မေတ္တာတရားသိပ္ပံနည်းကျမကျ ပို့လွှတ်ကရမရ ဉာဏ်ဖြင့်ဆင်ချင်သင့်ပုံ
ဒီမနက် ၄ နာရီမှ ၅း၃၀ နာရီအတွင်း မိမိသိပ္ပံနည်းကျ လွှင့်ထုတ်လိုက်သော မေတ္တာဓာတ်များသည် ECG wave များကဲ့သို့ သင့်တို့တစ်ဦးစီထံသို့ဦးတည်သွားကြ၏။ သင်တို့၏ receiver ကောင်းလျှင် ထိုမေတ္တာဓာတ်ကို ဖမ်းယူရရှိပေလိမ့်မည်။ သင်တို့၏ receiver သည် သင်တို့အတွက် ထိုမေတ္တာဓာတ်ထုတ်လွှတ်ပေးရာ sender station 🚉 နှင့် WiFi ချိတ်သလို ကွက်တိချိတ်မိနေဖို့တော့ လိုအပ်ပေ၏။ အချိန်ကြာလာသည်နှင့်အမျှ သင်တို့လက်ခံရရှိလာသည်ဟု စတင်သိရှိလာနိုင်ပေ၏။
သို့မဟုတ်က ဗုဒ္ဓသင်ပြသော မေတ္တာပို့သနည်းသည် အချီးနှီးဖြစ်သွားစရာရှိပေ၏။ အမှန်ဆိုလျှင် ဗုဒ္ဓသင်ပြသော မေတ္တာပို့သနည်းသည်အချီးနှီးမဖြစ်တန်ရာ။ မိမိတို့ sender များ receiver များ quality မကောင်းအရည်အသွေးမမီသောကြောင့်သာ မေတ္တာဓာတ်သည် ဘယ် receiver ထံကိုဝင်ရမည်ဟုရှာမတွေ့ခဲ့သော် receiver ၏ WiFi ဖြင့်မချိတ်ဆက်မိခဲ့သော် လမ်းတွင်အချီးအနှီးဖြစ်သွားနိုင်စရာရှိပေ၏။
receiver အများစု၏ WiFi သည် မေတ္တာတရားအာရုံနှင့်မချိတ်ဆက်မိဘဲ လောဘအာရုံ ဒါသအာရုံ မောဟအာရုံ မာနအာရုံ ဣဿာမစ္ဆရိယအာရုံ အစရှိသည်တို့နှင့်သာ ချိတ်ဆက်မိနေသည်ကများနိုင်ဘွယ်ရှိပေ၏။ ထို့ကြောင့် receiver များသည် ထိုလောဘဒေါသမောဟမာန စသည့်အပူဓာတ်သဘာဝများကိုသာ လက်ခံရရှိနေသည်ကများနိုင်ဘွယ်ရှိပေ၏။ အအေးဓာတ်ဖြစ်သော မေတ္တာဓာတ်သဘာဝကိုရရှိလိုက သင်တို့၏ receiver ကို မနက်စောစော အိပ်ယာထထချင်း မေတ္တာအာရုံနှင့် ချိတ်မိဆက်မိအောင် တည့်တည့်ထားကြပါကုန်။
အမှန်ဆိုရသော် သင်တို့၏နေ့စဉ်ဘဝအလုပ်အကိုင်များ ပေါင်းသင်းဆက်ဆံရေးများ အဖုအထစ်မရှိပြေလည်စေဖို့ ဘေးအန္တရာယ်ကင်းရှင်းဖို့ သင်တို့အတွက်မေတ္တာစွမ်းအား အအေးဓာတ်သဘာဝလိုအပ်ပေ၏။ ဒေါသမလိုအပ်ပေ။ ဤကားသိပ္ပံနည်းကျ ဗုဒ္ဓအလိုကျ မေတ္တာတရားထုတ်လွှတ်ပို့သနည်း မေတ္တာအအေးဓာတ်သဘာဝကို စနစ်တကျလက်ခံရယူနည်းဖြစ်ပေ၏။ အပ္ပမာဒေန သမ္ပာဒေထ။