ဘုန်းကြီးတစ်ပါးရဲ့ကာယကံဝစီကံမနောကံတွေဟာ ဘယ်လိုဖြစ်သင့်လဲ
ဘုန်းကြီးစိတ်ဟာ လောကသားအပေါင်း ငြိမ်းချမ်းစေမယ့် တရားအတွေးလေးတွေကိုတွေးကြံနေမှသာ မင်္ဂလာကျက်သရေရှိတယ်။ ဘုန်းကြီးပါးစပ်ဟာ လောကသားအပေါင်း ကိလေသာငြိမ်းအေးကြောင်း တရားစကားလေးတွေကို ပြောဆိုနေမှသာ မင်္ဂလာကျက်သရေရှိတယ်။ ဘုန်းကြီးခန္ဓာကိုယ်ဟာ လောကသားအပေါင်း ငြိမ်းချမ်းစေမယ့် တရားအလုပ်ကလေးတွေလုပ်နေမှသာ မင်္ဂလာကျက်သရေရှိတယ်။ သို့မဟုတ်က အလွန်ဆုံးရှုံးအလွန်နစ်နာလှပါတယ်။
“ပမတ္တဿ ဘိက္ခဝေ စတ္တာရော အပါယာ သကဂေဟသဒိသာ”။ ချစ်သားချစ်သမီးတို့ လောဘဒေါသမောမာနဣဿာမစ္ဆရိယများဖြင့် သင်တို့စိတ်ကိုပေကြံညစ်ပတ်စေလျှက် မေ့လျှော့ပေါ့ဆနေမည်ဆိုက အပါယ်လေးပါးသည် သင်တို့၏အိမ်နှင့်အတူသာဖြစ်ပေတော့၏။ဟု မြတ်ဗုဒ္ဓမိန့်တော်မူထားပေ၏။
ဤတရားသားကိုကြည့်လျှင် သင်တို့သည် ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် ခရစ္စယာန်ဘာသာဝင်ဖြစ်ဖြစ် မွစ္စလင်ဘာသာဝင်ဖြစ်ဖြစ် ဟိန္ဒူဘာသာဝင်ဖြစ်ဖြစ် မည်သည့်ဘုရားကိုယုံယုံ လောဘဒေါသမောဟမာနဣဿာမစ္ဆရိယစသောညကိလေသာတို့ဖြင့်ပေကြံညစ်ပတ်မေ့လျှော့ပေါ့ဆတတ်သော် အပါယ်လေးပါးသည်သင့်အိမ်သာဖြစ်ပေလိမ့်မည်ဟုဆိုပေ၏။ ဗုဒ္ဓဘာသာဝင်အမည်ခံယုံမျှဖြင့်မပြီးသည်ကို ပြသပေ၏။ ခေါင်းတုန်းသင်္ကန်းဝတရုံမျှဖြင့် မပြီးသေးသည်ကိုလည်း ပြသပေ၏။
ထို့ကြောင့်ရဟန်းသံဃာဖြစ်က ဘယ်နားမှာနေနေ တရားကာယကံတရားဝစီကံတရားမနောကံများဖြစ်နေဖို့လိုကိုလိုအပ်ပေ၏။ သို့မှသာ ယုံကြည်ကိုးကွယ်ဆည်းကပ်သည့် ဒါယကာဒါယကာမဝေနေယျများလည်း ငြိမ်းအေးချမ်းသာမှုရကြပေလိမ့်မည်။ အဲဒီလိုဖြစ်ခွင့်မရဘူးဆိုက ရဟန်းဖြစ်ခွင့်ရနေသော်လည်း လောကီလောကုတ္တရာ လောကဓမ္မနှစ်ဘက်လုံး၌ အလွန်နစ်နာဆုံးရှုံးသည်ဟုမှတ်။