အရှင်ဘုရား ဗုဒ္ဓဘာသာအရ ငရဲရှိတယ်လို့ဆိုကြပါတယ်။ ငရဲဆိုတာဘယ်လိုဟာမျိုးလဲဘုရား။ အရှင်ဘုရားတို့ရော ငရဲဆိုတာကို ယုံကြည်ပါသလားဘုရားတဲ့။ တကယ်တော့ ဗုဒ္ဓဘာသာမှာ သင်ပြထားတဲ့ငရဲဆိုတာက ဘုရားဖန်ဆင်းထားတာမဟုတ်ပါဘူး။ အကုသိုလ်အတွေး အကုသိုလ်အပြော အကုသိုလ်အပြုအမူတွေကို လုပ်လေ့ရှိသူတွေက သူတို့အတွက်သူတို့ ဖန်ဆင်းကြတာပါ။ အကုသိုလ်အတွေး အကုသိုလ်အပြော အကုသိုလ်အပြုအမူ လုပ်လေ့မရှိသူတွေအတွက်ကတော့ ဒီငရဲက ပိတ်ချပြီးသား