လူဆိုတဲ့သတ္တဝါဟာ ကြီးချင်ကြတယ်။ ကျယ်ချင်ကြတယ်။ နာမည်ကြီးချင်ကြတယ်။ နာမည်ကျော်ချင်ကြတယ်။ အဲဒီလိုနာမည်ကြီးသလောက်လည်း ဘယ်တော့မှတင်းတိမ်ရာင့်ရဲနိုင်တယ်လို့မရှိဘူး။ သို့သော်ကိုယ့်ရဲ့ကိုယ်ကျင့်တရားဆိုတဲ့အရည်အသွေးကို ဂရုမစိုက်ကြဘဲ ကြီးချင်သလိုကြီးတာ၊ ကျယ်ချင်သလိုကျယ်လာတာ၊ ကျော်ချင်သလိုကျော်တာမျိုးကတော့ သိပ်အဆင်မပြေပါဘူး။
ကိုယ်ကျင့်တရားဟာ ဘာသာတရားတစ်ခုကိုယုံကြည်ဖို့ထက် ပိုပြီးအရေးကြီးပါတယ်။ ဘယ်နိုင်ငံမှာနေနေ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ အလုပ်လုပ်နိုင်တဲ့သူတွေဟာ ကိုယ်ကျင့်တရားကောင်းမွန်သူတွေဖြစ်ပါတယ်။ အဲဒီလူတွေရဲ့ရုံကြည်ရာဘာသာတရားကတော့ တူချင်မှတူပါလိမ့်မယ်။ ဒီတော့ လူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားဟာ မိမိယုံကြည်ရာ ဘာသာတရားတစ်ခုထက် ပိုပြီးအရေးကြီးတယ်ဆိုတာထင်ရှားပါတယ်။
မိမိယုံကြည်ချင်ရာကိုယုံပါ။ အစွန်းမထွက်ပါနဲ့။ ကိုယ်ကျင့်တရားအပေါ် အခြေခံပြီး ဘာသာတရားတိုင်းနဲ့ အဆင်ပြေအောင်နေထိုင်တတ်ကြပါစေ။ ကိုယ်ကျင့်တရားဆိုတာ ဗုဒ္ဓဘာသာတရားတော်အရဆိုရင် “မကောင်းမှုတွေကိုရှောင်ပြီး ကောင်းမှုတွေကိုဆောင်”ခိုင်းတာဖြစ်ပါတယ်။ သီလကိုကောင်းစွာထိမ်းသိမ်းခိုင်းတာဖြစ်ပါတယ်။ သီလဆိုတဲ့ကိုယ့်ကျင့်တရားမကောင်းဘဲ ဘုရားပဲတည်တည် ဗလီပဲဆောက်ဆောက် church ပဲလုပ်လုပ် သိပ်အဆင်မပြေဘူးထင်ပါတယ်။ သိပ်ပြီးရိုးရာမဆန်ကြနဲ့ သိမ်ပြီးအစွန်းမထွက်ကြနဲ့။ လက်တွေ့ကျကျစဉ်းစားပြီး လုပ်သင့်တာလုပ်တာကို သူတော်ကောင်းလို့ခေါ်ပါတယ်။