Q: How can you deal with a person who is not appreciating your love?

Q: How can you deal with a person who is not appreciating your love?

A: Well, it is a good question you should learn to be clear. Sometimes, we can experience with those who do not appreciate our love and loving activities. You can even meet some people who do not acknowledge your love. However, we must be clear with why we practice love and loving actions towards people and all the beings.

Actually, we must practice love and loving actions not because we want to receive the returns of love or the loving responses from someone else but it must be because we know and we fully understand the value of love and the quality of love towards all the beings. I believe that there will be no matter whether the others appreciate our love or not when we practice love by fully understanding the value and the quality of love.

The practice of love with such an understanding will bring you spiritual benefits even though the others do not bring anything for you. The most important thing you have to do in practicing true love fully understanding the value and the quality of love is that you must keep practicing it without thinking or feeling whether they appreciate or acknowledge your love or not.

That’s not really important but you have to be aware of your thinking or feeling that they do not appreciate your love and loving actions towards them and observe your thinking and feeling arisen concerning them at the moment and let those thinkings and feelings go.

I’m sure that we must not stop our pure and noble hearts of love towards all the beings including those who do not appreciate our love and loving actions towards them because we are fully confident of your love and we fully understand the value and the quality of love developed in our hearts. I hope you get it.

Q: Well, thanks a lot, Sir. I will try to practice “The attention, the observing such thoughts and feelings and letting go of them”. It is really a great lesson I have learnt from you today.

“ငါ့သင်္ကန်းစွန်ကိုဆွဲ၍ ငါ့နောက်ကိုထပ်ကြပ်မကွာလိုက်နေသည့်တိုင်အောင်

“ငါ့သင်္ကန်းစွန်ကိုဆွဲ၍ ငါ့နောက်ကိုထပ်ကြပ်မကွာလိုက်နေသည့်တိုင်အောင် ဓမ္မကိုမကျင့်သုံးသည်ရှိသော်”

မြတ်ဗုဒ္ဓကတစ်ချိန်က “ငါ့သင်္ကန်းစွန်ကိုဆွဲ၍ ငါ့နောက်ကိုထပ်ကြပ်မကွာလိုက်နေသည့်တိုင်အောင် ဓမ္မကိုမကျင့်သုံးသည်ရှိသော် ငါနှင့်တွေ့သည်မမည်”ဟု မိန့်တော်မူခဲ့ဘူးပေ၏။ မှန်ပေ၏။ ယခုဤမိသားစုသည် ကိုစိုးဝင်းကြီးခေါ်လာခဲ့သော ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သော ပြင်သစ်နိုင်ငံမှမိသားစုဖြစ်ပေ၏။ ကိုစိုးဝင်းကြီးနှင့်တွေ့လာခြင်းသည်ပင် သူတို့အတွက် ကလျာဏမိတ္တနှင့်တွေ့ခဲ့ခြင်းဟု ဆိုရပေမည်။ အကြောင်းမှာ ကိုစိုးဝင်းကြီးသည် သူ့ဧည့်သည်များ တရားနာလိုကြသည်ဆိုက ဘုန်းဘုန်းရှိရာသို့ ရောက်အောင်ကို ပြေးလာတတ်ပေ၏။

ယခုလည်းဤမိသားစုသည် မိမိက “How often do you meditate?” ဟု မေးကြည့်သောအခါ ဥရောပ၌နေထိုင်ကြသော်လည်း တစ်နေ့တစ်ကြိမ်တရားထိုင်ဖြစ်ကြသည်ဟုဆို၏။ သို့သော်သူတို့ကျင့်နေသော တရားထိုင်ခြင်းသည် “ဇင်ကမ္မဋ္ဌာန်း”ဖြစ်နေသည်ကို တွေ့ရပေ၏။ မှန်ပေ၏။ သူတို့၌ကား ရွေးချယ်စရာအလွန်နည်းနေ၍ တရားထိုင်ရန်ဟုရွေးလိုက်ရာ “ဇင်” တရားထိုင်နည်းတို့ transcendental meditation” တို့ စသည်ဖြစ်နေပေ၏။ ဤသည်ကား သူတို့အမှားဟုမဆိုနိုင်ပေ။ သူတို့အတွက် no choice ဖြစ်နေခြင်းက အဓိကပြဿနာဖြစ်ပေ၏။

သို့သော် မြန်တို့ခေါ်သော ဈာန်၊ တရုတ်တို့ခေါ်သော “ချန်း”၊ ဂျပန်တို့ခေါ်သော “ဇင်”၊ ပါဠိအခေါ် “ဈာန” သက္ကတအခေါ် “Dyāna” စသည်တို့သည်ကား အခေါ်သာကွဲသော်လည်း သမထကမ္မဋ္ဌာန်းချည်းတည်း။ သမထကမ္မဋ္ဌာန်းသည် အမျိုး (၄၀)ပင်ရှိပေ၏။ ထို “ဇင်ကမ္မဋ္ဌာန်း”သည် သမထကမ္မဋ္ဌာန်း အမျိုးအစား၌ပါဝင်ပေ၏။ သို့သော် ဘုန်းဘုန်းတို့က ဝိပဿနာဖက်ရောက်လာအောင် သေချာပြောပြပေးရပေ၏။ မိမိတို့ရွှေမြန်မာပြည်၌ပင် တရားရှုနည်းတွေပေါလွန်းလို့ အချို့လွဲချော်နေသူတွေ များစွာရှိနေသည်ကို မိမိကိုယ်တိုင် ပြုပြင်ပေးရသည့်အခါများရှိပေ၏။

တရားကိစ္စ၌ ကလျာဏမိတ္တသည်သာ လိုရင်းဖြစ်ပေ၏။ မိမိထံရောက်လာကြသော ပြည်တွင်းပြည်ပမှ တရားစိတ်ဝင်စားသူများအတွက်ကား ကလျာဏမိတ္တများ အဆင်သင့်ရှိနေတတ်ခြင်းက ပါရမီရှင်များအတွက် ကံကောင်းနေခြင်းတည်း။ ကိုလှမြင့်ကြီး၊ လှစပယ်လေး၊ မင်းမင်းခင်၊ ရဲရဲ၊ ကျော်စွာ၊ ဝင်းဇော်ဦး၊ နန်းစိန်သန်း၊ ဒေါ်မေဘယ်၊ နောရာဝင်း၊ ကိုစိုးဝင်းကြီး၊ စသည်စသည် senior junior guide တွေများစွာရှိပါနေပေ၏။ သူတို့တွေဟာ ကလျာဏမိတ္တတွေချည်းသာဖြစ်ပေ၏။ ယခုနာမည်များသည် ဘုန်းဘုန်းနားကို သူတို့ရဲ့တရားစိတ်ဝင်စားသူ ဧည့်သည်များနှင့် အဝင်အထွက်များသူတွေကိုသာ ဥပမာမျှဖေါ်ပြလိုက်ခြင်းဖြစ်ပေ၏။

ကိုဝင်းဇော်ဦးတို့ဆိုလျှင် သူချည်းသာမက သူတပည့်လေးတွေ သူ့ရဲ့ senior junior guide မိတ်ဆွေတွေကိုပါ ကောင်းစွာသိစေချင်လို့ ပြီးခဲ့တဲ့နှစ်က ဝါတွင်းကြီးသူအားတဲ့ အချိန်လေးမှာ ဘုန်းဘုန်းကိုပင့်ပြီး သူ့တပည့်လေးတွေ သူ့မိတ်ဆွေတွေကို ဓမ္မဒါနလုပ်ပေးခဲ့သေးတယ်။ အခုလည်းနွေရာသီတရားစခန်းလုပ်ချင်တယ်ဆိုပြီး active ဖြစ်နေတာကို တွေ့ရပြန်တယ်။ ဒီလိုလူမျိုးတွေဟာ ကလျာဏမိတ္တတွေချည်းပါပဲ။ သူတို့တွေဟာ သူတို့ရဲ့ပြည်ပကဧည့်သည်တွေကိုလည်း သူတို့ရဲ့ထေရဝါဒဗုဒ္ဓဘာသာ ဓမ္မအကြောင်းကို အလွန်သိစေချင်ကြပါတယ်။ ဒါကြောင့်သူတို့ရဲ့ဧည့်သည်တွေစိတ်ဝင်စားကြတယ်ဆိုရင် ဘုန်းဘုန်းနားကို မရောက်ရောက်အောင် ခေါ်လာတတ်ကြတယ်။ သူတို့တွေဟာ ကလျာဏမိတ္တစစ်စစ်တွေဖြစ်နေကြပါတယ်။

ယခုပြင်သစ်မိသားစုဆိုရင်လည်း သူတို့တွေဟိုဥရောပနိုင်ငံတွေမှာ မွေးဖွားခဲ့ကြသော်လည်း တရားကိုစိတ်ဝင်စားကြတယ်။ မျက်နှာလေးတွေကလည်း ဧချမ်းတဲ့အသွင်ဆောင်နေတာကို တွေ့ရတယ်။ ဘုန်းဘုန်းနဲ့တွေ့လျှင်တွေ့ခြင်းပဲ နောက်ကတကောက်ကောက်ပါအောင် ဓမ္မဆွဲအားနဲ့လိုက်လာခဲ့တော့တာပါပဲ။ သူတို့တွေဟာ သင်္ကန်းစွန်ကိုဆွဲလိုက်နေသူများ မဟုတ်ကြသော်လည်း ပါရမီအားကြီးတော့ တရားဆိုတာနဲ့တွေ့ထိခွင့် ကျင့်သုံးခွင့်ရနေကြလေရဲ့။ မြတ်ဗုဒ္ဓမိန့်သည့် “ငါ့သင်္ကန်းစွန်ကိုဆွဲ၍ ငါ့နောက်ကိုထပ်ကြပ်မကွာလိုက်နေသည့်တိုင်အောင် ဓမ္မကိုမကျင့်သုံးသည်ရှိသော် ငါနှင့်တွေ့သည်မမည်”ဟူသော သြဝါဒတော်ကို သတိအမြဲရကြပါစေသော်။ အပ္ပမာဒေန သမ္ပာဒေထ။

The two different beauties

The two different beauties

The young are like sunrise
That is growing brighter and brighter
With beautiful dreams and hopes.

The aged are like sunset
That is growing darker and more mature
With smiles and experiences of life.

The young like sunrise give us energy
That can begin a day with perfect light
The aged like sunset give us lessons
From whom we can learn how to smile
Satisfying our life-experiences when become aged.

The two beauties of sunrise and sunset give us
Two different tastes that can make us feel attractive.

If we can learn from the two beauties of both
The young and the aged,
We can become wiser to lead ourselves and the society.

So we should visit to the house of the aged
And to the caring center of the young
By providing them what they need.

Then, we will wisely learn from both beauties
Of the young like sunrise and the aged like sunset.
The two different beauties will make us taste different
And will make us learn how to live more wisely.

(Note: I got this idea by doing a charity visit to the house of the aged and the caring center of the young with their volunteering teachers who give them education they cannot afford).

စိတ်ချမ်းသာခြင်း စိတ်ဆင်းရဲခြင်းနှင့် ကောင်းကင်ငရဲ

စိတ်ချမ်းသာခြင်း စိဆင်းရဲခြင်းနှင့် ကောင်းကင်ငရဲတွေဟာ ဘုရားသခင်နတ်ဆိုးတွေနဲ့ဆိုင်ရဲ့လား မိမိနဲ့တိုက်ရိုက်ဆိုင်နေသလား

စိတ်ချမ်းသာခြင်းမချမ်းသာခြင်း အပါယ်ငရဲကျခြင်း နတ်ပြည်နတ်ဘုံရောက်ခြင်းသည် မည်သည့်ဘုရားသခင်နှင့်မျှမဆိုင် သင်၏ကောင်းမှုမကောင်းမှု နေနည်းထိုင်နည်းနှင့်သာသက်ဆိုင်ပါကြောင်း သင်မကောင်း၍ပြုပြင်နေထိုင်လျှင် အားလုံးချမ်းသာမည်ဖြစ်ပါကြောင်း မပြုပြင်ဘဲ မကောင်းအတိုင်းဆက်နေက သင်ရောသင်နှင့်ဆက်စပ်သူများပါ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ကြရမည်ဖြစ်ပါကြောင်း အထူးသတိထားစေချင်သည်။

As soon as you wake up, you should try to be used to mediating at first hour every morning without thinking of anything. It will make your life beneficial physically and mentally. The longer you do it regularly, the better benefit you will experience with it. I’m in my simple bed and simple meditation every morning. When you are a yogi, whatever you use should be simple and cleaned and mentally should be honest. It helps your concentration get developed faster. Then, wisdom will be clearer to see things as they are. Then, you will feel easier and happier to live in everyday’s life with calmness.

ဤသည်ကား အပြောသမားအတွက်မဟုတ်ပါ။ လက်တွေ့လုပ်လိုသူများ လက်တွေ့လုပ်လို့ရအောင်အားပေးလိုခြင်း၊ လက်တွေ့အကျိုးကျေးဇူးများကို သိပ္ပံနည်းကျကိုယ်တွေ့ခံစားစေလိုခြင်းကြောင့်သာ ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။ ကျမ်းစာပါမဂ် ကျမ်းစာပါဖိုလ် ကျမ်းစာပါနိဗ္ဗာန်တွေအကြောင်းကို ဘာသာရေးဆန်ဆန် စာဖတ်ပြီးပြောရသည်မှာ ပျင်းစရာအလွန်ကောင်းလှပါကြောင်း။ သိပ္ပံနည်းကျကိုယ်တွေ့သိနိုင်သော အခြေခံကနေစ၍လက်တွေ့လုပ်လျှင်ကိုယ်တိုင်တွေ့နိုင်သည်ကိုသာ ပြောဆိုလိုခြင်းဖြစ်ပေ၏။

အင်္ဂလိပ်လိုရေးသားထားခြင်းသည် national humanity ထက် international humanity ကိုရည်ရွယ်ထားခြင်းသာဖြစ်ပေ၏။ မိမိသည်ဝါသနာပါ၍ပြောဆိုရေးသားနေသူမဟုတ်ပါ။ အပျင်းပြေရေးသားပြနေခြင်းမဟုတ်ပါ။ တောရဆောက်တည်သော တောရဝါ ၁၆ ဝါ အပါအဝင် နှစ်ပေါင်း ၃၀ လောက် ပရိယတ်ပဋိပတ်စနစ်တကျအားထုတ်ရင်း အခြားသူများကိုလည်းဗုဒ္ဓဘာသာဟုတ်ချင်ဟုတ်မဟုတ်ချင်နေ ကျင့်လျှင်အကျိုးတူရနိုင်ကြောင်းကိုသာရိုးသားစွာ သိစေချင်သည်ဖြစ်ပေ၏။

ဓမ္မသည်လူသားများအား ဘာသာတရားများလို ယုံကြည်မှုဖြင့် ပုံသွင်းကန့်သတ်တာမရှိကြောင်း ဗုဒ္ဓဘာသာဟုတ်ဟုတ်မဟုတ်ဟုတ် စနစ်တကျနည်းလမ်းတကျကျင့်သူတိုင်း ကမ္ဘာကြီး၏မည်သည့်နေရာတွင်နေနေ ခွဲခြားမှုကင်းစွာ အကျိုးတူရနိုင်ကြောင်းကိုပေါ်လွင်အောင်ကြိုးစားနေခြင်းမျှသာတည်း။ ဗုဒ္ဓဘာသာဝင်ဟုတ်သည့်တိုင်အောင် မကျင့်သူအတွက် လက်တွေ့အကျိုးရနိုင်မည်မဟုတ်ပါကြောင်းသာ ထင်ရှားစေလို၍ ရေးသားတင်ပြနေခြင်းဖြစ်ပါကြောင်း။

မည်သည့်ဘာသာရေး၌ဖြစ်စေ အစဉ်အလာအရ ဆရာတော်ဟုအခေါ်ခံနေရသည့်တိုင်အောင် အကုသိုလ်များကိုအားထုတ်နေက အကုသိုလ်များကသာ အပါယ်ငရဲကိုချမည်ဖြစ်ပါကြောင်း။ သင်ကောင်းခြင်းမကောင်းခြင်းကို ဘုရားသခင်အားလှည့်မချဘဲ သင်ကိုယ်တိုင်သိနေသည်ဖြစ်၍ စိတ်ဆင်းရဲစိတ်ချမ်းသာခြင်းကို သင်ကိုယ်တိုင်သာ ဆုလာဒ်ပေးအပြစ်ဒဏ်ခတ်နေသည်ကား မငြင်းသာပါကြောင်း။

ကောင်းကောင်းနေ ကောင်းကောင်းလုပ်က သင်အပါအဝင်သင်နှင့်ဆက်နွယ်သူအားလုံး စိတ်ချမ်းသာမှုဆုလာဒ်များကိုရရှိကြပြီး မကောင်းနေမကောင်းလုပ်က စိတ်ဆင်းရဲမှုဆုလာဒ်များကိုသာရရှိနေသည်မှာ သင်ကိုယ်တိုင်ကိုယ်တွေ့သိနိုင်ပါကြောင်း။ ဒါကြောင့် ဗုဒ္ဓက “Not to evil, to do good and to purify one’s mind.”ဟူသော အဆုံးအမသည် ဗုဒ္ဓအဆူဆူ၏ သြဝါဒအဆုံးအမစကားအဖြစ်မိန့်တော်မူခဲ့ပါကြောင်း။ အပ္ပမာဒေန သမ္ပာဒေထ။

သေပြီး soul လိပ်ပြာဝိညာဏ်က ဘယ်ရောက်သွားပြီးဘာများဖြစ်သွားသလဲ။

(ဖတ်ကြည့်စေချင်၍ပြန်လည်ဝေမျှသည်)
သေပြီး soul လိပ်ပြာဝိညာဏ်က ဘယ်ရောက်သွားပြီးဘာများဖြစ်သွားသလဲ။

မေး။ ။မနေ့မနက် ၁၀:၃၀ လောက်ဖြစ်မယ်ထင်ပါတယ်။ မိမိကအလွန်ယဉ်ကျေးသိမ်မွေ့ ပညာတတ်ဆန်ကြတဲ့ Switzerland ကမိသားစုနဲ့ အတော်အဓိပ္ပါယ်ရှိပြီး ကြည်နူးစရာစကားတွေနဲ့ ပျော်ရွှင်နေကြတဲ့အချိန်မှာ အမှတ်မထင် ဒါယကာတစ်ယောက်က နဘေးကနေဝင်နားထောင်နေတာကို တွေ့ရပါတယ်။ သူကသူကိုယ်သူ အမေရိကန်လူမျိုးဖြစ်ကြောင်း ဟိန္ဒူတစ်ယောက်ဖြစ်ကြောင်း မိတ်ဆက်လာပါတယ်။ ပြီးတော့ “သေပြီး soul လိပ်ပြာဝိညာဏ်က ဘယ်ရောက်သွားပြီးဘာများဖြစ်သွားသလဲ”ဆိုတဲ့ မေးခွန်းကိုမေးပါတယ်။

ဖြေ။ ။သေပြီး soul လိပ်ပြာဝိညာဏ်က ဘယ်ရောက်သွားပြီးဘာများဖြစ်သွားသလဲ ဆိုတဲ့မေးခွန်းမှာ အဲဒီ “သေပြီး soul လိပ်ပြာဝိညာဏ်က ဘယ်ရောက်သွားပြီးဘာများဖြစ်သွားသလဲ”ဆိုတာက အတော်ကို religious ဖြစ်နေပါတယ်။ အဲဒီလို religious မေးခွန်းတွေဟာ မေးဖြေနေမယ်ဆိုရင် ဘယ်တော့မှ ပြီးဆုံးမည့်အရာတွေမဟုတ်သလို ဘယ်တော့မှစိတ်ကျေနပ်စရာတွေ ဖြစ်လာမှာလည်း မဟုတ်ပါဘူး။ religious question ကို religious acceptance သာလုပ်ရပါလိမ့်မယ်။ သို့သော်လည်း မိမိသည် သချာၤပညာကိုလေ့လာသင်ယူခဲ့တာဖြစ်လို့ တိကျခိုင်မာမှုရှိတာကိုသာ နှစ်သက်ကြောင်း၊ ဝေဝေဝါးဝါးရှင်းလင်းချက်တွေကို လုံးဝမနှစ်သက်ကြောင်းကို သေချာရှင်းပြပါတယ်။

ပြီးတော့မိမိကလေးဘဝ ကျောင်းနေစဉ်ကာလကတည်းက မိမိ၏သူငယ်ချင်းတွေထဲမှာ ခရစ္စယာန်တွေရော မွစ္စလင်တွေရော ဗုဒ္ဓဘာသာတွေရော ဟိန္ဒူတွေရောပါဝင်ကြောင်း၊ မိမိသည်လည်းမိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ယောက်မျှသာဖြစ်ခဲ့ကြောင်း သို့သော်ထိုဘာသာရေးတွေနဲ့ မိတ်ဆက်လာတဲ့အခါ ဘာရယ်လို့နားမလည်သော်လည်း မိမိစိတ်ထဲ၌ကား မိမိတို့လူချင်းအတူတူကို ဘာသာတရားတွေကကွဲခြားခံရသည် ဟုခံစားရ၍ ဘာသာရေးကို မိမိလုံးဝမနစ်သက်ခဲ့ပေ။ ထိုဖြေရှင်းချက်ကို ထိုအမေရိက၌နေထိုင်သည့် ဟိန္ဒူဘာသာဝင်ဟူသော ဒါယကာကြီးက That’s right. လို့ ပြုံးရွှင်စွာထောက်ခံလာသည်ကို တွေ့ရပါတယ်။

မိမိကိုယ်တိုင် ဗုဒ္ဓသင်ပြတော်မူတဲ့ ဝိပဿနာကိုအားထုတ်မိသောအခါ၌ကား ထိုနောက်ဘဝရှေးဘဝ သေပြီး soul ကဘာဖြစ်သွားလည်း ဘယ်ရောက်သွားလဲဆိုတာထက် ပစ္စုပ္ပန်အခိုက်အတန့်တိုင်း၌ ဖြစ်ပေါ်၍လာသော အခြေအနေအရပ်ရပ်ဖြင့် ပြေလည်အောင်နေထိုင်တတ်ရန် သတိထားပြီးနေတတ်ဖို့ လောဘဒေါသမောဟတွေနဲ့ မတုန့်ပြန်မိစေဘဲ သတိပညာဖြင့် ဖြစ်သမျှတိုင်းကို သိနေတတ်ဖို့ ဖြစ်နိုင်ရင် လုပ်စရာရှိတာကိုလုပ် ပြောစရာရှိတာကိုပြော လောဘဒေါသမောဟစတဲ့ ကိလေစာတွေကို letting go လုပ်ဖို့ မိမိပြောဆိုပြုမူတဲ့ထဲမှာ အဲဒီကိလေသာတွေ နည်းစေပါးစေဖို့ မပါစေဖို့ကိုသာ သင်ပြနေတာ လေ့ကျင့်ပေးနေတာကို တွေ့လာတဲ့အခါ ဘာသာဝါဒနဲ့ဘာမျှမပတ်သက်တော့ဘဲ မည်သူမဆို စိတ်ချမ်းသာလိုက ဒီနည်းအတိုင်းနေထိုင်သင့်ကြောင်းကို မှန်ကန်စွာသဘောပေါက်လာပါတယ်။

ဘာသာဝါဒဆိုင်ရာတွေကိုလည်း အသိဉာဏ်ဖြင့် လှစ်လျှူရှုနိုင်လာပါတယ်။ သိပ်ပြီးရေးကြီးခွင်ကျယ်အချိန်ကုန်ခံပြီး မဆွေးနွေးလိုတော့ပါဘူး။ ဆွေးနွေးနေလည်း အချိန်ကုန်ပါတယ်။ အကျိုးရလာဒ်အလွန်နည်းပါတယ်။ ဆိုခဲ့တဲ့ဝိပဿနာကိုသာ လေ့ကျင့်နိုင်မယ်ဆိုရင် မိမိတို့အားလုံးဟာ သမ္မာဒိဋ္ဌိ right understanding ရရှိလာကာ ဘာသာရေးတွေအပေါ်မှာ နားလည်ခွင့်လွှတ်နိုင်လာပြီး လှစ်လျှူရှုမှုအားကောင်းလာပါလိမ့်မယ်။ နောက်ဘဝဆိုတာမျိုးတွေကို ဗုဒ္ဓဘာသာမှာ သင်ပြထားပေမယ့် မဖြစ်မနေယုံကြည်ရမည့် unquestioning or dogmatic faith မဟုတ်ပါဘူး။ ကောင်းတာတွေလုပ်က ကောင်းကျိုးတွေဖြစ်တယ် ကောင်းတဲ့ဘဝကိုရတယ်ဆိုတာမျိုး လောက်ကိုသာထင်ရှားအောင် သင်ပြပေးတာဖြစ်ပါတယ်။

သို့သော်ဗုဒ္ဓသည်ကား ဘဝတစ်ခုကိုရရင် အိုခြင်းနာခြင်းသေခြင်း၌သာ လမ်းဆုံးတာဖြစ်လို့ ဘဝကိုဆင်းရဲအမှန်သက်သက်အဖြစ်သာ သင်ပြတော်မူပါတယ်။ ကောင်းကင်ဘဝကိုရသည်ဖြစ်စေ ငရဲဘဝကိုရသည်ဖြစ်စေ မချီးကျူးပါဘူး။ ပစ္စုပ္ပန်အခိုက်အတန့်တိုင်း၌ စိတ်ချမ်းသာစွာနေတတ်ရန်သာ သင်ပြတော်မူတာဖြစ်ပါတယ်။ စိတ်အချမ်းသာဆုံးအဆင့်ကတော့ သင့်ရဲ့ပြောဆိုပြုမူတွေးကြံမှုတိုင်း၌ လောဘဒေါသမောဟမာနအတ္တဣဿာမစ္ဆရိယ စတဲ့ကိလေသာတွေမပါတော့တဲ့ အချိန်သာဖြစ်ပါတယ်။

ဒီလိုချမ်းသာစစ်ကိုရအောင် သတိပညာဖြင့်နေထိုင်ရတဲ့ ဝိပဿနာအကျင့်ကိုစနစ်တကျ ကျင့်ဖို့သင်ပြပေးတော်မူခဲ့ပါတယ်။ တကယ်တော့ သေပြီး soul လိပ်ပြာဝိညာဏ်က ဘယ်ရောက်သွားပြီးဘာများဖြစ်သွားသလဲ ဆိုတာက လူသာမာန်များအနေဖြင့် နားလည်ရန်လက်ခံနိုင်ရန် အလွန်အလှန်းဝေးပါတယ်။ ပစ္စုပ္ပန်တိုင်း၌စိတ်ချမ်းသာအောင် နေထိုင်နည်းကပိုပြီးနီးစပ်ပါတယ်။ ပိုပြီးလက်တွေ့ကျပါတယ်။ သိပ္ပံနည်းကျပါတယ်။ တကယ်ချမ်းသာစစ်ကို အလိုရှိသူတိုင်းသည် ဤသို့လောဘစသောကိလေသာများကို စွန့်နိုင်အောင် ဝိပဿနာကိုလက်တွေ့ကျင့်ဖို့လိုပါတယ်ဆိုတော့ အဖိုးကြီးကျေနပ်ပြုံးရွှင် လက်ခံသွားတာကိုတွေ့ရပါတယ်။

မှတ်ချက်။ ။အင်္ဂလိပ်လိုရေးလိုက်လျှင် အချို့ခံစားကြည့်၍မရမည်စိုးသောကြောင့် မြန်မာလိုရေးလိုက်ခြင်းသာတည်း။ တစ်နာရီခန့်ပြောလိုက်ရတဲ့စကားကို ရှုံ့လိုက်ရတာဖြစ်ပါတယ်။ တကယ်ပြောခဲ့တဲ့ထဲမှာတော့ ဥပမာများဖြင့် ပိုပြည့်စုံပါတယ်။ နားလည်ကြမည်ဟု မျှော်လင့်မိပေ၏။

လောကီလောကုတ္တရာအကျိုးနှစ်ခုလုံးဆုံးရှုံးသူမဖြစ်စေလို

လောကီလောကုတ္တရာအကျိုးနှစ်ခုလုံးဆုံးရှုံးသူမဖြစ်စေလို

လောကီကိစ္စတွေဆိုတာက အဖြူဆုံးအဆင့်အထိကျင့်နိုင်ဖို့ဆိုတာမလွယ်ပါဘူး။ လောဘဒေါသမောမာနစတဲ့ ကိလေသာတွေပေါ်မှာအခြေခံပါတယ်။ ဒါကြောင့်လည်းတခါတရံတရားစခန်းဝင်ခြင်းဆိုတာရှိလာရပါတယ်။ လောကုတ္တရာတရားကို တစိုက်မတ်မတ်ကျင့်ရမည့် ဘုန်းကြီးတစ်ပါးဟာလောကီအလုပ်တွေနဲ့ မရှုပ်သင့်ပါဘူး။ ဖြောင့်မတ်ဖြူစင်ခြင်းဟူသော လောကုတ္တရာအကျင့်မြတ်ဖြင့်သာ အားလုံးကိုချမ်းသာစေသင့်ပါတယ်။

ရဟန်းဖြစ်ပါလျှက် မည်းညစ်ကောက်ကျစ်နေပြီဆိုရင်တော့ “အစွန်းနှစ်ဘက်မှာမီးလောင် အလယ်မှာက မစင်ကျင်ကြီးပေနေတဲ့ တောမှာရောမြို့မှာပါ အသုံးမဝင်တော့တဲ့ သုဿန်တစသဂျုႋင်းဝက ထင်းကုလားတုံးနဲ့တူသော လောကီအကျိုးရောလောကုတ္တရာအကျိုးရောနှစ်မျိုးလုံးဆုံးရှုံးရသူ”လို့ အင်္ဂုတ္တရနိကာယ်မှာ ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထားတာရှိပါတယ်။ ရဟန်းမှန်သမျှသတိမူစရာအလွန်ကောင်းပါတယ်။ တစ်မဂ်တစ်ဖိုလ်ဆိုတာမျိုးဝေးစွ ညစ်ပေပြီးသေသွားရရင်ဖြင့် မတွေးဝံ့စရာဖြစ်ပါလိမ့်မယ်။

ခုခေတ်မှာ လုပ်ချင်သလိုလုပ်လုပ်ချင်ရာလုပ်နေတာတွေအများကြီးတွေ့မြင်ကြားသိနေရလို့ စိတ်ထိခိုက်ရပါတယ်။ မြန်မာပြည်ဟာ ဓမ္မဝိနယကိုကျင့်ချင်သလိုကျင့်နေကြလို့ ကံကြီးထိုက်နေရော့သလားလို့တောင်ခဏခဏစဉ်းစားမိလာပါတယ်။ ရဟန်းသံဃာကိုတွေကိုချဉ်းကပ်မှုမှာလည်း သီလသမာပညာဂုဏ်ကိုအခြေမခံနိုင်ကြတော့ပဲ ထင်သလိုလုပ်နေကြတာကခပ်များများဖြစ်နေတာကိုတွေ့ရပါတယ်။ မြန်မာပြည်နှင့်ထေရဝါဒသာသနာဂုဏ်ကျက်သရေရှိလာစေဖို့ ဗုဒ္ဓဓမ္မကိုမြတ်နိုးတန်ဖိုးထားသူတိုင်းဟာ သတိကြီးကြီးထားသင့်ပါကြောင်း။

ရခဲလှတဲ့လူ့ဘဝရခိုက်မှာ လူပီသအောင်နေထိုင်တတ်ဖို့ကလည်း အလွန့်အလွန်မှအရေးကြီးလှပါတယ်။ အသက်ကြီးရင့်လာတာနဲ့အမျှဉာဏ်တွေအသိတွေလည်းကြီးရင်လာပြီး တကယ့်လူကြီးလူကောင်းဖြစ်ဖို့ကျိုးစားသင့်ပါတယ်။ “အသက်သာကြီး ဉာဏ်မကြီး ကြီးတာအလကား”ဆိုတာမျိုးမဖြစ်စေဘဲ “အသက်လည်းကြီး ဉာဏ်လည်းကြီး ကြီးတာတန်ဖိုးများ”ဆိုတာမျိုးသာဖြစ်သင့်ပါတယ်။

ဘုန်းဘုန်းချစ်သောရွှေဂိုက်များသို့ မေတ္တာကြီးကြီးဖြင့်

ဘုန်းဘုန်းချစ်သောရွှေဂိုက်များသို့ မေတ္တာကြီးကြီးဖြင့်

မဟာဂန္ဓာရုံဆရာတော်ကြီး၏ဆန္ဒတော်နှင့် ယခုလက်ရှိလုပ်ဆောင်နေပုံတစ်စိတ်တစ်ဒေသကို ယှဉ်တွဲသိရှိနားလည်နိုင်ရန်နှင့် အကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြရန်

မိမိအနေဖြင့်ကား tourism နှင့်မဟာဂန္ဓာရုံ အခြေအနေတွင် ရပ်တည်ချက်မပြောင်းပါ။ ဒီလောက်ပရိယတ်ပဋိပတ်ဂုဏ်သိက္ခာဖြင့် နေလိုလလို နှစ်ပေါင်းများစွာရပ်တည်လာသော မဟာဂန္ဓာရုံကျောင်းတိုက်ကြီးကို tourist attraction အဖြစ်မျှ မလုပ်စေချင်ပါ။ မိမိသည်သာ ဆရာတော်ကြီးများ၏နေရာဖြစ်ခဲ့သော် “No Tourist”ဟူသော signpost ကို ချက်ချင်းကောက်ချိတ်မိမည်မှာ အလွန်သေချာလှပေ၏။ အဘယ်ကြောင့်ဆိုသော် ကျေးဇူးရှင်ဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသ၏ ဆန္ဒတော်ကိုမိမိရောက်လေရာတွင် အကောင်အထည်ဖေါ်ဆောင် ကျင့်သုံးနေခြင်းကြောင့်တည်း။

မိမိ၏တောရကျောင်းတိုက်တွင် ✖️ပြည်တွင်းပြည်ပမှဘုရားဖူးလျှောက်လည်တိုးရစ်သက်သက်ကို✖️လုံးဝဥဿုံလက်မခံပါ။ သို့သော်တရားအားထုတ်လိုလျှင်ကား ပြည်တွင်းပြည်ပမခွဲခြားဘဲ အားလုံးကိုလက်ခံပေ၏။ မိမိ၏တောရသို့လာလိုသော နိုင်ငံခြားသားတိုင်းကိုလည်း စကားစမည်ပြောရုံသက်သက်ဆို လုံးဝမလာဖို့ ပြဿားစွာပြောရပေ၏။ အမှန်တကယ်တရားအားထုတ်လိုက (၇) ရက်တိတိနေထိုင်ခွင့်ပေးပြီးသင်ပြပေး၏။ အားထုတ်စေ၏။ ဒီလိုမဟုတ်ရင်ဗရုပ်သုက္ခ တိုးရစ်မှန်သမျှအကုန်ရောက်လာက မိမိအတွက်တရားအားထုတ်ရန် များစွာအနှောက်အယှက်ဖြစ်နိုင်ပေ၏။

မဟာဂန္ဓာရုံကျောင်းတိုက်ကြီးကို စတင်ထူထောင်တော်မူခဲ့သော ကျေးဇူးရှင်ဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသသည် တိတ်ဆိတ်ငြိမ်သက်ပြီး တရားမဲ့သောပရိသတ်နှင့် တရားမဲ့သောလာဘ်လာဘကင်းသည့် ဝိဝေကကိုလိုလားနှစ်သက်တော်မူ၏။ စာပေသင်ယူရာ၌ပင် စာကိုအသံထွက်၍ပြန်ဆိုခြင်းမပြုရဘဲ တိုးတိုးတိတ်တိတ်ပြန်ဆိုရပေ၏။ ဤသည်ကို ယခုလက်ရှိ သက်တော် ၆၀ ကျော် ၇၀ ပတ်ဝန်းကျင်ဆရာတော်များ အားလုံးသိပြီးဖြစ်ကြပေ၏။ ထိုဆရာတော်များ၏ ဆုံးမသင်ပြသြဝါဒဖြင့်မိမိကိုယ်တိုင်ပင် စာကိုတိတ်တိတ်ဆိတ်ဆိတ်ကျက်မှတ်ရန် ကြိုးစားခဲ့သလို မိမိသင်ပြပေးရ၍ မိမိထံစာပြန်ကြသော တပည့်များကိုလည်း တိုးတိုးစာပြန်ကြရန် တိုက်တွန်းလုပ်ကိုင်ခဲ့ဘူးပေ၏။

ဤကဲ့သို့တိတ်ဆိတ်ခြင်းငြိမ်သက်ခြင်း တရားမရှိသောပရိတ်သတ် တရားမပါသောလာဘ်လာဘများမှကင်းဆိတ်မှု(ဝိဝေက)ကိုနှစ်သက်၍ ဧကစာရီတောရဆောက်တည်ကျင့်သုံးနေသည်မှာ ၁၆ နှစ်ပင်ရှိခဲ့ပေပြီ။ မိမိတောရဆောက်တည်ကျင့်သုံးခြင်းသည်လည်း ကျေးဇူးရှင်ဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသ၏ ဆန္ဒတော်အတိုင်းအားထုတ်နေခြင်းတည်း။ ဆရာတော်ဘုရားကြီးသည် တောရဆောက်တည်ကျင့်သုံးကာ ဓမ္မဝိနယစစ်စစ်ဖြင့် နေထိုင်လိုသောဆန္ဒအလွန်ပြင်းပြတော်မူခဲ့ပေ၏။

သို့သော်ပရိယတ္တိစာပေကိုလည်း သံယောဇန်ကြီးကာ နောင်လာနောက်သားများ စာပေသင်ယူလေ့လာရေးတွင်လွယ်ကူစေရန်အကျိုးငှာ ဘာသာဋီကာကျမ်းများစွာကိုရေးသားလျှက် သာသနာပြုလိုစိတ်ပြင်းပြ၍ တောထွက်တောရဆောက်တည်ရန် အခွင့်မသာဖြစ်ခဲ့ရပေ၏။ ဆရာတော်ဘုရားကြီး၏ ဘာသာဋီကာတို့သည်လည်း အမှန်တကယ်ပင်ထိရောက် အကျိုးရှိလှပေ၏။ မိမိတို့တောရဆောက်တည် အားထုတ်ကြသော မဟာဂန္ဓာရုံမျိုးဆက်များအတွက် အထူးကိုအကျိုးများပေ၏။ အကြိမ်ကြိမ်ကြည့်ရှုရ၍စာအုပ်များပင် စုပ်ပြတ်နေလေပြီ။

🌲🌲🌲🧘‍♂️🧘‍♂️🧘‍♂️ဤကဲ့သို့ကျမ်းပြုစာချဆရာတော်ကြီးဘဝနှင့်ပင် မဟာဂန္ဓာရုံကျောင်းတိုက်ကြီးကို တောရကျောင်းသဘွယ်တိတ်ဆိတ်ငြိမ်သက်အောင် ဖန်တီးတော်မူခဲ့ပေ၏။ ဝိနည်းတော်နှင့်အညီနေထိုင်၍ရအောင် စနစ်တကျဖန်တီးတော်မူထားခဲ့၏။ ဆရာတော်ဘုရားကြီးက စိတ်ကောင်းရှိသူသည် ဝိနည်းလေးစားဖို့ သဒ္ဓါတရားကောင်းကောင်းဖြင့် ပရိယတ္တိစာပေသင်ယူဖို့ တရားဘာဝနာအားထုတ်ဖို့လည်း အဖြစ်နိုင်ဆုံးဟုယုံကြည်တော်မူခဲ့ပေ၏။ ထို့ကြောင့်ပင်မဟာဂန္ဓာရုံကျောင်းတိုင်ကြီးတွင်နေထိုင်လိုသော ရဟန်းသံဃာမှန်သမျှသည် “စိတ်ကောင်းရှိဖို့က ပထမ၊ ဝိနည်းလေးစားဖို့က ဒုတိယ—“စသည့်စည်းကမ်းချက် ၁၀ ချက်ကို အစဉ်အတိုင်းလိုက်နာရမည်ဟု ချမှတ်ကျင့်သုံးစေတော်မူခဲ့ပေ၏။🌲🌲🌲🧘‍♂️🧘‍♂️🧘‍♂️

မိမိသည်တောရဆောက်တည်ကျင့်သုံးကာ ဤအချက်တို့ကိုဆက်လက်လိုက်နာ၍ ဆရာတော်ဘုရားကြီး၏ဆန္ဒတော်အတိုင်း နိုင်ငံတကာနှင့်ရင်ဘောင်တန်းလျက် သာသနာ့တာဝန်ထမ်းဆောင်နိုင်သော professional Theravāda Buddhist monk တစ်ပါးဖြစ်လာရန် ရိုးသားစွာအားထုတ်နေခြင်းမျှသာတည်း။ ထို့ကြောင့်အများမှားနေသောအမှားတို့ကိုထပ်မံ၍ မမှားလိုပေ။ ဤအကြောင်းကြောင့်ပင်မိမိ၏တောရဌာနတွင် အမှန်တကယ်သဒ္ဓါထက်သန်ပြီး မိမိအတွက်သူတပါးအတွက်သာသနာပြုလိုစိတ်အမှန်တကယ်ရှိသော သူတော်ကောင်းများကိုသာ ၁ မှ စ၍မွေးမြူမည်ဟု ဆုံးဖြတ်ထားပေ၏။

ယခုမိမိတို့ကျောင်းတိုက်ကြီးအတွက်လည်း မိမိဆန္ဒအတိုင်းဆိုလျှင် “No Tourist” to Mahagandhayon ဟူသော signpost ကိုချိတ်လျှက် တိုးရစ်သက်သက်ဝင်ရောက်ခွင့်ကို ပိတ်ပါမည်။ ပဓာနသာသနာ့တာဝန်ဖြစ်သော ပရိယတ်ပဋိပတ်တာဝန်ကိုသာ ပြည်တွင်းပြည်ပမှရောက်လာကြသော ရဟန်းသံဃာသူတော်ကောင်း လူသူတော်ကောင်းများအား လေ့လာသင်ယူကျင့်သုံးစေလျှက် နိဗ္ဗာန်နှင့်ဆီလျှော်အောင်ကျင့်သုံးနေထိုင်စေပါမည်။ နေထိုင်သွားပါမည်။ ဤအချက်ကို tourism တွင်လုပ်ကိုင်နေကြသော ထေရဝါဒီသူတော်ကောင်း အမျိုးကောင်းသားအမျိုးကောင်းသမီးများလည်း အထူးနှလုံးသွင်းစေလိုပါသည်။

ယခုသော် မိမိသည် Tourist များနှင့်ပတ်သက်၍ လက်ရှိဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသဆရာတော်ကြီးနှင့် ဘဒ္ဒန္တမဟိန္ဒ (အဂ္ဂမဟာပဏ္ဍိတ)ဆရာတော်ကြီးများအပါအဝင် ဆရာတော်အများစု၏ နှစ်ပေါင်းများစွာပွားများလာကြသော မေတ္တာနှလုံးသားသည်တားမြစ်ပိတ်ပင်ရန် မဖြစ်နိုင်လောက်အောင်နူးညံ့နေကြဆဲဖြစ်၍သာ နိုင်ငံခြားသားအများအပေါ် ပိတ်ပင်ရန်ဆန္ဒမရှိသေးသဖြင့်အားလုံးစိတ်ချမ်းသာမှုရှိစေရန် အလျှော်အတိုင်းဖြစ်သင့်သလောက်ဖြစ်ရန် လုပ်ဆောင်ပေးနေခြင်းမျှသာတည်း။ မိဆန္ဒအရဆိုလျှင် မနေ့ကတရုတ်တို့ရန်ဖြစ်သတ်ပုတ်ကြသည်အထိ အခြေအနေကို ကျောင်းတိုက်အပေါ်ဂါရဝကင်းမဲ့လာသည်ဟု ခံစားရပေ၏။ ထို့ကြောင့် ယခု မန္တလေး tourism မှ ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌ ညွှန်မှူး ဒုညွှန်မှူးများဖြင့် တွေ့ဆုံညှိုနှိုင်းလုပ်ဆောင်ကာ plan သုံးခုချမှတ်ထားပါပြီ။

ယခု plan A အရ ဆရာတော်ကြီးများဆန္ဒရှိသလို ပိတ်လည်းမပိတ်သေးဘဲ ကျောင်းတိုက်ကိုလည်း မလိုအပ်သည်များဖြင့်မရှုပ်ထွေးစေရအောင် စောင့်ကြည့်ကာလတွင် ဆောင်ရွက်စရာများကို စတင်ဆောင်ရွက်နေကြပေပြီ။ မိမိအနေဖြင့်ကား ကျောင်းတိုက်ကြီးရဲ့ဂုဏ်သိက္ခာကို ပစ်စလက်ခတ်ထိခိုက်မှုကို လုံးဝလက်ခံမည်မဟုတ်ပါ။ မိမိကြည်ညိုလေးစားတန်ဖိုးထားရသော ကျေးဇူးရှင်ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ မွန်မြတ်စွာလေးနက်စွာ တည်ထောင်ခဲ့သော ကျောင်းတိုက်ကြီးဖြစ်နေသောကြောင့်တည်း။ ထို့ကြောင့် ဆရာတော်အများစု၏မေတ္တာဆန္ဒနှင့်လည်းလျှော်ညီအောင် ကျောင်းတိုက်အတွက်လည်း အနှောက်အယှက်မဖြစ်စေရအောင် tourism မှတာဝန်ရှိသူများကို ဆရာတော်နှင့်တွေ့ဆုံပေးကာ လျှောက်ထားညှိုနှိုင်းစေခဲ့၏။

plan B အရ ဆိုလျှင် အကယ်၍သံဃာတော်များအား ဆွမ်းစားချိန်အနှောက်အယှက်အရမ်းဖြစ်လာသော် ဆရာတော်များလည်း စိတ်အနှောက်အယှက်ဖြစ်သည်ဟု ခံစားချက်ဖြစ်ပေါ်လာသည်ရှိသော် tourist များအားဆွမ်းစားကျောင်းအထိလာကြည့်ရန်ပိတ်ပါမည်။ ဒီဘက်ကဆွမ်းခံပုံစံကို ယခုကျောင်းတိုက်၏ မြောက်ဘက်က ကားကြီးများရပ်ရာ ကွင်းပြင်ထဲတွင် LED board ထောင်၍ အဲဒီမှာသာ တိုက်ရိုက် live လွှင့်ထုတ်ပြသပေးပြီး အဲဒီမှာသာ LED board ၌ ကြည့်ချင်သလောက်ကြည့်လျှက် ပြန်ကြရန် စီစဉ်ထားပါကြောင်း။

Plan C အရဆိုလျှင် မထိမ်းနိုင်တော့၍ completely disturbed and annoyed ဖြစ်လာသောအခါ tourist လည်ပတ်ခွင့်ကို လုံးဝအပြီးပိတ်လိုက်တော့မည်ဟု စီစဉ်နေပါကြောင်း ဟော်တယ်ခရီးသွားနှင့် senior junior guides များအား အသိပေးလိုက်ပါရစေ။ ဤကားပြောင်းလဲလာသော ခေတ်ကာလအခြေအနေနှင့် လက်ရှိမဟာဂန္ဓာရုံဆရာတော်ကြီးများနှင့်အတူ ဆရာတော်အများစု၏ မေတ္တာဆန္ဒကိုစနစ်တကျဖြည့်ဆည်းပေးရန် မန္တလေးဟော်တယ်ခရီးသွားအသင်းရယ် ဂိုက်အသင်းရယ် မိမိရယ် အကောင်းဆုံးဖြစ်အောင် ညှိုနှိုင်းစီစဉ်ဖန်တီးကြခြင်းမျှသာတည်း။ အားလုံးပူးပေါင်းဆောင်ရွက်ကာ အကောင်းဆုံးဖြစ်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လည်း မေတ္တာရပ်ခံပါရစေ။ ဘုန်းဘုန်းရဲ့ဆန္ဒအတိုင်းဆိုလျှင် တိုးရစ်သက်သက်ကို ပိတ်ပစ်ဖို့သာဆန္ဒရှိပါကြောင်း။

အားလုံးသတ္တဝါ ဘေးရန်ကွာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ။
ဗုဒ္ဓမြတ်စွာ သာသနာ ကမ္ဘာအနှံ့ရောက်ပါစေ။
သူငါများစွာ တန်ဖိုးရှာ လူ့ရွာနေကျိုးနပ်ပါစေ။

ရွှေမြန်မာအများစု၏အဓိကပြဿနာ

ရွှေမြန်မာအများစု၏အဓိကပြဿနာ

ရွှေမြန်မာတို့၏ မလိုအပ်ဘဲ အချင်းများအငြင်းပွါးရန်ဖြစ်နေကြရခြင်းသည် —–

၁။ အလုပ်မရှိဘဲသူများကိုတစ်စိမ့်ကြည့် ကိုယ့်စိတ်နှင့်ထပ်တူမဖြစ်ကဝေဖန်အပြစ်ပြောကာ ကပျက်ယပျက်ဖြစ်အောင်လုပ်ကြခြင်း။

၂။ အလုပ်ကို စနစ်တကျပညာတတ်ဆန်ဆန် မစဉ်းစားဘဲ အဆင်ခြင်မဲ့စွဲ randomly လုပ်တတ်ကြခြင်း။

၃။ မိမိ၏ဝစီကိုမထိမ်းသိမ်းဘဲ ယောကျာ်ကြီးများဖြစ်ပါလျှက် နောက်ကွယ်တွင် ဗလစ်ဗလစ်ပြဿနာမဖြစ်ဖြစ်အောင် အပြစ်ပြောဆိုတတ်ကြခြင်း။

ဤသုံးချက်ကြောင့် မလိုအပ်သော ပြဿနာအတော်များများဖြစ်ကာ ရှေ့လည်းမတိုးနောက်လည်းမဆုတ် နေရာတိုင်းတွင် တိုးတက်ရန်ခက်ခဲနေရခြင်းတည်း။ သတိထား၍ သူတစ်ပါးတွေ အဆိုးထဲမှအကောင်းဖြစ်အောင် လုပ်ဆောင်နေသည်ကို appreciative joy, မုဒိတာဖြစ်နိုင်ကြပါစေသော်။

မိမိအနေဖြင့်ကား အနာဂတ်ရွှေမြန်မာပြည်ကြီးအတွက် ရင်လေးနေဆဲတည်း။ ပညာရေးတွေမတူကြ။ အတွေ့အကြုံတွေမတူကြ။ အတွေးအမြင်တွေမတူကြ။ အမြင်ကျယ်မှုတွေမတူကြ။ မတူတာကိုညှိုမယူဘဲ ငါပြောတာသာအဟုတ် ငါပြောတာဟာဘုရားစကားဟု ဘုရားနဲ့ကိုင်ပေါက်ကာ အလုပ်မဖြစ်သော အယူအဆများကိုစွန့်နိုင်ကြပါစေသော်။

မိမိတို့သည် ပဋိစ္စသမုပ္ပါဒ်အရ တစ်ဦးတည်းအထီးကျန်နေထိုင်၍ မဖြစ်နိုင်ပေ။ ရဟန်းဘဝ ဧကစာရီကျင့်သည်ဆိုဦးတော့ ဆွမ်းလောင်းလှူမည့်ဒကာဒကာမတော့လိုအပ်နေဆဲတည်း။

ထိုဒကာသည် တံငါသည်ဖြစ်နေသောကြောင့် ငါသည်သီလကောင်းသော ဗုဒ္ဓဘာသာရဟန်းဖြစ်၍ ဆွမ်းမလောင်းနှင့်ဟုဆိုက လက်တွေ့ကျပါ၏လော။ ဗုဒ္ဓကိုယ်တော်တိုင်သင်သည်သားသတ်မုဆိုးဖြစ်နေ၍ ငါ့အားဆွမ်းမလောင်းရဟု တားမြစ်ခဲ့သော ဝတ္ထုသက်သေသာဓကများရှိပါ၏လော။ ဘေးထိုင်ဘုပြော မိသုဏဝါစာ ဖရုသဝါစာများဖြင့် ဗုဒ္ဓမနှစ်သက်သောလမ်းစဉ်အတိုင်း ရှေ့တိုးလို့မရနောက်ဆုပ်လို့မရဖြစ်အောင် ကန့်လန့်လုပ်နေမည့်အစား အဆိုးထဲကအကောင်းဘက်သို့ ရွေ့အောင်ညှိုနှိုင်းဆောင်ရွက်ခြင်းကသာ အဓိပ္ပါယ်ရှိစေပါလိမ့်မည်။

ဇယံ ဝေရံ ပသဝတိ၊ ဒုက္ခံ သေတိ ပရာဇိတော။ အရှုံးအနိုင်မရှိအောင် နေထိုင်ကြဖို့မြတ်ဗုဒ္ဓ ကောသလဘုရင်ကိုမိန့်ထားခဲ့လေရဲ့။

သူတစ်ပါးအကြောင်းကို မြိန်ရည်ယှက်ရည် လိုက်လံစပ်စုနေရလောက်အောင် သူတပါးအကြောင်းကို အရသာခံပြောနေရလောက်အောင်အားနေသူများမဖြစ်ပါစေနှင့်။ မိမိအတွက်လည်းအကျိုးမရှိသူတပါးအတွက်လည်းအကျိုးမရှိသောကြောင့်တည်း။ မိမိမလုပ်နိုင်ခဲ့သော် သူများလုပ်နေသည်ကို appreciative joy မုဒိတာပွားပေးနိုင်ကြပါစေသော်။ မိမိကိုယ်တိုင်က နိုင်ငံတကာအတွေ့အကြုံအမြင်မရှိသေးလျှင်ပင် အတွေ့အကြုံရှိသူတို့စကားကို လက်ခံကာ ပညာတတ်ဆန်သော နိုင်ငံကြီးသားစိတ်နေစိတ်ထားများ မွေးဖွါးနိုင်ပါစေသော်။

မိမိကိုယ်တွေ့အရဆိုသော် အလုပ်လုပ်စရာများ တန်းစီရှိနေ၍ သူတပါးအကြောင်းစပ်စုစိတ်ဝင်စားဖို့ဝေးစွ ကိုယ့်အကြောင်းအပြစ်ပြောလာသူကိုပင် တုံ့ပြန်မှုပြုရလောက်အောင် စိတ်ဝင်စားမှုမရှိသလို တုံ့ပြန်နေရလောက်အောင်လည်း အချိန်မအားပေ။ ထို့ကြောင့်မိမိအတွက်ဆိုရသော်အလုပ်တွေ အများကြီးပြီ၏။ အချို့ဆိုလိုက်၍ပင်မီမည်မထင်ပေ။ ယခုညနေဘက်တွင် မိမိ၏သစ္စာမြိုင်တောရတွင်ကျင်းပမည့် လာမည့်နွေရာသီနစ်သစ်ကူးတရားစခန်း April Retreat တွင် စင်္ကာပူမှတရားအားထုတ်လာကြမည့် ဒကာများနှင့်စကားပြောရပြီး လာတတ်အောင်စီစဉ်ပေးရ၍ စာရေးချိန်ကိုပင်ခဏရပ်ထားရပေသေး၏။ ဤသည်ကားဘဝတည်း။ မိမိနှစ်သက်သော ဘဝဟုဆိုနိုင်ပေ၏။

ဝိပဿနာအကျင့်သည်ဗုဒ္ဓဘာသာဝင်များနှင့်သာသက်ဆိုင်ပါသလား

ဝိပဿနာအကျင့်သည်ဗုဒ္ဓဘာသာဝင်များနှင့်သာသက်ဆိုင်ပါသလား

သတိပဋ္ဌာန်အခြေခံသောဝိပဿနာအကျင့်သည် နိုင်ငံဘာသာလူမျိုးဘောင်ခတ်ကန့်သတ်မှုမှ လွတ်လပ်သောကျင့်စဉ်တစ်ခုအဖြစ် ပါရမီရှင်လူသားများ၏နှလုံးသားသို့ ဦးတည်သွားလာနေကာ ထိုပါရမီရှင်တို့၏နှလုံးသားများသည်လည်း နွေးထွေးသောမေတ္တာ စစ်မှန်သောပညာဉာဏ်တို့ဖြင့် မှန်ကန်စွာလက်ခံလာကြ၍ ဒီနေ့ခေတ်ထဲမှာ သတိပဋ္ဌာန်အခြေခံသော ဝိပဿနာကိုကျင့်ကြံအားထုတ်ရင်း ဗုဒ္ဓတပည့်ဖြစ်လာကြသော ပညာတတ်ပညာရှင်တွေအတော်များပြားလာတာကိုကိုယ့်တွေ့တွေ့ရှိနေရပါကြောင်း။

ဗုဒ္ဓဘာသာနိုင်ငံမှာမွေး၍ ဗုဒ္ဓဘာသာဝင်ဖြစ်ခွင့်ရ၍ ကံကောင်းနေကြသည့်တိုင်အောင် သတိပဋ္ဌာန်အခြေခံသော ဝိပဿနာကိုအားမထုတ်ဖြစ်ကြသေးလျှင် ဝိပဿနာဉာဏ်စစ်စစ်ကိုမျှမရကြသေးလျှင် ထိုဉာဏ်ဖြင့်ပင် မမြဲပြောင်းလဲနေသော လောကဓမ္မများနှင့် ရင်ဆိုင်တွေ့ကြုံရသည်ရှိသော် နေတတ်ထိုင်တတ်မရှိသေးလျှင် ဗုဒ္ဓပေးချင်သော ဒုက္ခအားလုံးမှကင်းဝေးအောင်နေထိုင်တတ်သော အတတ်ပညာဖြစ်သည့် မဂ်ဆုလာဒ်ဖိုလ်ဆုလာဒ်နိဗ္ဗာန်ဆုလာဒ်တွေကိုရကြသေးမည်မဟုတ်ပါကြောင်း။

ထိုဆုလာဒ်များကိုရရှိရန်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်ရုံသက်သက်ဖြင့် မဖြစ်နိုင်သေးပါကြောင်း။ သတိပဋ္ဌာန်အခြေခံသော ဝိပဿနာကျင့်စဉ်ကို သိပ္ပံနည်းကျလက်တွေ့အားထုတ်ရန်လိုနေပါသေးကြောင်း။ ကျင့်သူမှန်သမျှလူမျိုးဘာသာနိုင်ငံခွဲခြားမှုမရှိဘဲ ထိုဆုလာဒ်များကိုရရှိနိုင်ပါကြောင်း။ အပ္ပမာဒေန သမ္ပာဒေထ။

If there is no God, how could this universe be made? This is a very religious question that makes me, many scientists and quite many well-educated people feel useless and unnecessary. Such a question can be asked by those who have not been spiritually developed yet and by those who are not quite serious with their life here and now. However, the Buddha is not really interested in whether there is a God or not because it is useless as to how to live happily. Whether there exist God or not, you have to make your life happy, healthy, wealthy, prosperous, peaceful, calm and so on by yourself. God can do nothing for your happiness and your wealthiness. You know that you have to do for your own happiness by yourself. Do not think that I’m rejecting your opinion on the existence of God. I mean that it is useless to argue whether God exist or not. Even if you believe in the existence of God that can be proven or not, leave God at that. Do not just sit down and mope around for your happiness by praying to God you believe in. Nothing will happen by a prayer but stand up and work actively and practically. Then, the results will be brought to your presence by your practical work. According to the Buddha’s Teaching, there is nothing to do with God, its creation and its messenger. Do not rush to conclude my talk by misunderstanding as I reject your opinion on the existence of God. The mind of a true Buddhist can do nothing with the idea of god. Even if you do not believe in the Buddha and His Teaching, it will not matter too much but you have to understand “Practice makes you perfect”. It means that you should practice as the Buddha taught. It will prove you how it is. I’m a mathematician. I love to be practical. I want to work out a problem; I do not love enjoying just problem reading. Religion teaches us just problem reading as making a prayer with an unquestioning faith on it. The Buddha is not like this. He taught us to investigate a particular cause to a problem and encouraged us to wisely remove the cause to the problem if we really want to heal the suffering caused by the particular problem. So you can see how scientific the Buddha’s Teaching is if you are quite well-educated. The Buddha has never blamed and never rejected any religion because there is no role of religion in His Teaching. I believe that He is a professional physician who can very skillfully cure the patient’s disease by closely and seriously looking for a particular cause of the disease. This is the reason why he, himself, named as a “Besajjha Guru” a Great Physician. The closer you learn, the clearer you will understand His Teaching. The more precisely you follow His path, the wiser you will become. The wiser you will become, the more happily you will live life. It depends upon you; it does not depend upon any God, any faith, any belief and any cult. Therefore, be clear that there is nothing to do with question how the universe is made or whether God exist or not according to the Buddha’s Teaching. I hope you get it. Oh! Yes. It is quite enlightening and practical. Thank you so much. By the way your English is also excellent.