March 11, 2019 5:30 p.m.
It is one of nunneries in Sagaing, Burma, modern Myanmar. This evening, I donated 240 exercise books and ball-pans to all of the nuns there. They are quite well-disciplined and try hard for learning and practicing the teachings of the Buddha as we learn and practice in Mahagandhayon monastery. Actually, I have never visited any nunneries since I was young. This is very very first time I have visited nunnery in my life. I was so happy to see that they have been working hard by studying and practicing the Dhamma like male monks everyday. I hope they will keep striving hard to sustain the Buddha’s Sāsanā longer.
သကျဓီတာသီလရှင်စာသင်တိုက်တွင် ပရိယတ္တိပရိပတ္တိသာသနာတော်အရှည်တည်တံ့နိုင်စေရေးအတွက်အစွမ်းအစရှိသမျှအားထုတ်နေကြသော ဘုရားသမီးတော်ဆရာလေးများအား မိမိ၏ မပြီးဆုံးသေးသော ၅၃ နှစ်ပြည့်မွေးနေ့ကောင်းမှုကုသိုလ်အဖြစ် ပရိယတ္တိသာသနာကိုထောက်ပံ့ချီးမြှောက်အားပေးသောအားဖြင့် အပါးစေ့ ဗလာစာအုပ် နှင့်ဘောပင် ၂၄၀ ကိုလှူဒါန်းခြင်း။
ပါရမီရှင်ကြီး ဒါယကာတော် အိုက်ပေါင်းကလည်း ကုသိုလ်ပါရမီပြုသောအားဖြင့် ဆရာလေးများလိုရာသုံးရန် နဝကမ္မအလှူငွေ ၈၀၀၀၀ ကျပ်တိတိကို တာဝန်ရှိသူဆရာလေးအားအပ်နှံလှူဒါန်းခြင်းစသည်ကောင်းမှုအစုစုကို မိမိ၏တပည့်ကြီး မဥမ္မာညွှန့်ညီအမတို့နှင့်ဒီညနေသွားရောက်ကုသိုလ်ကောင်းမှုပြုခဲ့ခြင်း။
အထူးသဖြင့် ဤကုသိုလ်ကောင်းမှုကို မိမိ၏တပည့်ဒါယကာအရင်းများဖြစ်ကြသော ရန်ကုန်မြို့ဧကမ္ဘာဆေးတိုက်မိသားစုများနှင့်အတူ ဧကမ္ဘာကုသိုလ်တော်အဖွဲ့မှ သစ္စာမြိုင်တောရယောဂီကြီးများ သာဓုအနုမောဒနာ အကြိမ်ကြိမ်ခေါ်ဆိုနိုင်ကြပါစေသော်။ အရပ်ဝေးအရပ်နီးမှမိမိ၏ယောဂီတပည့်ကြီးငယ်များလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ကြပါစေသော်။
အမှန်ဆိုရသော် မိမိကိုယ်တိုင်အပါအဝင် ဘုန်းဘုန်းတို့အများစုသည် ရဟန်းစာသင်တိုက်များကိုသာ စိတ်ကူးလှူဒါန်းလေ့ရှိကြပေ၏။ သီလရှင်စာသင်တိုက်ကိုကား မိမိကိုယ်တိုင်သည်ပင် ယခု ၅၃ နှစ်ပြည့်မွေးနေ့ကုသိုလ်ကြမှသာ စဉ်းစား၍လှူဒါန်းသမှုပြုမိပေ၏။ သို့သော်လည်း သကျဓီတာစာသင်တိုက်မှဆရာလေးများသည် အစွမ်းရှိသမျှထွင်းထိုးကြိုးစားနေသည်ကိုတွေ့ရ၍ မြန်မာဘုန်းတော်ကြီးတစ်ပါးအနေဖြင့် လွန်စွာဝမ်းသာပီတိဖြစ်မိသည်ကားအမှန်ပေ။
မိန်းမသားများဖြစ်ပါလျှက် ထမ်းဆောင်နိုင်ခဲသော ပရိယတ်ပဋိပတ်သာသနာတော်၏တာဝန်ကိုစည်းကမ်းတကျထမ်းဆောင်နေကြသည်ကိုတွေ့ရ၍လည်း မြန်မာအမျိုးသမီးဗုဒ္ဓသမီးတော်များအတွက် ကြည်နူးဝမ်းသာဖြစ်မိပါကြောင်းမှတ်တမ်းတင်အပ်ပေ၏။