စိတ်ချမ်းသာခြင်း စိဆင်းရဲခြင်းနှင့် ကောင်းကင်ငရဲတွေဟာ ဘုရားသခင်နတ်ဆိုးတွေနဲ့ဆိုင်ရဲ့လား မိမိနဲ့တိုက်ရိုက်ဆိုင်နေသလား
စိတ်ချမ်းသာခြင်းမချမ်းသာခြင်း အပါယ်ငရဲကျခြင်း နတ်ပြည်နတ်ဘုံရောက်ခြင်းသည် မည်သည့်ဘုရားသခင်နှင့်မျှမဆိုင် သင်၏ကောင်းမှုမကောင်းမှု နေနည်းထိုင်နည်းနှင့်သာသက်ဆိုင်ပါကြောင်း သင်မကောင်း၍ပြုပြင်နေထိုင်လျှင် အားလုံးချမ်းသာမည်ဖြစ်ပါကြောင်း မပြုပြင်ဘဲ မကောင်းအတိုင်းဆက်နေက သင်ရောသင်နှင့်ဆက်စပ်သူများပါ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ကြရမည်ဖြစ်ပါကြောင်း အထူးသတိထားစေချင်သည်။
As soon as you wake up, you should try to be used to mediating at first hour every morning without thinking of anything. It will make your life beneficial physically and mentally. The longer you do it regularly, the better benefit you will experience with it. I’m in my simple bed and simple meditation every morning. When you are a yogi, whatever you use should be simple and cleaned and mentally should be honest. It helps your concentration get developed faster. Then, wisdom will be clearer to see things as they are. Then, you will feel easier and happier to live in everyday’s life with calmness.
ဤသည်ကား အပြောသမားအတွက်မဟုတ်ပါ။ လက်တွေ့လုပ်လိုသူများ လက်တွေ့လုပ်လို့ရအောင်အားပေးလိုခြင်း၊ လက်တွေ့အကျိုးကျေးဇူးများကို သိပ္ပံနည်းကျကိုယ်တွေ့ခံစားစေလိုခြင်းကြောင့်သာ ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။ ကျမ်းစာပါမဂ် ကျမ်းစာပါဖိုလ် ကျမ်းစာပါနိဗ္ဗာန်တွေအကြောင်းကို ဘာသာရေးဆန်ဆန် စာဖတ်ပြီးပြောရသည်မှာ ပျင်းစရာအလွန်ကောင်းလှပါကြောင်း။ သိပ္ပံနည်းကျကိုယ်တွေ့သိနိုင်သော အခြေခံကနေစ၍လက်တွေ့လုပ်လျှင်ကိုယ်တိုင်တွေ့နိုင်သည်ကိုသာ ပြောဆိုလိုခြင်းဖြစ်ပေ၏။
အင်္ဂလိပ်လိုရေးသားထားခြင်းသည် national humanity ထက် international humanity ကိုရည်ရွယ်ထားခြင်းသာဖြစ်ပေ၏။ မိမိသည်ဝါသနာပါ၍ပြောဆိုရေးသားနေသူမဟုတ်ပါ။ အပျင်းပြေရေးသားပြနေခြင်းမဟုတ်ပါ။ တောရဆောက်တည်သော တောရဝါ ၁၆ ဝါ အပါအဝင် နှစ်ပေါင်း ၃၀ လောက် ပရိယတ်ပဋိပတ်စနစ်တကျအားထုတ်ရင်း အခြားသူများကိုလည်းဗုဒ္ဓဘာသာဟုတ်ချင်ဟုတ်မဟုတ်ချင်နေ ကျင့်လျှင်အကျိုးတူရနိုင်ကြောင်းကိုသာရိုးသားစွာ သိစေချင်သည်ဖြစ်ပေ၏။
ဓမ္မသည်လူသားများအား ဘာသာတရားများလို ယုံကြည်မှုဖြင့် ပုံသွင်းကန့်သတ်တာမရှိကြောင်း ဗုဒ္ဓဘာသာဟုတ်ဟုတ်မဟုတ်ဟုတ် စနစ်တကျနည်းလမ်းတကျကျင့်သူတိုင်း ကမ္ဘာကြီး၏မည်သည့်နေရာတွင်နေနေ ခွဲခြားမှုကင်းစွာ အကျိုးတူရနိုင်ကြောင်းကိုပေါ်လွင်အောင်ကြိုးစားနေခြင်းမျှသာတည်း။ ဗုဒ္ဓဘာသာဝင်ဟုတ်သည့်တိုင်အောင် မကျင့်သူအတွက် လက်တွေ့အကျိုးရနိုင်မည်မဟုတ်ပါကြောင်းသာ ထင်ရှားစေလို၍ ရေးသားတင်ပြနေခြင်းဖြစ်ပါကြောင်း။
မည်သည့်ဘာသာရေး၌ဖြစ်စေ အစဉ်အလာအရ ဆရာတော်ဟုအခေါ်ခံနေရသည့်တိုင်အောင် အကုသိုလ်များကိုအားထုတ်နေက အကုသိုလ်များကသာ အပါယ်ငရဲကိုချမည်ဖြစ်ပါကြောင်း။ သင်ကောင်းခြင်းမကောင်းခြင်းကို ဘုရားသခင်အားလှည့်မချဘဲ သင်ကိုယ်တိုင်သိနေသည်ဖြစ်၍ စိတ်ဆင်းရဲစိတ်ချမ်းသာခြင်းကို သင်ကိုယ်တိုင်သာ ဆုလာဒ်ပေးအပြစ်ဒဏ်ခတ်နေသည်ကား မငြင်းသာပါကြောင်း။
ကောင်းကောင်းနေ ကောင်းကောင်းလုပ်က သင်အပါအဝင်သင်နှင့်ဆက်နွယ်သူအားလုံး စိတ်ချမ်းသာမှုဆုလာဒ်များကိုရရှိကြပြီး မကောင်းနေမကောင်းလုပ်က စိတ်ဆင်းရဲမှုဆုလာဒ်များကိုသာရရှိနေသည်မှာ သင်ကိုယ်တိုင်ကိုယ်တွေ့သိနိုင်ပါကြောင်း။ ဒါကြောင့် ဗုဒ္ဓက “Not to evil, to do good and to purify one’s mind.”ဟူသော အဆုံးအမသည် ဗုဒ္ဓအဆူဆူ၏ သြဝါဒအဆုံးအမစကားအဖြစ်မိန့်တော်မူခဲ့ပါကြောင်း။ အပ္ပမာဒေန သမ္ပာဒေထ။