အမေရိကန်ရောက် ဗီယက်နာမ်ဗုဒ္ဓဘာသာဝင်များနှင့်အမေရိကန်ကျောင်းသားတို့ ဗုဒ္ဓဘာသာအပေါ်စိတ်ဝင်စားမှုမတူကြပုံ
The different interests in Buddhism between the Vietnamese who live in America and the original American students. The Vietnamese-Americans are more focused on generosity to the monastic Sangha and the original Americans are more interested in philosophy aspect of Buddhism. They both need mutual helps from each other’s interests.
ဒီနေ့တော့ ဒကာမင်းနောင်ဦးက ဗီယက်နမ်တွေနဲ့အလှူလုပ်ဖို့ရောက် ဒကာမျိုးဆက်ကလည်း အမေရိကန်ကျောင်းသားတွေနဲ့ရောက်လာကြတယ်။ ရှေးက Senior guide တွေနဲ့ပြန်တွေ့ရတဲ့အခါတော့ ဆွေမျိုးဟောင်းတွေကိုပြန်တွေ့သလိုခံစားမိပါတယ်။ ဒကာမင်းနောင်ဦးရဲ့ အဖွဲ့ကတော့ ဗီယက်နာမ်တွေဆိုတော့ အလှူကိုရက်ရောစွာအာရုံစိုက်လှူဒါန်းသွားကြတယ်။ လှူသွားကြတာလည်းမနည်းလှပါဘူး။ ဒကာတော်မျိုးဆက်ရဲ့ အဖွဲ့ကတော့ အမေရိကန်ကျောင်းသားတွေဆိုတော့ တွေ့ဆုံဆွေးနွေးမေးမြန်းဖြေကြားပုံစံနဲ့စကားပြောဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့နှစ်ဖွဲ့လုံးကိုတော့ အဆင်ပြေအောင်ဆောင်ရွက်ပေးလိုက်ပါတယ်။
အဲထဲမှာ ဖူကျင့်ပြည်နယ်က တရုတ်ကျောင်းသူမလေးတစ်ယောက်ပါလာလို့ တရုတ်တို့ရဲ့အဆင်မပြေပုံတွေပြောမိရင်း စိတ်မကောင်းဖြစ်မိပါတယ်။ သို့သော်ပါလာတဲ့တရုပ်မလေးဟာ လိမ္မာတယ်ပညာတတ်တယ်။ ခုလာလည်တဲ့ တရုတ်တွေနဲ့မတူပဲ တမူကွဲနေတာကိုတွေ့ရပါတယ်။ သူ့ရဲ့အတွေးအမြင်လေးတွေကလည်း အတော်ကိုအဆင်ပြေပါတယ်။ “မင်းဘုန်းဘုန်းနဲ့နှစ်ရက်လောက်လေးနေခဲ့ပါ။ ဘုန်းဘုန်းနဲ့အတူ တရုတ်တွေကိုပညာပေးလုပ်ရအောင်”ဆိုတော့ သူကပြန်ရတော့မှာမို့ိစိတ်မကောင်းကြောင်းပြောသွားလေရဲ့ မေးခွန်းတွေကတော့စုံပါတယ်။ ဘယ်ကစရေးရမှန်းကိုမသိတော့ဘူး။