာမှန်သမျှကို လေ့လာသင်ယူရာ၏။ မိမိသင်ယူထားသမျှတို့၏ အဓိပ္ပါယ်ကို ကောင်းစွာ နားလည်လျက် မလုပ်သင့်သော အရာများကို မလုပ်မိစေဘဲ ရှောင်ကြဉ်ရာ၏။ (ပညာရေးနှင့်ပတ်သက်သော မြတ်ဗုဒ္ဓ၏သြဝါဒတော်)
လေ့လာသင်ယူစရာတွေများပြားလှတဲ့ ယခုလိုနည်းပညာခေတ်ကြီးထဲမှာ လေ့လာသင်ယူစရာမှန်သမျှ both secularity and spirituality နှစ်ခုလုံးကို လ့လာသင်နိုင်အာင်ကြိုးစားသင့်ပေ၏။ လေ့လာသင်ယူစရာများသည် မိမိလက်တစ်ကမ်း မိမိအလုပ်ထဲမှာပင်ရှိနေပေ၏။ ဝိပဿနာရှုထောင့်မှကြည့်လျှင် အရာအားလုံးသည် အသစ်ချည်းဖြစ်နေတတ်၏။ အနီးကပ်စိစစ်လေ့လာကြည့်လျှင် ဒီမနက်တွေ့ရသော မိမိ၏ရုပ်ခန္ဓာနှင့် စိတ်သဘာဝသည်ပင် မနေ့ကရုပ်ခန္ဓာနှင့် စိတ်သဘာဝမဟုတ်တော့ပေ။ ထွက်ပေါ်လာသော နေဝန်းသည်လည်း အသစ်စက်စက် ဖြစ်ပေ၏။ မနေ့ကနေနှင့် အတူတူပါဘဲဟု အတိတ်ကအရိပ်ကို စွဲလန်းကာ အယူမမှားမိစေနှင့်။ Continue reading “လေ့လာသင်ယူစရာတွေအလွန်များလွန်းသောခေတ်အခါနှင့် ဗုဒ္ဓတရားတော် သဟဇာတဖြစ်မဖြစ်”

လူကြီးတွေကလူငယ်တွေနဲ့ အနာဂတ်အတွက်ရည်ရွယ်လျက်ပစ္စုပ္ပန်မှာ အကောင်းဆုံးတွေကိုလုပ်ကြမှသာ

လူကြီးဆိုတာ လူငယ်တွေအတွက် အသက်ရှင်ပေးနေကြရတယ်။ လူငယ်တွေအတွက်အလုပ်လုပ်ပေးနေကြရတယ်။ လူငယ်တွေအတွက် ရှေ့ဆောင်လမ်းပြလုပ်ပေးနေကြရတယ်လေ။ လူကြီးဆိုတာ အမှားတွေကိုလည်းတွေ့ကြုံခဲ့ကြပြီ။ ကျော်ဖြတ်ခဲ့ကြပြီ။ မင်းဟာအမှားတွေကိုလုပ်ခဲ့တဲ့သူပဲလို့ မစွပ်စွဲနေကြဘဲ သူ့စိတ်ကိုပြင်ဆင်ခွင့်ပေးကာ သဘောထားကြီးကြရမှာက လူကြီးတွေရဲ့ သမိုင်းပေးတာဝန်ပါပဲ။

teenage တွေက ၁၃ နှစ်အောက် ကလေးတွေအတွက် လူကြီးတွေဖြစ်တယ်။ ၂၀ ကနေ ၃၀ အထိတွေက သူတို့အောက်က teenage တွေအတွက် လူကြီးတွေဖြစ်တယ်။ ဒီလိုဆင့်ကဲဆင့်ကဲ လူ့လောကထဲက သက်ဆိုင်ရာတာဝန်တွေကို ပညာရေးအရဖြစ်စေ လူမှုရေးအရဖြစ်စေ နိုင်ငံရေးအရဖြစ်စေ စီးပွါးရေးအရဖြစ်စေ ဘာသာရေးအရဖြစ်စေ လွှဲပြောင်းထမ်းဆောင်နေကြရပါတယ်။ Continue reading “လူကြီးတွေကလူငယ်တွေနဲ့ အနာဂတ်အတွက်ရည်ရွယ်လျက်ပစ္စုပ္ပန်မှာ အကောင်းဆုံးတွေကိုလုပ်ကြမှသာ”

မောဟအတ္တမာနတွေအားကြီးကြရာအခါဝယ်နှင့် မိမိ၏လူသားအကျိုးပြု စီမံကိန်း

လူတွေဟာမောဟနဲ့ အတ္တမာနတွေအားကြီးလာကြတဲ့အခါ ဘာကိုမှမှန်ကန်စွာမသုံးသပ်နိုင်ကြတော့ဘူး။ အမှန်ကိုမမြင်တတ်ကြတော့ဘဲ ကိုယ်မြင်ချင်သလို မြင်အောင်ကြည့် ကိုယ်မြင်သလိုပြောလိုက်တော့တာပဲ။ တစ်ဘက်ကဒီလိုမဟုတ်ရပါဘူးဆိုလည်း ဘယ်လိုမှပြောမရဆိုမရဖြစ်တတ်ကြတဲ့သူတွေကို ဘုန်းဘုန်းရဲ့အနှစ်ငါးဆယ်ကျော် သူတော်ကောင်းမာရသွန်ပြေးပွဲကြီးထဲမှာ အများကြီးတွေ့ဖူးပါတယ်။ ပြီးတော့ပုထုဇန်ဆိုတဲ့ ဝေါဟာရကိုအသုံးပြုကာ လွဲချော်နေတာကိုပဲ တည့်မတ်နေသယောင် ပြောတတ်ကြတယ်။ ခဏနေအဆိုးကြီးကနေ အကောင်းပြန်ဖြစ်ဖို့ ကြိုးစားအားထုတ်လာပြန်တော့ အနိစ္စဆိုတဲ့ဝေါဟာရကို သုံးကာသိက္ခာဆည်ကြပြန်တယ်။ Continue reading “မောဟအတ္တမာနတွေအားကြီးကြရာအခါဝယ်နှင့် မိမိ၏လူသားအကျိုးပြု စီမံကိန်း”

ရွှေမြန်မာတို့နှင့် တွေးပုံခေါ်ပုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အခြေအနေ (၁)

ဘုန်းဘုန်းFacebookကို စသုံးခဲ့တာ ၂၀၁၁ ပတ်ဝန်းကျင်လောက်က စသုံးခဲ့တာပါ။ စသုံးဖြစ်ခဲ့တာကတော့ နိုင်ငံခြားဧည့်သည်ပေါင်းစုံရဲ့ မေးမြန်းမှုတွေကို ဝေမျှပေးဖို့တောင်းဆိုလျှောက်ထားရာကနေစပါတယ်။ အဲဒီအချိန်က မြန်မာပြည်ရဲ့ အင်တာနက်လိုင်းကလည်း အလွန်ဆိုးလှပါတယ်။ အင်္ဂလိပ်လိုသာရေးဖြစ်ခဲ့တာများပါတယ်။

တကယ်တော့မြန်မာပြည်မှာ Facebook ကိုသုံးကြတယ်ဆိုသူတွေဟာ ပညာအထိုက်အလျှောက်တတ်တဲ့သူတွေနဲ့ ငွေကြေးအရအထိုက်အလျှောက် သုံးနိုင်သူတွေဖြစ်ပါတယ်။ ဒီတော့အတွေးအခေါ်ကောင်းတွေရှိတဲ့ မြန်မာလူငယ်လေးတွေ လူကြီးကြီးတွေကို facebook ပေါ်မှာများစွာတွ့ရပါတယ်။ Continue reading “ရွှေမြန်မာတို့နှင့် တွေးပုံခေါ်ပုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အခြေအနေ (၁)”

မေတ္တာစစ်စစ်ဆိုသည်မှာ

မေတ္တာတရားစစ်စစ်ဆိုတာ ပိုးဖဲကတ္တီပါလို နူးညံ့တယ်။ သိမ်မွေ့တယ်။ တန်ဖိုးကြီးတယ်။ ကျင့်လို့မဖြစ်နိုင်တဲ့ တရားတော့မဟုတ်ဘူး။ အသိဉာဏ်အမျှော်အမြင်ကြီးကြတဲ့ သူတော်ကောင်းတွေသာ ကျင့်ကြံအားထုတ်နိုင်ကြတဲ့ သူတော်ကောင်းစွမ်းရည် တစ်ခုဖြစ်တယ်။ သူတော်ကောင်းစွမ်းရည်ဆိုကတည်းက အတော်အတန်စိတ်နေစိတ်ထားနဲ့ ပုထုဇန်တစ်ယောက်အတွက် ဒီမေတ္တာစစ်စစ်တရားကို ကျင့်ဖို့ အလွန်ကိုခက်ခဲနိုင်ဖွယ်ရှိပါတယ်။

အဓိကကတော့ မေတ္တာတရားစစ်စစ်နဲ့ ချစ်ကြတယ်ဆိုရင် စိုးရိမ်ကြောင့်ကျမှုတွေ အတင်းအဓမ္မမျော်လင့်နေရတဲ့ စိတ်ပင်ပန်းစရာ မျော်လင့်ချက်တွေ တစ်ယောက်အကျိုးကိုတစ်ယောက် အတင်းဇွတ်ဖြည်းပေးနေရတဲ့ စိတ်ပင်ပန်းစရာဖြည့်ဆည်းမှုတွေ လုံးဝလုံးဝမပါရပါဘူး။ အဲဒီလိုစိတ်အခြေအနေမျိုးတွေ မိမိရဲ့မေတ္တာဆိုတဲ့တရားထဲမှာပါဝင်နေပြီ ခံစားနေရပြီဆိုရင်တော့ အဲဒီမေတ္တာဟာ ဖြူစင်သန့်ရှင်းတဲ့ မေတ္တာစစ်စစ်တော့ မဟုတ်တော့ဘူး အဆိပ်သင့်နေတဲ့ မကျန်းမာမသန်စွမ်းတဲ့ မေတ္တာတရားမျိုးသာဖြစ်တယ်။ Continue reading “မေတ္တာစစ်စစ်ဆိုသည်မှာ”

အဆင်မပြေမှု အဆင်ပြေမှုနဲ့ ဝိပဿနာဆက်စပ်နေပုံနှင့် ဒီဘက်ခေတ်လူငယ်များနေထိုင်သင့်ပုံ

ဘဝတစ်ခုမှာ အဆင်ပြေမှုတွေများရင် ပေါ့တန်တန်နေထိုင်ဖို့ အကြောင်းဖြစ်နေတတ်တယ်။ အဆင်မပြေမှုတွေက လိုအပ်တာထက် မိမိစိတ်ကခံနိုင်ရည်ရှိတာထက် ပိုပြီးများနေပြန်ရင်လည်း စိတ်ရောဂါရပြီး တသက်လုံးစိတ်ဆင်းရဲကိုယ်ဆင်းရဲနေထိုင်ရတတ်တယ်။ အဆင်မပြေမှုဆိုတာရှိနေပြန်သော်လည်း မိဘတို့ရဲ့သားသမီးအပေါ် လိုအပ်တာထက်ပို၍ ချစ်မှုကများနေတော့ အရာရာကို ကိုယ့်သားသမီးလေးတွေမသိရလေအောင် ဖုံးကွယ်ပြီးစိတ်ချမ်းသာအောင် ထားတတ်ကြတော့ နောက်ဆုံး မိဘရောသားသမီးရော စိတ်ဆင်းရဲမှုကိုပဲ ခံစားရကာ ဘယ်လိုနေရမလဲလို့ အဆင်ပြေအောင်နေထိုင်နည်း လိုက်ရှာရတဲ့ သိဒ္ဓတ္ထမင်းသားလိုမျိုး ဖြစ်တတ်ပြန်တယ်။ Continue reading “အဆင်မပြေမှု အဆင်ပြေမှုနဲ့ ဝိပဿနာဆက်စပ်နေပုံနှင့် ဒီဘက်ခေတ်လူငယ်များနေထိုင်သင့်ပုံ”

ဆင်းရဲဝေဒနာနဲ့ မဆုတ်မနစ်ဆက်အားထုတ်မှုအကျိုး

တစ်ခါတလေမှာ တရားကြာကြာထိုင်ရှုရင်းကနေ အထိုင်ကိုအဆင်ပြေအောင်ထိုင်မထားသောကြောင့် ခြေသလုံးထဲကလို ခါးထဲကလို လကပြင်ထဲကလို အလွန်ခက်ထန်စူးရှတဲ့ ဆင်းရဲဝေဒနာဖြစ်ပေါ်တတ်ပါတယ်။ ဒီအခါမှာစိတ်ကို relax လုပ်ထားပြီး ဒီစူးရှတဲ့ဝေဒနာ ဘာကြောင့်ဖြစ်ရတာလဲ ဘယ်နားမှာဖြစ်နေတာလဲ အသေအချာလက်တွေ့ကျကျသိရပါမယ်။ သိအောင်လဲလုပ်ရပါမယ်။

ဘယ်နားကဖြစ်တယ် ဘာကြောင့်ဖြစ်တယ်ဆိုတာကိုသိတဲ့အခါ အသိဉာဏ်ဝင်လာပြီး အဆင်ပြေအောင်ဆက်ရှုနိုင်ပါတယ်။ ဒါပေမဲ့ ဒီမပြောပတဲ့ဝေဒနာလောက်ကြောင့်တော့ ကိုယ့်ရဲ့တရားထိုင်ရှုမှုဣရိယာပုထ်ကို အလွယ်တကူရပ်တန့်ပြောင်းလဲမပစ်သင့်ပါဘူး။ သမာဓိပျက်သွားပြီး တရားထိုင်လိုစိတ်အရည်အသွေးပါလျှော့ကျသွားတတ်ပါတယ်။ Continue reading “ဆင်းရဲဝေဒနာနဲ့ မဆုတ်မနစ်ဆက်အားထုတ်မှုအကျိုး”

ဒီနေ့ခေတ်ဗုဒ္ဓဘာသာနှင့် မြန်မာ့အခြေအနေ ကမ္ဘာအခြေအနေ မြန်မာလူငယ်တို့၏ အခန်းကဏ္ဍ

မိမိဖြစ်စေချင်သော ဗုဒ္ဓသာသနာတော်သည် အလွန်ခေတ်မီရုံမျှမက ခေတ်ရှေ့ကိုပင် ရောက်နှင့်နေသော သာသနာဖြစ်၍ ခေတ်ပညာတတ်လူငယ်များက ဦးဆောင်ဦးရွက်အပိုင်းက ပါဝင်စေချင်သည်။ ခေတ်ပညာတတ်လူငယ်များက အတွေးအမြင်သစ်တို့ဖြင့် ခေတ်မီမီနားလည်ကာ အသက်အရွယ်ကြီးရင့်ကုန်သော အဖိုးအဖွား ဦးကြီးဦးလေးအရွယ်တို့ကို တွဲခေါ်ရမည်။

ထိုသို့ဖြစ်စေရန် “တရားအလုပ် သာသနာပြုအလုပ်သည် လူကြှီးများနှင့်သာ သက်ဆိုင်သည် ငါတို့ကငယ်သေးသည် ငါတို့နှင့်သာသနာတော်ဆိုင်ရာအလုပ်များ မအပ်စပ်သေး”ဟူသော outdated idea ခေတ်မမီသော အယူအဆများကို စွန့်လွှတ်ပစ်ရမည်။ သို့မှသာ ခေတ်မီသောဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်လာကာ နိုင်ငံတကာနှင့်သတ္တိရှိစွာ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံနိုင်လိမ့်မည်။ Continue reading “ဒီနေ့ခေတ်ဗုဒ္ဓဘာသာနှင့် မြန်မာ့အခြေအနေ ကမ္ဘာအခြေအနေ မြန်မာလူငယ်တို့၏ အခန်းကဏ္ဍ”

ကိုယ်ကျင့်တရားနဲ့ ဘာသာတရားယုံကြည်မှု ဘယ်တစ်ခုကပိုအရေးကြီးလဲ

လူဆိုတဲ့သတ္တဝါဟာ ကြီးချင်ကြတယ်။ ကျယ်ချင်ကြတယ်။ နာမည်ကြီးချင်ကြတယ်။ နာမည်ကျော်ချင်ကြတယ်။ အဲဒီလိုနာမည်ကြီးသလောက်လည်း ဘယ်တော့မှတင်းတိမ်ရာင့်ရဲနိုင်တယ်လို့မရှိဘူး။ သို့သော်ကိုယ့်ရဲ့ကိုယ်ကျင့်တရားဆိုတဲ့အရည်အသွေးကို ဂရုမစိုက်ကြဘဲ ကြီးချင်သလိုကြီးတာ၊ ကျယ်ချင်သလိုကျယ်လာတာ၊ ကျော်ချင်သလိုကျော်တာမျိုးကတော့ သိပ်အဆင်မပြေပါဘူး။
ကိုယ်ကျင့်တရားဟာ ဘာသာတရားတစ်ခုကိုယုံကြည်ဖို့ထက် ပိုပြီးအရေးကြီးပါတယ်။ ဘယ်နိုင်ငံမှာနေနေ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ အလုပ်လုပ်နိုင်တဲ့သူတွေဟာ ကိုယ်ကျင့်တရားကောင်းမွန်သူတွေဖြစ်ပါတယ်။ အဲဒီလူတွေရဲ့ရုံကြည်ရာဘာသာတရားကတော့ တူချင်မှတူပါလိမ့်မယ်။ ဒီတော့ လူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားဟာ မိမိယုံကြည်ရာ ဘာသာတရားတစ်ခုထက် ပိုပြီးအရေးကြီးတယ်ဆိုတာထင်ရှားပါတယ်။ Continue reading “ကိုယ်ကျင့်တရားနဲ့ ဘာသာတရားယုံကြည်မှု ဘယ်တစ်ခုကပိုအရေးကြီးလဲ”

တရားအားထုတ်ခြင်းသည် ဆရာဝန်ညွှန်ကြားသော စားဆေးထိုးဆေးများ၊ ဓာတ်စာများကို ပုံမှန်စားသုံးရသည်နှင့်တူညီပုံ

တကယ်တော့ တရားအားထုတ်တယ်ဆိုတာဟာ ရောဂါတစ်ခုခုဖြစ်ပြီး ကျန်းမာရေးမကောင်းလို့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးစားရတဲ့ လူနာနဲ့တူပါတယ်။ မိမိလက်ရှိခံစားနေရတဲ့ ဝေဒနာမြန်မြန်သက်သာပျောက်ကင်းမှသာ စိတ်ချမ်းသာမယ်ဆိုတာကိုလည်း လူနာကသိထားပါတယ်။ ဒီတော့ စိတ်ချမ်းသာချင်ဇော ကျန်းမာရေးမြန်မြန်ကောင်းချင်ဇောနဲ့ နေ့စဉ်နာရီအလိုက် နေ့အလိုက် စားဖို့ထိုးဖို့ပေးထားတဲ့ ပုံမှန်စားဆေးထိုးဆေးတွေကို တစ်နေ့တည်းအကုန်စားလိုက်လို့ ကျန်းမာရေးကောင်းသွားမှာ မှမဟုတ်ဘဲ။ ပုံမှန်ကိုလမ်းညွှန်တဲ့အတိုင်းစားနေရမှာပါ။ လချီပြီးနှစ်ချီပြီးလည်းကြာချင်ကြာမှာပေါ့။ Continue reading “တရားအားထုတ်ခြင်းသည် ဆရာဝန်ညွှန်ကြားသော စားဆေးထိုးဆေးများ၊ ဓာတ်စာများကို ပုံမှန်စားသုံးရသည်နှင့်တူညီပုံ”