My committee is working for the electricity supply to My Forest Theravada Buddhist Vipassana Movement. October Retreat starts in October 16 and ends in October 23rd, 2016. Most of them are quite busy to prepare for Thitsarmyain October Retreat. The most important one this October retreat is electricity. Nowadays, the electricity is an important part of life everywhere in the world. Continue reading “The day of electricity for Thitsarmyain Buddhist Forest Tradition”
Asides
အရှင်ဘုရား တကယ်လို့ ကိုယ်ကမေတ္တာထားသော်လည်း တဘက်ကကိုယ့်ရဲ့မေတ္တာတရားကိုတန်ဖိုးမထားတတ်သူတွေနဲ့ တွေ့ရတဲ့အခါ မေတ္တာပွါးလို့ခက်ပါတယ်။ ဒီလိုမျိုးကို ဘယ်လိုမေတ္တာပွါးရပါမလဲဘုရား။
အလွန်ကောင်းတဲ့မေးခွန်းပါ။ တွေ့ကြုံတတ်တဲ့ အခြေအနေတစ်ရပ်လည်းဖြစ်ပါတယ်။ တကယ့်သူတော်ကောင်းအစားစားကျင့်သုံးကြတဲ့ မေတ္တာအစစ်ဆိုတာက သူတပါးတွေကို သတ္တဝါတွေကို စိတ်ရောကိုယ်ပါ ချမ်းသာစေချင်တာ ကောင်းကျိုးချမ်းသာတွေနဲ့ ပျော်ရွှင်ကြည်နူးနေစေချင်တဲ့ မေတ္တာစိတ်မျိုးပါ။ ဒီလိုမျိုးစိတ်ထားနဲ့ပွားများကျင့်သုံးနေမှသာ မေတ္တာစစ်စစ်ဖြစ်မှာပါ။
တကယ်တော့ မေတ္တာစစ်ဆိုတဲ့ တကယ့်သူတော်ကောင်းနှလုံးသားအစစ်ထဲက သူတော်ကောင်းတရားဟာ တဘက်လူက သူထားတဲ့မတ္တာတရားကို တန်ဖိုးထားသည်ဖြစ်စေ တန်ဖိုးမထားသည်ဖြစ်စေ တုံ့ပြန်ပြုမူသည်ဖြစ်စေ မတုံ့ပြန်သည်ဖြစ်စေ သိပ်ပြီးတော့ သက်ဆိုင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မေတ္တာစစ်စစ်ဟာ ရန်သူကိုရောမိတ်ဆွေကိုပါ တန်းတူထားနိုင်တဲ့ စိတ်ဓာတ်အရည်အသွေးတစ်ခု ဖြစ်နေလို့ဖြစ်ပါတယ်။ အလွန်မြင့်တဲ့စိတ်ဓာတ်အရည်အသွေးတစ်ခုပါ။ Continue reading “အရှင်ဘုရား တကယ်လို့ ကိုယ်ကမေတ္တာထားသော်လည်း တဘက်ကကိုယ့်ရဲ့မေတ္တာတရားကိုတန်ဖိုးမထားတတ်သူတွေနဲ့ တွေ့ရတဲ့အခါ မေတ္တာပွါးလို့ခက်ပါတယ်။ ဒီလိုမျိုးကို ဘယ်လိုမေတ္တာပွါးရပါမလဲဘုရား။”
What shell we do before we die?
We should love each other before we die
By wisely reducing our ego and pride.
Moral shame and fear are destroyed by raising ego and pride.
Sense of respect to the parents and teachers is also ruined.
Finally, we must all die carrying our own pain and suffering,
and leaving our own faith and belief.
So we should love each other before we die
regardless of faith, belief, races and so on.
Life and Love
Actually, life is so hard to exist without true love. True love should be grown in the bottom of the heart with its authentic values but not on the lips with just so-called sweet words that can please a person at the moment. Then, what is the authentic values of love? The authentic values of love may be mutual care, attention, respect, understanding and forgiveness to each other’s faults and failings when one feels something wrong to the action of another. Continue reading “Life and Love”
The Difference Between Buddhism and Religion
Religion makes conversion.
Conversion makes quantity.
Quantity makes competition.
Competition makes the faithful think of war.
War needs weapons.
Weapons need money.
Money needs business people.
Business people create capitalism.
Capitalism destroys sense of democracy.
Democracy needs wise people.
Wise people want to live peacefully and happily in their own individual and communal dignity. Continue reading “The Difference Between Buddhism and Religion”
အဆင်မပြေမှု အဆင်ပြေမှုနဲ့ ဝိပဿနာဆက်စပ်နေပုံနှင့် ဒီဘက်ခေတ်လူငယ်များနေထိုင်သင့်ပုံ
ဘဝတစ်ခုမှာ အဆင်ပြေမှုတွေများရင် ပေါ့တန်တန်နေထိုင်ဖို့ အကြောင်းဖြစ်နေတတ်တယ်။ အဆင်မပြေမှုတွေက လိုအပ်တာထက် မိမိစိတ်ကခံနိုင်ရည်ရှိတာထက် ပိုပြီးများနေပြန်ရင်လည်း စိတ်ရောဂါရပြီး တသက်လုံးစိတ်ဆင်းရဲကိုယ်ဆင်းရဲနေထိုင်ရတတ်တယ်။ အဆင်မပြေမှုဆိုတာရှိနေပြန်သော်လည်း မိဘတို့ရဲ့သားသမီးအပေါ် လိုအပ်တာထက်ပို၍ ချစ်မှုကများနေတော့ အရာရာကို ကိုယ့်သားသမီးလေးတွေမသိရလေအောင် ဖုံးကွယ်ပြီးစိတ်ချမ်းသာအောင် ထားတတ်ကြတော့ နောက်ဆုံး မိဘရောသားသမီးရော စိတ်ဆင်းရဲမှုကိုပဲ ခံစားရကာ ဘယ်လိုနေရမလဲလို့ အဆင်ပြေအောင်နေထိုင်နည်း လိုက်ရှာရတဲ့ သိဒ္ဓတ္ထမင်းသားလိုမျိုး ဖြစ်တတ်ပြန်တယ်။ Continue reading “အဆင်မပြေမှု အဆင်ပြေမှုနဲ့ ဝိပဿနာဆက်စပ်နေပုံနှင့် ဒီဘက်ခေတ်လူငယ်များနေထိုင်သင့်ပုံ”
ဆင်းရဲဝေဒနာနဲ့ မဆုတ်မနစ်ဆက်အားထုတ်မှုအကျိုး
တစ်ခါတလေမှာ တရားကြာကြာထိုင်ရှုရင်းကနေ အထိုင်ကိုအဆင်ပြေအောင်ထိုင်မထားသောကြောင့် ခြေသလုံးထဲကလို ခါးထဲကလို လကပြင်ထဲကလို အလွန်ခက်ထန်စူးရှတဲ့ ဆင်းရဲဝေဒနာဖြစ်ပေါ်တတ်ပါတယ်။ ဒီအခါမှာစိတ်ကို relax လုပ်ထားပြီး ဒီစူးရှတဲ့ဝေဒနာ ဘာကြောင့်ဖြစ်ရတာလဲ ဘယ်နားမှာဖြစ်နေတာလဲ အသေအချာလက်တွေ့ကျကျသိရပါမယ်။ သိအောင်လဲလုပ်ရပါမယ်။
ဘယ်နားကဖြစ်တယ် ဘာကြောင့်ဖြစ်တယ်ဆိုတာကိုသိတဲ့အခါ အသိဉာဏ်ဝင်လာပြီး အဆင်ပြေအောင်ဆက်ရှုနိုင်ပါတယ်။ ဒါပေမဲ့ ဒီမပြောပတဲ့ဝေဒနာလောက်ကြောင့်တော့ ကိုယ့်ရဲ့တရားထိုင်ရှုမှုဣရိယာပုထ်ကို အလွယ်တကူရပ်တန့်ပြောင်းလဲမပစ်သင့်ပါဘူး။ သမာဓိပျက်သွားပြီး တရားထိုင်လိုစိတ်အရည်အသွေးပါလျှော့ကျသွားတတ်ပါတယ်။ Continue reading “ဆင်းရဲဝေဒနာနဲ့ မဆုတ်မနစ်ဆက်အားထုတ်မှုအကျိုး”
ဒီနေ့ခေတ်ဗုဒ္ဓဘာသာနှင့် မြန်မာ့အခြေအနေ ကမ္ဘာအခြေအနေ မြန်မာလူငယ်တို့၏ အခန်းကဏ္ဍ
မိမိဖြစ်စေချင်သော ဗုဒ္ဓသာသနာတော်သည် အလွန်ခေတ်မီရုံမျှမက ခေတ်ရှေ့ကိုပင် ရောက်နှင့်နေသော သာသနာဖြစ်၍ ခေတ်ပညာတတ်လူငယ်များက ဦးဆောင်ဦးရွက်အပိုင်းက ပါဝင်စေချင်သည်။ ခေတ်ပညာတတ်လူငယ်များက အတွေးအမြင်သစ်တို့ဖြင့် ခေတ်မီမီနားလည်ကာ အသက်အရွယ်ကြီးရင့်ကုန်သော အဖိုးအဖွား ဦးကြီးဦးလေးအရွယ်တို့ကို တွဲခေါ်ရမည်။
ထိုသို့ဖြစ်စေရန် “တရားအလုပ် သာသနာပြုအလုပ်သည် လူကြှီးများနှင့်သာ သက်ဆိုင်သည် ငါတို့ကငယ်သေးသည် ငါတို့နှင့်သာသနာတော်ဆိုင်ရာအလုပ်များ မအပ်စပ်သေး”ဟူသော outdated idea ခေတ်မမီသော အယူအဆများကို စွန့်လွှတ်ပစ်ရမည်။ သို့မှသာ ခေတ်မီသောဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်လာကာ နိုင်ငံတကာနှင့်သတ္တိရှိစွာ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံနိုင်လိမ့်မည်။ Continue reading “ဒီနေ့ခေတ်ဗုဒ္ဓဘာသာနှင့် မြန်မာ့အခြေအနေ ကမ္ဘာအခြေအနေ မြန်မာလူငယ်တို့၏ အခန်းကဏ္ဍ”
လွယ်ကူသက်သာ English Grammar

ဤ Phoetic Symbols များကို လေ့လာသည့်အခါ ဆရာနှင့် လက်ပွန်းတတည်း မျက်စိအမြင်၊ နားအကြား အားလုံးလေ့လာမှသာ အကောင်းဆုံး ဖြစ်ပါသည်။ ယခု Phonetic Symbols များကို ရေးပြခြင်း၊ မြန်မာ အသံထွက်များဖြင့် စီမံရခြင်းသည် မိမိ၏ တပည့်များမှ ဝိုင်းဝန်းတောင်းဆိုကြ၍ ပြုလုပ်ရသော်လည်း မိမိစိတ်ထဲ၌ ကိုယ်တိုင် whiteboard ပေါ်မှာ ရေးပြ၍ အသံထွက်ပြရခြင်းလောက် ကျေနပ်မှုမရှိ၊ အရသာမလာပေ။ သို့သော်လည်း မိမိသည် တောထဲရောက်နေ၍ တပည့်များက တောင်းဆိုကြသောကြောင့်သာ စေတနာ မေတ္တာ ရှေ့ထား၍ ရေးပြရခြင်း ဖြစ်ပေသည်။ အချို့အသံများကို မြန်မာအသံနှင့် ထွက်ပြရသည်မှာ လွန်စွာမှ ဝန်လေးလှပါ၏။ အကြောင်းမှာ ဆရာလွတ်လေ့လာရာ၌ မှားယွင်းမှုများ ဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။
မိမိသည် “လွယ်ကူသက်သာ English Grammar” စာအုပ်ကို ပညာရှင်များအတွက် ထုတ်ဝေခြင်းမဟုတ်ကြောင်း ရှေးဦးစွာ ဝန်ခံအပ်ပါသည်။ ထို့ကြောင့် ပညာရှင်များအနေဖြင့် အမှားတွေ့ခဲ့သော် ပြုပြင်နားလည်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။
မိမိသည် ၁၉၉၉ ရှေ့ပိုင်း (၅)နှစ်ခန့်မျှ စာစောင်လေးများကို လက်ရေးမူဖြင့် ရေးသားကာ စာလိုက်သူများအား မိမိ၏လက်ရေးမူဖြင့် ရေးထားသော English Grammar စာစောင်လေးများကို မိတ္တူကူးစေ၍ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း၌ လူကျောင်းသား ရဟန်းကျောင်းသားများကို အင်္ဂလိပ်သဒ္ဒါကို လွယ်ကူသက်သာစွာ နားလည်စေရန် ရည်ရွယ်၍ ဆရာတော်များ၊ အထူးသဖြင့် နာယကချုပ်ဆရာတော်ဘုရားကြီး၏ တိုက်တွန်းချက်ဖြင့် စိတ်ရှည်လက်ရှည် ပို့ချသင်ပြပေးခဲ့ပါသည်။ ထိုကျောင်းသားများမှာလည်း ယခုအခါ လူကျောင်းသားများ ဘွဲ့ရ အလုပ်ဝင် ဆရာ ဆရာမ နည်းပြစသည် ဖြစ်ကြကုန်ပြီ။
ရဟန်းသံဃာ ကျောင်းသားတပည့်များမှာလည်း ဓမ္မာစရိယ စာချဆရာတော်များ ဖြစ်ရုံမက ယခုအခါ အချို့ နိုင်ငံခြားတက္ကသိုလ်များ၌ပင် ပညာဆည်းပူးနေကြပေပြီ။ ထိုထိုတပည့်များနှင့် ပြန်တွေ့တိုင်း “ဘုန်းကြီး English Grammar စာအုပ် မထွက်သေးဘူးလားဘုရား” ဟူသော မေးခွန်းကို မိမိ မကြာမကြာ ရင်ဆိုင်ရပါသည်။ ယခုအခါ၌ မိမိလည်း တောရကျင့်စဉ်ကို ကြိုက်နှစ်သက်၍ တောရဆောက်တည်နေပြီ ဖြစ်ပါသည်။ စာချမှုကို ရပ်ဆိုင်းထား၍ တပည့်များ၏ဆန္ဒကို ဖြည့်ဆည်းပေးရန် အလို့ငှာ စုစုပေါင်း နှစ်ပေါင်း ၁၅-၁၆နှစ်ခန့် သင်ပြပေးခဲ့သော အင်္ဂလိပ်သင်ခန်းစာများကို “လွယ်ကူသက်သာ English Grammar” ဟူသော ခေါင်းစဉ်ဖြင့် စာအုပ် ထုတ်ဝေရန် ကြိုးစားခဲ့ရပါသည်။
ဗုဒ္ဓဘာသာနှင့် ဒီမိုကရေစီ

အနာဂတ်ဟူသည် အကောင်းဆုံးအိပ်မက်များကို မက်ခြင်းမှတပါး အခြားဘာမှမရှိပေ။
အတိတ်ကို သင်ခန်းစာယူလျှက် ပစ္စုပ္ပန်အတွက် အထောက်အကူဖြစ်ပါစေ။
အနာဂတ်အတွက် အကောင်းဆုံးအိပ်မက်များသည်လည်း ပစ္စုပ္ပန်အတွက် အထောက်အကူဖြစ်ပါစေ။
အသိဉာဏ်ရင့်ကျက်မှုအတွက် အတိတ်ကို သင်ခန်းစာယူဖြစ်အောင် ယူပါ။
အနာဂတ်အတွက်လည်း အကောင်းဆုံးအိပ်မက်တွေ မက်ပါ။
သို့သော်လည်း အိပ်မက်တွေက အလွှမ်းမိုးမခံရပါစေနှင့်။
ပစ္စုပ္ပန်သည်သာ အရေးအပါဆုံးနှင့် လက်တွေ့အကျဆုံး ဖြစ်၏။
ပစ္စုပ္ပန်ကဲ့သို့သော အချိန်ကောင်း မရှိပေ။
အခုသာလုပ်ပါတော့။ သင့်အတွက် အကောင်းဆုံးတွေ ဖြစ်စေမှာပါ။
ဗုဒ္ဓဘာသာ၏ နောက်ဆုံးပန်းတိုင်သည်ကား စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုတည်း။
ထိုကဲ့သို့သော လွတ်လပ်မှုအတွက် မိမိတို့သည် လုံးဝလွတ်လပ်မှုကို လိုအပ်၏။
ဗုဒ္ဓဘာသာက မိမိတို့အား အပြစ်တင်ကဲ့ရဲ့မှုတွေ မပါစေဘဲ အရာရာကို အရှိကိုအရှိအတိုင်း ရှုမြင်တတ်ရန် သင်ပြထား၏။
သို့သော်လည်း မိမိတို့သည်ကား ဗုဒ္ဓဘာသာဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ အပြစ်တင်ကဲ့ရဲ့တတ်ပေ၏။
လေ့ကျင့်မှုသည် အကောင်းဆုံးဆရာဖြစ်၍ လေ့ကျင့်မှုသည်သာ ပြည့်စုံစေ၏ဟု မိမိတို့ သိကြပြီး ဖြစ်ပေ၏။
လွတ်လပ်မှုဟူသည် ဒီမိုကရေစီစနစ်၏ အခြေခံသဘောတရား ဖြစ်ပေ၏။
လုံးဝလွတ်လပ်မှုကို သင်ပြလေ့ကျင့်ပေးနေသော ဗုဒ္ဓဘာသာသည် ဘယ်သောအခါမျှ ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက် ဖြစ်လိမ့်မည်မဟုတ်ပေ။
ယခုဤစာအုပ်၌ ဗုဒ္ဓဘာသာနှင့် နှိုင်းယှဉ်လျှက် လက်တွေ့ကျသော ဘာသာရေးအသိများ၊ လူမှုရေးအသိများ၊ နိုင်ငံရေးအသိများ၊ နိုင်ငံတကာအတွေးအမြင်များ၊ ဒီမိုကရေစီဆိုင်ရာအသိများ လေ့လာရရှိကြလိမ့်မည်ဟု မိမိစာရေးသူ အနေဖြင့် မျှော်လင့်မိပေ၏။ ဦးဇာဂနာ ပြောခဲ့သည်မှာလည်း လူငယ်လေးများအား ဖတ်စေချင်သည်ဟု ဆိုခဲ့ပေ၏။ အထူးသဖြင့် ယနေ့ခေတ် လူငယ်လေးများ ပညာတတ်များ ပိုမို၍ ဖတ်ရှုမှတ်သားသင့်၏ဟု ထင်မြင်မိပေ၏။ ဖတ်ရင်းမှတ်ရင်း မိမိစာရေးသူ မျှော်လင့်သကဲ့သို့ အသိဉာဏ် ဗဟုသုတများ တိုးပွားခဲ့သည်ဆိုက မိမိစာရေးသူအနေဖြင့် အလွန်ဝမ်းမြောက် ဝမ်းသာ ဖြစ်မိမည်မှာ မေးခွန်းမေးစရာ မလိုလောက်အောင် မှန်ကန်ပေလိမ့်မည် ဖြစ်၏။