မေတ္တာတရားသိပ္ပံနည်းကျမကျ ပို့လွှတ်ကရမရ ဉာဏ်ဖြင့်ဆင်ချင်သင့်ပုံ

မေတ္တာတရားသိပ္ပံနည်းကျမကျ ပို့လွှတ်ကရမရ ဉာဏ်ဖြင့်ဆင်ချင်သင့်ပုံ

ဒီမနက် ၄ နာရီမှ ၅း၃၀ နာရီအတွင်း မိမိသိပ္ပံနည်းကျ လွှင့်ထုတ်လိုက်သော မေတ္တာဓာတ်များသည် ECG wave များကဲ့သို့ သင့်တို့တစ်ဦးစီထံသို့ဦးတည်သွားကြ၏။ သင်တို့၏ receiver ကောင်းလျှင် ထိုမေတ္တာဓာတ်ကို ဖမ်းယူရရှိပေလိမ့်မည်။ သင်တို့၏ receiver သည် သင်တို့အတွက် ထိုမေတ္တာဓာတ်ထုတ်လွှတ်ပေးရာ sender station 🚉 နှင့် WiFi ချိတ်သလို ကွက်တိချိတ်မိနေဖို့တော့ လိုအပ်ပေ၏။ အချိန်ကြာလာသည်နှင့်အမျှ သင်တို့လက်ခံရရှိလာသည်ဟု စတင်သိရှိလာနိုင်ပေ၏။

သို့မဟုတ်က ဗုဒ္ဓသင်ပြသော မေတ္တာပို့သနည်းသည် အချီးနှီးဖြစ်သွားစရာရှိပေ၏။ အမှန်ဆိုလျှင် ဗုဒ္ဓသင်ပြသော မေတ္တာပို့သနည်းသည်အချီးနှီးမဖြစ်တန်ရာ။ မိမိတို့ sender များ receiver များ quality မကောင်းအရည်အသွေးမမီသောကြောင့်သာ မေတ္တာဓာတ်သည် ဘယ် receiver ထံကိုဝင်ရမည်ဟုရှာမတွေ့ခဲ့သော် receiver ၏ WiFi ဖြင့်မချိတ်ဆက်မိခဲ့သော် လမ်းတွင်အချီးအနှီးဖြစ်သွားနိုင်စရာရှိပေ၏။

receiver အများစု၏ WiFi သည် မေတ္တာတရားအာရုံနှင့်မချိတ်ဆက်မိဘဲ လောဘအာရုံ ဒါသအာရုံ မောဟအာရုံ မာနအာရုံ ဣဿာမစ္ဆရိယအာရုံ အစရှိသည်တို့နှင့်သာ ချိတ်ဆက်မိနေသည်ကများနိုင်ဘွယ်ရှိပေ၏။ ထို့ကြောင့် receiver များသည် ထိုလောဘဒေါသမောဟမာန စသည့်အပူဓာတ်သဘာဝများကိုသာ လက်ခံရရှိနေသည်ကများနိုင်ဘွယ်ရှိပေ၏။ အအေးဓာတ်ဖြစ်သော မေတ္တာဓာတ်သဘာဝကိုရရှိလိုက သင်တို့၏ receiver ကို မနက်စောစော အိပ်ယာထထချင်း မေတ္တာအာရုံနှင့် ချိတ်မိဆက်မိအောင် တည့်တည့်ထားကြပါကုန်။

အမှန်ဆိုရသော် သင်တို့၏နေ့စဉ်ဘဝအလုပ်အကိုင်များ ပေါင်းသင်းဆက်ဆံရေးများ အဖုအထစ်မရှိပြေလည်စေဖို့ ဘေးအန္တရာယ်ကင်းရှင်းဖို့ သင်တို့အတွက်မေတ္တာစွမ်းအား အအေးဓာတ်သဘာဝလိုအပ်ပေ၏။ ဒေါသမလိုအပ်ပေ။ ဤကားသိပ္ပံနည်းကျ ဗုဒ္ဓအလိုကျ မေတ္တာတရားထုတ်လွှတ်ပို့သနည်း မေတ္တာအအေးဓာတ်သဘာဝကို စနစ်တကျလက်ခံရယူနည်းဖြစ်ပေ၏။ အပ္ပမာဒေန သမ္ပာဒေထ။

မေး။ ။ အရှင်ဘုရား–လမ်းလျှောက်၍ မေတ္တာပို့လို့ရရဲ့လားဘုရား? တပလ္လင်ခွေထိုင်ပြီးတော့ပဲမေတ္တာပို့ရမှာလား?

မေး။ ။ အရှင်ဘုရား–လမ်းလျှောက်၍ မေတ္တာပို့လို့ရရဲ့လားဘုရား? တပလ္လင်ခွေထိုင်ပြီးတော့ပဲမေတ္တာပို့ရမှာလား?

Q: Venerable Sir, can we do loving-kindness meditation Mettāhhāvanā by walking or just in sitting posture?

အဖြေ။ ။ကျမ်းဂန်နဲ့ညှိုကြည့်ရအောင်နော်။ ကျမ်းဂန်နှင့်ညှိုရင် အဖြေထွက်လာမှာပါ။

According to Mettā Sutta, we can do loving-kindnesses meditation Mettāhhāvanā by walking, sitting, standing and by reclining. The most important thing you have to do is that you have to steadily develop the mind of love, Mettā to unconditionally send it to all living creatures for their benefits and happiness. At that time, you should not discriminate between friends and enemies so that your loving-kindness becomes powerful.

“တိဋ္ဌံ စရံ နိသိန္နောဝ၊ သယာနော ယာဝ.တာသ ဝိတမိဒ္ဓော။
ဧတံသတိံ အဓိဋ္ဌေယျ၊ ဗြဟ္မမေတံ ဝိဟာ.ရမိ.ဓမာဟု”။ ဒါက မေတ္တာသုတ်လာကျမ်းဂန်အဆိုပါ။ ဗုဒ္ဓကိုယ်တော်တိုင်ဟောထားတာပါ။ သူ့အဓိပ္ပါယ်လေးကိုလည်းမကျယ်မကျဉ်း လေ့လာကြည့်ကြရအောင်။

တိဋ္ဌံ တိဋ္ဌန္တော ဝါ-ရပ်နေစဉ်သော်လည်းကောင်း၊ စရံ စရန္တော ဝါ-လမ်းလျှောက်နေစဉ်သော်လည်းကောင်း၊ နိသိန္နော ဝါ-ထိုင်နေစဉ်သော်လည်းကောင်း၊ သယာနော ဝါ-အိပ်နေစဉ်သော်လည်းကောင်းယာဝတာ- အကြင်သို့သောကာလပတ်လုံး ဝိတမိဒ္ဓေါ-အိပ်ချင်ငိုက်မြည်းထိနမိဒ္ဓကင်းစင်နေသည် အဿ-ဖြစ်ရာ၏။ တာဝတာ-ထိုမျှထိနမိဒ္ဓကင်းစင်နေသောကာလပတ်လုံး ဧတံသတိံ-ဤမေတ္တာဖြင့်နေထိုင်သောသတိတရားကို အဓိဋ္ဌေယျ-အဓိဋ္ဌာန်ခိုင်ခိုင်စိတ်မယိုင်အောင် စွဲစွဲမြဲမြဲပွားများအားထုတ်ရာ၏။ ဣဓ-ဤဗုဒ္ဓမြတ်စွာ သာသနာတော်၌ ဧတံသတိံ-ဤမေတ္တာပွားများသတိထား၍နေထိုင်ခြင်းကို၊ ဗြဟ္မဝိဟာရံ-အရိယာနေဗြဟ္မာနေသို့ စိတ်နေသန့်ရှင်း ကောင်းမြတ်သောနေထိုင်ခြင်းဟူ၍ အာဟု-ဗုဒ္ဓစသည်အရိယာမည်ရသူတော်ကောင်းတို့က တစ်သံတည်းဆိုကြကုန်၏။

မေတ္တာဘာဝနာပွားများသူသည် ပွားများချိန်၌ သွားခြင်းရပ်ခြင်းထိုင်ခြင်းလျှောင်းခြင်းဟူသော ဣရိယာပုထ်လေးပါးတစ်ပါးပါးတွင် ပွားများနိုင်ကြောင်းဆိုထား၏။ တင်ပလ္လခွေထိုင်၍မျက်စိမှိတ်ကာထိုင်လျှက်ဣယာပုထ်ဖြင့်သာ ပွားရမည်မဟုတ်ပေ။ ရပ်နေနေ လမ်းလျှောက်နေနေ အိပ်ယာထဲလှဲနေနေ မေတ္တာပွားပို့နေသောသတိသာ မလွတ်ကင်းစေဘဲပွားရန် မေတ္တာသုတ်တွင်ဗုဒ္ဓကိုယ်တိုင်ညွှန်ပြတော်မူထားပေ၏။ ဘုန်းဘုန်းဆိုလျှင် ထိုင်နာရီဝက် လမ်းလျှောက်တစ်နာရီပွားများလေ့ရှိ၏။

ဤသို့မေတ္တာပွားများနေသောအချိန်သည် ဗြဟ္မာကြီးများလို မြင့်မြတ်သောသူတို့၏နေထိုင်ခြင်းဟုမိန့်တော်မူထားပေ၏။ ထို့ကြောင့်မေတ္တာတရားဖြင့်နေထိုင်ခြင်းကို ဗြဟ္မဝိဟာရတရားဖြင့်နေထိုင်ခြင်းဟုခေါ်ရပေ၏။

ဤကား လမ်းလျှောက်၍ မေတ္တာပွားရင်ရပါသလားဟူသော မေးခွန်းကိုကျမ်းဂန်နှင့်အညီဖြေကြားခြင်းတည်း။ ဗုဒ္ဓတရားတော်အရ စိတ်ထိုင်နေဖို့လိုရငါးဖြစ်၏။ ရုပ်ကတင်ပလ္လင်ခွေထိုင်နေသော်လည်း စိတ်ကလျှောက်သွားနေလျှင် တရားထိုင်သည်မခေါ်နိုင်ပေ။ ရုပ်ကလမ်းလျှောက်နေသော်လည်း စိတ်ကတရားအားရုံတစ်ခုမှာ ငြိမ်နေအောင်နေလျှင် တရားအားထုတ်သည်မည်၏။

ဥပမာ။ ။ လမ်းလျှောက်နေရင်းနဲ့ပင် “အမေကျမ်းမာချမ်းသာပါစေ။ အမေ့လိုသတ္တဝါအနန္တလည်း ကျန်းမာချမ်းသာပါစေ”။ လို့ ဤဝါကျလေးနှစ်ကြောင်းလောက်ကိုပင် ထပ်ခါထပ်ခါစိတ်မလွင့်စေဘဲ စိတ်ကိုငြိမ်ပြီး အမေနဲ့သတ္တဝါအနန္တအပေါ်စိတ်ငြိမ်ပြီးမေတ္တာစိတ်ဖြစ်နေမယ်ဆိုရင် လမ်းလျှောက်ရင်း ရထားပေါ်ကားပေါမှာထိုင်နေရင်းလဲ တစ်နာရီပို့တစ်နာရီမေတ္တာပို့လို့ရနေပါပြီ။

ဘုန်းကြီးတစ်ပါးရဲ့ကာယကံဝစီကံမနောကံတွေဟာ ဘယ်လိုဖြစ်သင့်လဲ

ဘုန်းကြီးတစ်ပါးရဲ့ကာယကံဝစီကံမနောကံတွေဟာ ဘယ်လိုဖြစ်သင့်လဲ

ဘုန်းကြီးစိတ်ဟာ လောကသားအပေါင်း ငြိမ်းချမ်းစေမယ့် တရားအတွေးလေးတွေကိုတွေးကြံနေမှသာ မင်္ဂလာကျက်သရေရှိတယ်။ ဘုန်းကြီးပါးစပ်ဟာ လောကသားအပေါင်း ကိလေသာငြိမ်းအေးကြောင်း တရားစကားလေးတွေကို ပြောဆိုနေမှသာ မင်္ဂလာကျက်သရေရှိတယ်။ ဘုန်းကြီးခန္ဓာကိုယ်ဟာ လောကသားအပေါင်း ငြိမ်းချမ်းစေမယ့် တရားအလုပ်ကလေးတွေလုပ်နေမှသာ မင်္ဂလာကျက်သရေရှိတယ်။ သို့မဟုတ်က အလွန်ဆုံးရှုံးအလွန်နစ်နာလှပါတယ်။

“ပမတ္တဿ ဘိက္ခဝေ စတ္တာရော အပါယာ သကဂေဟသဒိသာ”။ ချစ်သားချစ်သမီးတို့ လောဘဒေါသမောမာနဣဿာမစ္ဆရိယများဖြင့် သင်တို့စိတ်ကိုပေကြံညစ်ပတ်စေလျှက် မေ့လျှော့ပေါ့ဆနေမည်ဆိုက အပါယ်လေးပါးသည် သင်တို့၏အိမ်နှင့်အတူသာဖြစ်ပေတော့၏။ဟု မြတ်ဗုဒ္ဓမိန့်တော်မူထားပေ၏။

ဤတရားသားကိုကြည့်လျှင် သင်တို့သည် ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် ခရစ္စယာန်ဘာသာဝင်ဖြစ်ဖြစ် မွစ္စလင်ဘာသာဝင်ဖြစ်ဖြစ် ဟိန္ဒူဘာသာဝင်ဖြစ်ဖြစ် မည်သည့်ဘုရားကိုယုံယုံ လောဘဒေါသမောဟမာနဣဿာမစ္ဆရိယစသောညကိလေသာတို့ဖြင့်ပေကြံညစ်ပတ်မေ့လျှော့ပေါ့ဆတတ်သော် အပါယ်လေးပါးသည်သင့်အိမ်သာဖြစ်ပေလိမ့်မည်ဟုဆိုပေ၏။ ဗုဒ္ဓဘာသာဝင်အမည်ခံယုံမျှဖြင့်မပြီးသည်ကို ပြသပေ၏။ ခေါင်းတုန်းသင်္ကန်းဝတရုံမျှဖြင့် မပြီးသေးသည်ကိုလည်း ပြသပေ၏။

ထို့ကြောင့်ရဟန်းသံဃာဖြစ်က ဘယ်နားမှာနေနေ တရားကာယကံတရားဝစီကံတရားမနောကံများဖြစ်နေဖို့လိုကိုလိုအပ်ပေ၏။ သို့မှသာ ယုံကြည်ကိုးကွယ်ဆည်းကပ်သည့် ဒါယကာဒါယကာမဝေနေယျများလည်း ငြိမ်းအေးချမ်းသာမှုရကြပေလိမ့်မည်။ အဲဒီလိုဖြစ်ခွင့်မရဘူးဆိုက ရဟန်းဖြစ်ခွင့်ရနေသော်လည်း လောကီလောကုတ္တရာ လောကဓမ္မနှစ်ဘက်လုံး၌ အလွန်နစ်နာဆုံးရှုံးသည်ဟုမှတ်။

မြန်မာ့အခြေအနေပေါင်းစုံချွတ်ယွင်းမှုများနှင့် နိုင်ငံတကာပညာရေးစနစ်တို့တိုက်ရိုက်အချိုးကျပုံ

မြန်မာ့အခြေအနေပေါင်းစုံချွတ်ယွင်းမှုများနှင့် နိုင်ငံတကာပညာရေးစနစ်တို့တိုက်ရိုက်အချိုးကျပုံ

အခက်အခဲဆုံးပြဿနာက မြန်မာနိုင်ငံမှာ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ အခြေခံပညာကစလို့ တက္ကသိုလ်ပညာရေးအထိ လုံးဝမရှိသလောက်နီးပါးဖြစ်နေသေးတာပဲ။ ဒါကြောင့် teamwork တွေလုပ်ကြတဲ့အခါ စကားများတယ်အငြင်းပွားတယ်။ ဆရာကြီးလုပ်ချင်ကြတယ်။ ဒီတော့အလုပ်လုပ်ရင်း ပန်းတိုင်မရောက်ခင် လမ်းခုလပ်မှာကွဲကြတယ်။ ပြဲကြတယ်။ အချို့ဆို “ဟီရိသြတ္တပ္ပ”ကို မရှိနိုင်တော့တာတွေ့ရတယ်။ လူကြီးလူကောင်းဂုဏ်သိက္ခာဆိုတာကိုလည်းတန်ဖိုးထားရမှန်းမသိတော့ဘူး။

အဲ–ဒါပေမဲ့အလားတူအလုပ်တွေကို နိုင်ငံတကာကလာလုပ်ပြသွားတဲ့အခါတော့ “ဟာ —😦ဝိုး—-😦— amazing 😉 . ဒီလိုဖြစ်ကြတယ်။ သိပ်ရှက်စရာကောင်းတယ်။ မကြာသေးခင်ကဖြစ်သွားတဲ့ ဟောင်ကောင်ကုမ္ပဏီတစ်ခုက line walker 2 ရုပ်ရှင်လာရိုက်ပြသွားတာကိုပဲကြည့်ပါ။ အနုပညာရှင်ပါဆိုတဲ့ မြန်မာမင်းသမီးမင်းသားစစ်စစ်တွေ အကုန်လုံးဘေးရောက်လုနီးပါးဖြစ်ကုန်တယ်။

သူတို့အရည်အချင်းမရှိလို့မဟုတ်ပါဘူး။ နိုင်ငံတကာအဆင့်မှာလေ့ကျင့်ထားမှုမရှိတာ။ ဝါးလုံးခေါင်းထဲမှာလသာနေတာ။ ကိုယ့်အတိုင်းအတာနဲ့ကိုယ်အဟုတ်မှတ်အထင်းကြီးဘဝင်မြင့်နေတာ။ ဘုန်းဘုန်းတော့ တော်တော်ပဲ ရှက်သလိုခံစားလိုက်ရပါတယ်။

ခုလည်း ၁၀ တန်းစာမေးပွဲဖြေနေတဲ့ကလေးတွေကို ငှက်ပျောပွဲအုန်းပွဲသပြေညွှန့်အုန်းညွှန့်နဲ့ မှိုင်းတိုက်ပြန်ပြီ။ ကလေးတွေရဲ့အစွမ်းအစကို မှေးမှိန်အောင်လုပ်နေတာတွေ့လာရပြန်ပါပြီ။ စိတ်မကောင်းစရာ စိတ်မသက်သာစရာပါ။

နိုင်ငံတကာ အဆင့်မီမူလတန်းကနေတက္ကသိုလ်အထိပါဝင်တဲ့ ပညာရေးစနစ်ကောင်းကောင်းနဲ့ ကျောင်းကြီးတစ်ခုဖွင့်ပြီးတော့ သေချာလေ့ကျင့်ပေးလိုစိတ်တော်တော်ပြင်းပြလာပါပြီ။ ဘယ်ကနေစရမှန်းမသိဖြစ်နေလို့ပါ။ အပျက်စီးတကာအပျက်အစီးထဲမှာ အတွေးအခေါ်ပျက်စီးတာ အတွေးအခေါ်ခေတ်မမီတာအဆိုးဆုံးပါ။ ဒါဟာ နိုင်ငံတကာပညာရေးအဆင့်အတန်းနဲ့လုံးဝဆက်စပ်နေပါတယ်။

မနက်စောစောဤအချိန်မျိုး

ဥပမာ။ ။မနက်စောစောဤအချိန်မျိုးသည်တိတ်ဆိတ်၏။ အသံလုံးဝမရှိပေ။ ဤအချိန်မျိုးတွင် ဦးနှောက်စိတ်နှလုံးသားကြည်လင်ကျန်းမာရေးအတွက် တရားထိုင်ခြင်းဖြင့် မိမိကိုယ်မိမိဓမ္မနှင့်အညီ update လုပ်ရမည်။ ဤအချိန်တွင်ဤသို့ update လုပ်ကိုလုပ်ရမည်။ နိုးနေတဲ့သူကဘုန်းလုန်းနဲ့အတူ ၁၀ မိနစ်လောက်လိုက်ထိုင်။ ဘုန်းဘုန်းက ၅ နာရီထိထိုင်မှာ။

တကယ်ဆိုဘဝဟာတိုတောင်းလှပါတယ်။ ဘယ်အချိန်မှာဘာဖြစ်မယ်ဆိုတာဘယ်သူမှမသိပါဘူး။ ဒီတော့ကိုယ့်ကိုကိုယ်ယုံကြည်မှုအခိုင်အမာရတဲ့အထိတော့ တရားကိုအားထုတ်ထားသင့်တယ်။ အထူးသဖြင့် အသက် ၅၀ ကျော်လာရင် ရဟန်းတော်များဆိုပိုပြီးသံဝေဂရစရာကောင်းပါတယ်။ မိမိသည်ရဟန်းတစ်ပါးနဲ့ထိုက်တန်တဲ့ သီလသမာဓိပညာ ဘယ်လောက်အထိခိုင်မာအားကောင်းအောင်အားထုတ်ထားပြီးပြီလဲလို့ပြန်စစ်ဆေးသင့်နေပါပြီ။ လောဘတွေလျှော့ရမယ်။ ဒေါသတွေလျှော့ရမယ်။ နေဖို့ထက် သေဖို့ကိုပြင်သင့်တဲ့အချိန်ရောက်လာပါပြီ။ ဘာမဟုတ်တဲ့ကိစ္စတွေမှာပင် လောဘဒေါသတွေအားကြီးနေသေးတယ်ဆိုရင်တော့ သီလသမာဓိပညာအားမကောင်းသေးတာကိုပြနေတာပါ။ သတိအထူးထားသင့်ပါတယ်။

ဒီတော့အတ္တဟိတ ပရဟိတမျှတအောင်လုပ်ရင်း ကိုယ့်အတွက်လည်းအဖြူစင်ဆုံးအဆင့်ကိုရောက်အောင် အားထုတ်သင့်နေပါပြီ။ အားမထုတ်ဖြစ်သေးဘဲမိုက်နေဆဲဆိုရင်တော့ “ရှင်ချောင်သေကြပ်”ဖြစ်စရာရှိပါတယ်။ အပ္ပမာဒေန သမ္ပာဒေထ။

အမေရိကန်ရောက် ဗီယက်နာမ်ဗုဒ္ဓဘာသာဝင်များနှင့်အမေရိကန်ကျောင်းသားတို့ ဗုဒ္ဓဘာသာအပေါ်စိတ်ဝင်စားမှုမတူကြပုံ

အမေရိကန်ရောက် ဗီယက်နာမ်ဗုဒ္ဓဘာသာဝင်များနှင့်အမေရိကန်ကျောင်းသားတို့ ဗုဒ္ဓဘာသာအပေါ်စိတ်ဝင်စားမှုမတူကြပုံ

The different interests in Buddhism between the Vietnamese who live in America and the original American students. The Vietnamese-Americans are more focused on generosity to the monastic Sangha and the original Americans are more interested in philosophy aspect of Buddhism. They both need mutual helps from each other’s interests.

ဒီနေ့တော့ ဒကာမင်းနောင်ဦးက ဗီယက်နမ်တွေနဲ့အလှူလုပ်ဖို့ရောက် ဒကာမျိုးဆက်ကလည်း အမေရိကန်ကျောင်းသားတွေနဲ့ရောက်လာကြတယ်။ ရှေးက Senior guide တွေနဲ့ပြန်တွေ့ရတဲ့အခါတော့ ဆွေမျိုးဟောင်းတွေကိုပြန်တွေ့သလိုခံစားမိပါတယ်။ ဒကာမင်းနောင်ဦးရဲ့ အဖွဲ့ကတော့ ဗီယက်နာမ်တွေဆိုတော့ အလှူကိုရက်ရောစွာအာရုံစိုက်လှူဒါန်းသွားကြတယ်။ လှူသွားကြတာလည်းမနည်းလှပါဘူး။ ဒကာတော်မျိုးဆက်ရဲ့ အဖွဲ့ကတော့ အမေရိကန်ကျောင်းသားတွေဆိုတော့ တွေ့ဆုံဆွေးနွေးမေးမြန်းဖြေကြားပုံစံနဲ့စကားပြောဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့နှစ်ဖွဲ့လုံးကိုတော့ အဆင်ပြေအောင်ဆောင်ရွက်ပေးလိုက်ပါတယ်။

အဲထဲမှာ ဖူကျင့်ပြည်နယ်က တရုတ်ကျောင်းသူမလေးတစ်ယောက်ပါလာလို့ တရုတ်တို့ရဲ့အဆင်မပြေပုံတွေပြောမိရင်း စိတ်မကောင်းဖြစ်မိပါတယ်။ သို့သော်ပါလာတဲ့တရုပ်မလေးဟာ လိမ္မာတယ်ပညာတတ်တယ်။ ခုလာလည်တဲ့ တရုတ်တွေနဲ့မတူပဲ တမူကွဲနေတာကိုတွေ့ရပါတယ်။ သူ့ရဲ့အတွေးအမြင်လေးတွေကလည်း အတော်ကိုအဆင်ပြေပါတယ်။ “မင်းဘုန်းဘုန်းနဲ့နှစ်ရက်လောက်လေးနေခဲ့ပါ။ ဘုန်းဘုန်းနဲ့အတူ တရုတ်တွေကိုပညာပေးလုပ်ရအောင်”ဆိုတော့ သူကပြန်ရတော့မှာမို့ိစိတ်မကောင်းကြောင်းပြောသွားလေရဲ့ မေးခွန်းတွေကတော့စုံပါတယ်။ ဘယ်ကစရေးရမှန်းကိုမသိတော့ဘူး။

March 11, 2019 5:30 p.m.သကျဓီတာသီလရှင်စာသင်တိုက်

March 11, 2019 5:30 p.m.

It is one of nunneries in Sagaing, Burma, modern Myanmar. This evening, I donated 240 exercise books and ball-pans to all of the nuns there. They are quite well-disciplined and try hard for learning and practicing the teachings of the Buddha as we learn and practice in Mahagandhayon monastery. Actually, I have never visited any nunneries since I was young. This is very very first time I have visited nunnery in my life. I was so happy to see that they have been working hard by studying and practicing the Dhamma like male monks everyday. I hope they will keep striving hard to sustain the Buddha’s Sāsanā longer.

သကျဓီတာသီလရှင်စာသင်တိုက်တွင် ပရိယတ္တိပရိပတ္တိသာသနာတော်အရှည်တည်တံ့နိုင်စေရေးအတွက်အစွမ်းအစရှိသမျှအားထုတ်နေကြသော ဘုရားသမီးတော်ဆရာလေးများအား မိမိ၏ မပြီးဆုံးသေးသော ၅၃ နှစ်ပြည့်မွေးနေ့ကောင်းမှုကုသိုလ်အဖြစ် ပရိယတ္တိသာသနာကိုထောက်ပံ့ချီးမြှောက်အားပေးသောအားဖြင့် အပါးစေ့ ဗလာစာအုပ် နှင့်ဘောပင် ၂၄၀ ကိုလှူဒါန်းခြင်း။

ပါရမီရှင်ကြီး ဒါယကာတော် အိုက်ပေါင်းကလည်း ကုသိုလ်ပါရမီပြုသောအားဖြင့် ဆရာလေးများလိုရာသုံးရန် နဝကမ္မအလှူငွေ ၈၀၀၀၀ ကျပ်တိတိကို တာဝန်ရှိသူဆရာလေးအားအပ်နှံလှူဒါန်းခြင်းစသည်ကောင်းမှုအစုစုကို မိမိ၏တပည့်ကြီး မဥမ္မာညွှန့်ညီအမတို့နှင့်ဒီညနေသွားရောက်ကုသိုလ်ကောင်းမှုပြုခဲ့ခြင်း။

အထူးသဖြင့် ဤကုသိုလ်ကောင်းမှုကို မိမိ၏တပည့်ဒါယကာအရင်းများဖြစ်ကြသော ရန်ကုန်မြို့ဧကမ္ဘာဆေးတိုက်မိသားစုများနှင့်အတူ ဧကမ္ဘာကုသိုလ်တော်အဖွဲ့မှ သစ္စာမြိုင်တောရယောဂီကြီးများ သာဓုအနုမောဒနာ အကြိမ်ကြိမ်ခေါ်ဆိုနိုင်ကြပါစေသော်။ အရပ်ဝေးအရပ်နီးမှမိမိ၏ယောဂီတပည့်ကြီးငယ်များလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြပါစေသော်။

အမှန်ဆိုရသော် မိမိကိုယ်တိုင်အပါအဝင် ဘုန်းဘုန်းတို့အများစုသည် ရဟန်းစာသင်တိုက်များကိုသာ စိတ်ကူးလှူဒါန်းလေ့ရှိကြပေ၏။ သီလရှင်စာသင်တိုက်ကိုကား မိမိကိုယ်တိုင်သည်ပင် ယခု ၅၃ နှစ်ပြည့်မွေးနေ့ကုသိုလ်ကြမှသာ စဉ်းစား၍လှူဒါန်းသမှုပြုမိပေ၏။ သို့သော်လည်း သကျဓီတာစာသင်တိုက်မှဆရာလေးများသည် အစွမ်းရှိသမျှထွင်းထိုးကြိုးစားနေသည်ကိုတွေ့ရ၍ မြန်မာဘုန်းတော်ကြီးတစ်ပါးအနေဖြင့် လွန်စွာဝမ်းသာပီတိဖြစ်မိသည်ကားအမှန်ပေ။

မိန်းမသားများဖြစ်ပါလျှက် ထမ်းဆောင်နိုင်ခဲသော ပရိယတ်ပဋိပတ်သာသနာတော်၏တာဝန်ကိုစည်းကမ်းတကျထမ်းဆောင်နေကြသည်ကိုတွေ့ရ၍လည်း မြန်မာအမျိုးသမီးဗုဒ္ဓသမီးတော်များအတွက် ကြည်နူးဝမ်းသာဖြစ်မိပါကြောင်းမှတ်တမ်းတင်အပ်ပေ၏။

ကျောင်းတိုက်သန့်ရှင်းရေးကုသိုလ်  ဝိပဿနာယောဂီ နတ်ပြည်တို့အဆက်အစပ် 

ကျောင်းတိုက်သန့်ရှင်းရေးကုသိုလ်
ဝိပဿနာယောဂီ နတ်ပြည်တို့အဆက်အစပ်
ဝိပဿနာသမားမစ္စတာအီးဗော့၏ကိုယ်တွေ့နတ်ပြည်

သန့်ရှင်းရေးလုပ်နေတဲ့ဆရာမတွေ သတိထားလုပ်ကြ။ အဲ့မြွေအစိမ်းမျိုးဟာ သစ်ပင်ပေါ်အမြင့်မှာနေတာများတယ်။ ခုအောက်ကြမ်းပြင်မှာရှိနေတာဟာ သစ်ပင်ပေါ်တက်နိုင်တဲ့စွမ်းရည်မရှိသေးတဲ့မြွေသူငယ်အရွယ်ရှိသေးလို့။

တကယ်ဆိုရင်ဒီသစ္စာမြိုင်တောရဆိုတာက ရှေးဘဝါဘဝကပါရမီရှင်တွေ တရားနီးစပ်သူတွေအဖြူအတိုင်းတရားနဲ့ဆုံဆည်းမိကြရာကဖြစ်ပေါ်လာတာပဲ။ တဏှလောဘနဲ့ဖြစ်ပေါ်လာခဲ့သည်မဟုတ်။ ဒီနေ့အထိသစ္စာမြိုင်တောရဆရာတော်၏စိတ်ရင်း၌ရော တပည့်ယောဂီကြီးငယ်တို့၏စိတ်ရင်း၌ရော ဓမ္မဝိနယကိုသာဦးထိပ်အခိုင်အမာထားနေကြဆဲ။ ကလီကမာပေါ့တော့တော့မျိုးတွေမတွေ့ရသေးပါ။

ဤသို့ဤပုံဖြူစင်သန့်ရှင်းနေဖို့သည် ဤခေတ်ဤအခါ၌ ဖြစ်ဖို့ရန်အလွန်လွယ်ကူသောအရာမဟုတ်ပေ။ ခုအချိန်အထိ ဆရာတော်က တပည့်ယောဂီကြီးငယ်ကိုအာရုံပြုကြည့်ကြည့် တပည့်ယောဂီကြီးငယ်က ဆရာတော်ကိုအာရုံပြုကြည့်ကြည့်တရားကိုသာဦးထိပ်ထားနေကြတယ်စည်းကမ်းဝိနည်းကိုသာ ဦးထိပ်ထားနေကြတယ် ဗုဒ္ဓသာသနာကိုသာဦးထိပ်ထားနေကြတယ် ပြည်တွင်းသားများသာမက ပြည်ပသားများအထိ အကျိုးရှိစေရေး သာသနာတော်၏အရသာ ညီတူညီမျှခံစားနိုင်ရေးဆိုတာကိုသာ ကြည်လင်သောရေထဲကြည့်သလိုမြင်တွေ့နေရပါလိမ့်မယ်။

အခုသင်တို့လုပ်နေကြသော ကုသိုလ်ကောင်းမှုမျာသည်လည်း ဘာအကျိုးစီးပွါးမှမပါကြဘဲ ဆရာတော်ပြန်လာရင် အဆင်ပြေချမ်းသာစွာသတင်းသုံးနိုင်အောင်လို့ ဖြူစင်သောကုသိုလ်စိတ်ဖြင့် အားထုတ်နေကြတယ်ဆိုတာကို ဘုန်းဘုန်းအဝေးကပေမဲ့ခံစားကြည့်လို့ရပါတယ်။ အဲ့အတွက်လည်းမေတ္တာပို့သပါတယ်။ မေတ္တာဆိုတဲ့တရားဓာတ်သဘာဝဟာ စိတ်ကြည်လင်စွာနဲ့ခံယူတတ်မှသာရနိုင်တာပါ။ ယခုအားထုတ်နေကြသောကုသိုလ်ကောင်းမှုသည် ဖြူစင်ရင်ဖြူစင်သလောက် စေတနာအတိုင်း နတ်ဘုံနတ်နန်းတွေ ဖြစ်ပေါ်နေမှာပါ။

🧘‍♀️🧹🌲🧘‍♂️တကယ်ဆိုဗုဒ္ဓဘာသာပြောတဲ့နတ်ပြည်မှာ မြေဝယ်အိပ်ဆောက်အလုပ်လုပ်ငွေရှာနေကြရတာမျိုးမဟုတ်ပါ။ မိမိကိုယ်တိုင် လူပြည်လူ့ဘဝမှာ စေတနာကောင်းတွေနဲ့ ပြုလုပ်အားထုတ်ထားသည်များက နတ်ပြည်မှာဘုံပေါက်ကာ လူ့ဘဝဖြင့်သေပြီးတဲ့အခါ ၁၆ နှစ်သားသမီးများလို ကုသိုလ်အရှိန်အဝါအတိုင်း ဘုံဗိန်မန်တွေမှာတစ်ခါတည်းနေကြရတာပါ။ ဒီထဲမှာဝိပဿနာကိုအားထုတ်ထားသူကတော့ လုံးဝအမြတ်ထွက်ပါတယ်။ သြစထြီးယောဂီကြီး မစ္စတာ အီးဗော့လို နတ်ပြည်မှာပဲဝိပဿနာကိုဆက်လက်အားထုတ်ကာ နိဗ္ဗာန်အထိရောက်ကြမှာပါ။ 🧘‍♂️🌲🧹☁️

ဒါကြောင့် ဘုန်းဘုန်းဆရာသမားကောင်းတစ်ပါးအနေဖြင့် မှာချင်တာက ကျောင်းသန့်ရှင်းရေးလုပ်တယ်ဆိုတာ သေနာသနကုသိုလ်ကောင်းမှုပါ။ နိဗ္ဗာန်ချမ်းသာနှင့်တိုက်ရိုက်အချိုးမကျသော်လည်း နတ်ပြည်မှာဖြစ်ပေါ်မဲ့ဘုံဗိန်မန်နဲ့တိုက်ရိုက်အချိုးကျပါတယ်။ စုလစ်မွန်းချွန်ပန်းကနုတ်တွေနဲ့ဘုံဗိမန်ကြီးကိုတည်ဆောက်နေတာပါ စေတနာကောင်းရင်ကောင်းသလောက် အကျိုးပေးကလည်းအားသန်မှာပါ။ သစ္စာမြိုင်တောရယောဂီတပည့်ကြီးများအနေနဲ့ကတော့ ဝိပဿနာကိုလည်းစနစ်တကျအားထုတ်ထားသူများဖြစ်သောကြောင့် အပါယ်တံခါးကတော့ပိတ်မှာသေချာပါတယ်။ မစ္စတာအီးဗော့ရောက်တဲ့နတ်ပြည်ထက်မနိမ့်တဲ့နတ်ပြည်မှာ registered လုပ်ထားပြီးဖြစ်ကြမှာပါ။

စေတနာတွေကိုမဆုတ်ယုတ်ပါစေနဲ့ စိတ်ဆိုးတွေနဲ့မညစ်ပတ်ပါစေနဲ့ ဝိပဿနာကိုလည်း ပို၍ပို၍ရှင်းလင်းအောင်အားထုတ်ကြပါလို့ မှာချင်ပါတယ်။ ဘုန်းဘုန်းဆီကမေတ္တာဓာတ်တွေကလည်း အဲဒီဘက်ကိုနေ့စဉ်စီးဆင်းနေပါတယ်။ လာမည့်နွေရာသီမှာလည်း ပဋိစ္စသမုပ္ပါဒါ သရုပ်ပြ “Paticcasamupāda demonstration” the demonstration of Life and death circle and how to come out of it တရားတစ်ချိန်ပါမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။ ပြည်ပယောဂီတချို့လည်းပါမည်ဖြစ်၍ စည်းကမ်းလိုက်နာမှုကို နိုင်ငံတကာအဆင့်သို့တို့မြှင့်ကာ ပို၍တိကျစွာလိုက်နာနိုင်အောင် အားထုတ်ထားကြပါ။ မြန်မာစိတ်နှင့်မတိမကျပေါ့တန်တန်မလုပ်ကြနှင့်။

ယခုအခါသစ္စာမြိုင်တောရသည် နိုင်ငံတကာမှယောဂီသူတော်ကောင်းများလက်ခံရန်စတင်စဉ်းစားနေပေပြီ။ ထေရဝါဒတောရကျောင်းစနစ် ဝိပဿဖြင့်ဘဝနေထိုင်နည်းစနစ်ကိုမြန်မာ့မြေပေါ်မှပင် နိုင်ငံတကာအဆင့်မြှင့်မည်။ ယခုထက်နှစ်ဆနှစ်ပြန်အားထုတ်ရန်ပြင်ဆင်ထားကြပါကုန်။ ကိုယ့်သာသနာအတွက်ကိုယ်သာလုပ်ရမည်ဟု နှလုံးသွင်းထားကြပါကုန်။ ကိုယ့်သာသနာဖြင့် လူသားတစ်မျိုးနွယ်လုံးကောင်းကျိုးချမ်းသာဖြစ်ရေးကို ကိုယ်တိုင်အားထုတ်ကြရမည်ကို ဘယ်တော့မှမမေ့နှင့်။

သူများကိုအထင်သေးလောက်အောင်  ကိုယ့်ကိုကိုယ်အစွန်းရောက်တဲ့ယုံကြည်မှုတွေကြောင့် အဆင်မပြေမှုတွေများနေရသလားကွယ်ရို့

သူများကိုအထင်သေးလောက်အောင်
ကိုယ့်ကိုကိုယ်အစွန်းရောက်တဲ့ယုံကြည်မှုတွေကြောင့်
အဆင်မပြေမှုတွေများနေရသလားကွယ်ရို့

လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ နောက်ဆုံးဘာသာရေးအထိ မြန်မာတွေဟာ ကိုယ့်အချင်းချင်းညီညွတ်စွာ ညှိုနှိုင်းဆာင်ရွက်ကြရမည့်အစား မာန်ဖီတယ်၊ မာနတက်တယ်၊ ငါအဟုတ်ငါအတတ်လုပ်တယ်။ ဒါပေမဲ့အလားတူအရေးတွေမှာ ပြည်ပကဝင်ပြီးလုပ်ကိုင်လာရင်တော့ အယဉ်အကျေးဆုံးစကားနဲ့ပြောရင်ကျောခင်းပေးလိုက်ရတာများတယ်။ ဘာမှပြန်လုပ်နိုင်စွမ်းမရှိကြဘူး။ စိတ်ပျက်စရာ၊ စိတ်မကောင်းစရာပါကွယ်ရို့။

ခုအသက် ၅၀ ပညာတတ်မျိုးဆက်တွေကစပြီး ပညာတတ်ဆန်ဆန်အလုပ်လုပ်ကြပါစို့လား။ နိုင်ငံတကာနှင့်ထဲထဲဝင်ဝင်အတွေ့အကြုံရှိထားပြီးပညာတတ်မျိုးဆက်ကိုဆိုလိုပါတယ်။ ညီငယ်ညီမငယ်သားငယ်သမီးငယ်လေးတွေအတုယူစရာမျိုးဆက်အဖြစ် အသက်နဲ့လဲပြီးစိတ်သဘောထားကြီးကြီထားကာအဓိဋ္ဌာန်ခိုင်ခိုင်ဖြင့် မြန်မာ့ mindset တွေကို update စလုပ်ကြပါစို့လားကွယ်ရို့။

တကယ်ဆိုရင် မြန်မာဘွဲ့ရပညာတတ်အများစုဟာ ကိုယ့်ကိုယုံကြည်မှုတွေအလွန်များလွန်းနေပြီး သူများတွေကိုအထင်သေးတဲ့စိတ်နေစိတ်ထားက များလွန်းနေတယ်။ ဘာမျှလုပ်ငန်းအတွေ့အကြုံမရှိသေးသူတွေကလည်း ကိုယ့်ကိုကိုယ်အလွန့်အလွန်ယုံကြည်မှုများလွန်းပြီး အတွေ့အကြုံရင့်ကျက်သူတွေနဲ့ တန်းတူထင်မှတ်နေတတ်တာကိုလည်းတွေ့ရတတ်ပါတယ်။

အဲဒါကြောင့်ဘယ်ကိစ္စအတွက်မဆို ဆွဲစိလို့မရဘဲ ခွဲထွက်ဖို့ကြိုးစားပြီး ကွဲကွဲကုန်တာများကြတယ်။ ကွဲကုန်တော့ အင်အားပြော့သွားတာပေါ့။စိတ်မကောင်းစရာပါ။ ဦးတည်ချက်တူကြတယ် ပန်းတိုင်တူကြတယ်ဆိုရင်တော့ အချင်းချင်းသင့်လျှော်တဲ့လေးစားမှုထားကာ ညီအစ်ကိုမောင်နှမသဖွယ် လက်တွဲနိုင်အောင်ကြိုးစားသင့်တယ်ထင်ပါတယ်။ အချို့ကိစ္စတွေအခြေအနေတွေမှာတော့ သဘောတူချင်မှတူနိုင်မှာပါ။

သဘောမတူနိုင်တာကိုတစ်ယောက်နှင့်တစ်ယောက် လက်တွဲဖြုတ်စရာဟုမတွေးကြဘဲ ညှိုနှိုင်းလုပ်ဆောင်စရာသင်ခန်းစာအသစ်တစ်ခုအဖြစ်ရှုမြင်ကာ လေ့လာသင်ယူလုပ်ကိုင်နိုင်ကြမယ်ဆိုရင် အဖြေကောင်းတွေထွက်ပေါ်လာကာ စိတ်ကြည်နူးစရာဖြစ်နိုင်ပါတယ်။

ဘုန်းဘုန်းအနေနဲ့ကတော့ ၄၀ ကျော် ၅၀ မျိုးဆက်တွေဟာ အနစ်နာခံကာ သဘောထားမတိုက်ဆိုင်ကြရင်တောင်မှ ဘဘောထားကြီးစွာ ဆွေးေနွေးဖြေရှင်းချင်ခင်ခြင်းဆိုတဲ့ မေတ္တာမပျက်ဘဲ အလုပ်ကိုစနစ်တကျလုပ်ပြရင်းမျိုးဆက်သစ်တွေအတွက် သမိုင်းကောင်းတစ်ခုရေးကြရမယ်ထင်ပါတယ်။ ဒီလိုမဟုတ်ရင်တော့ blah blah blah နဲ့ပဲ အချိန်တွေကုန်သွားမှာစိုးရပါတယ်။ နောက်မျိုးဆက်တွေထံကိုတော့ blah blah blah တွေပဲ ကူးဆက်သွားမယ်ဆိုရင် စိတ်မကောင်းစရာဖြစ်ပါလိမ့်မယ်။ အပ္ပမာဒေန သမ္ပာဒေထ။