ဗုဒ္ဓချမှတ်ခဲ့သောရဟန်းအဖြစ်ခံယူပုံနှင့် ရဟန်းဖြစ်ပြီးဆက်လုပ်ရမည့် procedure

ဗုဒ္ဓချမှတ်ခဲ့သောရဟန်းအဖြစ်ခံယူပုံနှင့် ရဟန်းဖြစ်ပြီးဆက်လုပ်ရမည့် procedure (ဤအတိုင်းမဟုတ်ကကြိုက်သလိုပြုပြင်ဆက်၍သာမှားနေပေဦးမည်မှတ်)

Facebook ဟာမြန်မာပြည်က ပညာတတ်အသိုင်းအဝိုင်းမည်မျှကို ကိုစားပြုသည်ဟုအတိအကျမသိ။ သေချာတာကတော့ အနှစ်သာရအရကိုယ့်လူမျိုးအချင်းချင်း အထင်မကြီးတာ မယုံကြည်တာ မညီညွတ်တာ ကိုယ့်ကိုကိုအထင်ကြီးဘဝင်ကိုင်နေကြကတာတွေကိုအထင်းသားတွေ့နေရတာပါ။ ဆရာကြီးတွေအလွန်များတပည့်အလွန်ရှား။

သာသနာရေးလိုကိစ္စတွေမှာလည်း professional တွေမတွေ့ရ။ emotional and personal တွေကိုသာတွေ့နေရပြီး သူတို့တွေရဲ့ထင်ရာမြင်ရာဝေဖန်တာတွေကိုတွေ့နေရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ လောကီမျက်စိလောကီအသိတွေက influenced ဖြစ်နေပြီး အကုသိုလ်မကြောက် ဘဝသံသရာမကြောက် ကမောက်ကမဝေဖန်ကြတယ်။

ဗုဒ္ဓအလိုကျနှင့်အလှန်းဝေးပြီး ကြာလေကြာလေ ဝိနည်းနဲ့လည်းဝေး အဘိဓမ္မာနဲ့လည်းဝေး လောကီမျက်စိသေးသေးလေးတွေနဲ့သာ အရိယာမျက်စိ အရိယာအသိပညာကြီးပမာ အထင်ကြီးကာ ဝေဖန်ချင်ရာ ထင်ရာမြင်ရာကို စည်းဘောင်မပါဘဲဝေဖန်နေကြတယ်။

ရဟန်းသံဃာဘဝဆိုတာ ဗုဒ္ဓအလိုကျဗုဒ္ဓချမှတ်သောစည်းကမ်းများနှင့်သာနေထိုင်ကြရမှာပါ။ ရဟန်းအဖြစ်ခံယူတယ်ဆိုတာလည်း ဗုဒ္ဓအလိုကျဖြစ်ဖို့သာလိုပါတယ်။ ဗုဒ္ဓအလိုကျရဟန်းအဖြစ်ကိုခံယူမည့်သူသည် ရှေးဦးစွာဥပဇ္ဈာယ်ဆရာအဖြစ် ကြပ်မတ်မေးမည့် ဝါတော် ၁၀ ဝါကျော်သည့် ဝိနည်းနှင့်အညီနေထိုင်ကျင့်သုံးသည့် ရုပ်တရားနာမ်တရားတို့ကိုလည်း ဝိပဿနာဉာဏ်ဖြင့်ကြေညက်နေသည့် လေးစားအားထားထိုက်သော ဥပဇ္ဈာယ်ဆရာတော်ကိုရွေးချယ်ရပါတယ်။

ဥပဇ္ဈာယ်ဆရာတော်ရဲ့အရည်အသွေးက (၁)။ သိက္ခာတော် ၁၀ ဝါပြည့်ပြီးဖြစ်ရပါမယ်။ ၂။ ဘိက္ခုဝိဘင်းဘိက္ခုနီဝိဘင်းအပါအဝင် စူဠဝါမဟာဝါဝိနည်းကျမ်းများမှာလာတဲ့ ဝိနည်းကျင့်ဝတ်များကိုနားလည်ကျင့်သုံးဆုံးမတတ်ပြီး တပည့်ရဟန်းသာမဏေများကိုလည်းလိုက်နာအောင်ဆုံးမနိုင်မှုရှိရပါမယ်။ ရဟန်းသံဃာနှင့်သာပတ်သက်သော ကံကြီးကံငယ်များကို ကျမ်းစာနှင့်အညီဆောင်နိုင်စွမ်းရှိရပါမယ်။ (၃)။ ရုပ်နာမ်ဓမ္မသာဝကို ဝိပဿနာဉာဏ်ဖြင့်ပင်ကြေညက်စွာ နားလည်ထားပြီးပြန်လည်သင်ပြအားထုတ်စေတတ်ရပါမယ်။

ဤကဲ့သို့သောအရည်အသွေးနှင့်ပြည့်စုံသည့် ဥပဇ္ဈာယ်ဆရာရှိထားပြီး၍ ရဟန်းအဖြစ်ခံယူလိုသူသည် ပထမအဆင့်အနေဖြင့် သာမဏေအဖြစ်ကိုခံယူရပါတယ်။ သာမဏေအဖြစ်ခံယူမှုအစီအစဉ်ထဲမှာ အရေးကြီးတဲ့မဖြစ်မနေလုပ်ရမည့်အချက်သုံးချက်ရှိပါတယ်။

(၁)။ ကေသမဿုံ ဩဟာရေတွာ- ဆံပင်မုဆိတ်ကျင်စွယ်ရိတ်ပယ်ရပါမယ်။ (၂)။ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ- ဖန်ရည်စွမ်းတဲ့အဝတ်သင်္ကန်းကိုဝတ်ရပါမယ်။ ၃။ သရဏဂုံသုံးပါးကို ဥပဇ္ဈာယ်ဆရာချပေးသည့်အတိုင်း ရဟန်းလောင်းသာမဏေလောင်းက ဌာန်ကရိုင်းကျကျ ပီပီပြင်ပြင်လိုက်ဆိုရပါတယ်။

ဤဆိုခဲ့သောအချက် ၃ ချက်ကိုလည်း မိမိရွေးချယ်ထားသော ဥပဇ္ဈာယ်ဆရာနှင့်ညှိုနှိုင်းကာ ဥပဇ္ဈာယ်ဆရာတော်၏အသိအမှတ်ပြုမှုဖြင့်သာလုပ်ရပါမယ်။ ဆိုလိုသည်မှာ သင်္ကန်းကိုဝတ်ချင်သလိုဝတ်လာ၍မရပါ။ ဒါဟာ မည်သည့်နိုင်ငံသားမည်သည့်လူမျိုးဖြစ်စေ ထေရဝါဒသာသနာတွင် ရဟန်းအဖြစ်ကိုခံယူမည်ဆိုက မည်သည့်နိုင်ငံတွင်ရဟန်းအဖြစ်ခံယူသည်ဖြစ် ပထမအဆင့်အနေဖြင့် မဖြစ်မနေဖြတ်သန်းရမည့်အဆင့်ဖြစ်ပါတယ်။

မှတ်ချက်။ ။မအားလပ်သေး၍ ဒီမှာပဲခနရပ်ထားခဲ့ပါမယ်။ ဆက်ရေးပါမည်။ စိတ်ဝင်စားလျှင်ဆက်ဖတ်ပါ။ မိမိ၏အတွေ့အကြုံအသိအမြင် သိက္ခာတော်အရ မြန်မာ့ထေရဝါဒသာသနာတွင် ဗုဒ္ဓအလိုကျနှင့်လွဲချော်ကာ မဖြစ်သင့်သည့်ချွတ်ယွင်းချက်များ ဖြစ်လိမ့်ဦးမည်ဟု တွေ့မြင်နေရပေ၏။

၂၁ ရာစု ဗုဒ္ဓဘာသာသည် သင်တို့သာဗုဒ္ဓဘာသာနှင့်ဆိုင်သည်ဟုထင်မှတ်ကာ လုပ်ချင်ရာလုပ်က ကမ္ဘာ့ပညာတတ်ထေရဝါဒပညာရှင် အသိုင်းအဝိုင်းနှင့် အဆက်ပြတ်ကာ မြန်မာ့ထေရဝါဒကို ဖယ်ကြဉ်ထားမည်ကို စိုးရိမ်မိသည်ကားအမှန်ပေ။

အမှန်ကိုမြင်တတ်လျှင် မြန်မာသည် ချွတ်ယွင်းမှုတွေအလွန်များကာ professional မဆန်ဘဲ emotional and personal တွေလွှမ်းမိုးခံရကာ စီမံခန့်ခွဲမှုမတတ်သောကြောင့် နိုင်ငံရေးတွင်လည်း မိတ်ဆွေအပေါင်းအသင်းစစ်စစ်တွေရှားသလိုဖြစ်ခဲ့ပါပြီ။ ကိုယ့်ဆီကခြစ်ကုပ်ယူမည့်မိတ်ဆွေကသာမြန်မာနှင့်မိတ်ဖွဲ့ကြသည်ကိုတွေ့နေရပေ၏။ ရသမျှယူမည်ဟူသော မိတ်ဆွေတွေများနေ၏။

လောလောဆယ်တော့ မိမိ၏အမြင်အရ ဂျပန်တစ်နိုင်ငံသာလျှင် မြန်မာ့မိတ်ဆွေစစ်နေရာတွင်ရှိသည်ဟုခံစားရပါသည်။ သင်ခန်းစာယူစရာပါ။ အချိန်မီသင်္ခန်းစာမယူမပြုပြင်မိက နောင်မျိုးဆက်သားသားမီးမီးလေးတွေရဲ့ဂုဏ်သိက္ခာအတွက်အလွန်ကိုစိုးရိမ်ရပါတယ်။

အောက်ပါပုံသည် အမေရိကန်လူမျိုးသာမဏေရဇောတိမန္တသည် အမေရိကန်လူမျိုးဥပဇ္ဈာယ်ဆရာတော်နှင့်ပင် အမေရိကန်နိုင်ငံရှိ အဘယဂီရိထေရဝါဒကျောင်းတိုက်တွင် ရှင်ပြုရဟန်းခံအခန်းအနားကို ဒီဇင်ဘာလ ၂ ရက်နေ့က ကျင်းပပြုလုပ်နေခြင်းဖြစ်ပါသည်။ ထူးခြားသည်ကား အာရှသံဃာမျက်နှာ တစ်မျက်နှာမျှမတွေ့ရတော့ခြင်းတည်း။

အမေးအဖြေကဏ္ဍအရေးကြီးလှ

မေး။ ။ အရှင်ဘုရား အခုတလော ရေလွှမ်းမိုးတာ တောင်ပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုးပြောကြဆိုကြပါတယ်ဘုရား။ အရှင်ဘုရားခေတ်အမြင်ရှိသော ဆရာတော်တစ်ပါးအနေဖြင့် ဗုဒ္ဓဘာသာတရားတော်အရ တပည့်တော်တို့လည်း ဗဟုသုတရအများလည်းသိရအောင် ရှင်းပြပေးတော်မူပါဘုရား။

ဖြေ။ ။ အလွန်ကောင်းတဲ့မေးခွန်းပါ။ အချိန်ကိုက်မေးနိုင်တာအတွက်ပဲ ကျေးဇူးပင်တင်ရဦးမလားမသိဘူးနော်။ ဘုန်းဘုန်းတို့ဗုဒ္ဓဘာသာ ကျမ်းဂန်များအရဆိုရင် သတ္တဝါတို့ရဲ့သက်တမ်း အတိုးအဆုတ်ကနေစပြောရမယ်။

သက်တမ်းအတိုးအဆုတ်ဟာ ရာသီဥတုအစာအဟာရတွေနှင့်အတော်ပတ်သက်နေတာတွေ့ရတယ်။ ရာသီဥတုကောင်းကောင်းမှာနေထိုင်ရ၍ အဆီအနှစ်ပြည့်ဝသော အသီးအနှံအစာအဟာရတွေကိုစားနေရချိန်ရမှာသက်တမ်းရှည်ကြတယ်။ ရာသီဥတုမကောင်း၍ အဆီအနှစ်မကောင်းသော အစာအဟာရများကိုစားရတဲ့အခါတော့ သက်တမ်းတိုလာကြတယ်လို့ဆိုတယ်။

ဆိုခဲ့တဲ့ရာသီဥတုအဟာရကောင်းမကောင်းကလည်း သတ္တဝါတွေရဲ့ ကိုယ်အလုပ်နှုတ်အပြောမနောအကြံဆိုတဲ့ ကံသုံးပါးကောင်းမကောင်းနှင့် ဆက်စပ်နေပြန်ပါတယ်။ ဒါကြောင့်ဗုဒ္ဓဓမ္မဟာ အလွန်စိတ်ဝင်စားစရာကောင်းတယ်။ ယုတ္တိဗေဒဆန်တယ်။ အကြောင်းအကျိုးတွေကို ဆက်စပ်ကြည့်ရတယ်။ သတ္တဝါတွေပြုမူပြောဆိုကြံစီကြတဲ့ ကံတွေညံ့လာပြီဆိုရင် ရာသီဥတုဖေါက်ပြန်ပျက်စီးလာပြီး အဟာရတွေကလည်း ညံ့လာတယ်လို့ကျန်းဂန်များကဆိုပါတယ်။

အခုဒီအချက်ဟာ အလွန်စိတ်ဝင်စားစရာဖြစ်လာပြီ။ ကဲ–ဖြစ်နိုင်မဖြစ်နိုင်ဆန်းစစ်ကြည့်ရအောင်။ တစ်ကမ္ဘာလုံးဆိုရင် သိပ်ပြီးကြီးသွားလိမ့်မယ်။ မြန်မာနိုင်ငံအတွင်းမှာပဲ ဆန်းစစ်ကြည့်တာပေါ့။

မြန်မာနိုင်ငံမှာ–

(၁)။ ထေရ်ကြီးဝါကြီးဆရာတော်များအပါအဝင် ရဟန်းသံဃာနှင့်လူတွေ ကိုယ့်အလုပ်ကိုမလုပ်ဘဲ စည်းတွေဘောင်တွေကျော်လာကြရာက အပြန်အလှဆဲကြဆိုကြတဲ့ အကုသိုလ်ကာယကံဝစီကံမနောကံ ကံဆိုးများကိုနိုင်ငံနှင့်အဝန်း အားထုတ်နေကြခြင်း၊

(၂)။ ၂ နှစ်အရွယ်ကလေးငယ်ပါမကျန်ရ ကျယ်ကျယ်ပြန့်ပြန့် သက်ငယ်မုဒိန်းမှုဟူသော ကာယကံဝစီကံမနောကံ အကုသိုလ်ကံဆိုးများဖြစ်ပွားနေခြင်း၊

(၃)။ နိုင်ငံရေးဘာသာရေးလူမှုရေးပညာရေး စသည့်အရေးပေါင်းစုံတွင်လည်း မိုက်နိုင်သူများကအုပ်စုဖွဲ့၍ မိုက်နေမှန်းသိနေပါလျှက် ပြောမရဆိုမရ နိုင်ငံ၏ဝန်ထုပ်ဝန်ပိုးဖြစ်ကာ ဒုက္ခမျိုးစုံအကုန်ပေးသကဲ့သို့ဖြစ်နေခြင်း၊

(၄)။ တိုင်းပြည်တစ်ပြည်ရဲ့အဓိကကျသော တရားဥပဒေစိုးမိုးမှုသည် မြန်မာနိုင်ငံ၏အခြေအနေများစွာတွင် ကင်းမဲ့သလောက်ဖြစ်နေခြင်း စတဲ့သိသာမြင်သာသော အကုသိုလ်ကာယကံဝစီကံမနောကံ ကံဆိုးများကကျယ်ပြန့်စွာဖြစ်ပွါးနေခြင်း၊

အဲဒီလိုကံဆိုးတွေကြောင့် မြန်မာနိုင်ငံတွင် ရှေးကမဖြစ်ဘူးသော ရာသီဥတုဖောက်ပြန်ကာ ရေကြီးရေလွှမ်းမိုးမှုများ အကြီးအကျယ်ဖြစ်ပေါ်လာခြင်း၊ တောင်များကြောက်စရာကောင်းလောက်အောင်ပြိုကျခြင်း၊ တစ်ဦးနှစ်ဦးသာမဟုတ်ဘဲ ပြည်နယ်နဲ့ချီတိုင်းနှင့်ချီကာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေခြင်း၊
အစားသောက်ဆိုရာတွင်လည်း စိတ်ချစရာမကောင်းလောက်အောင် အဆီအနှစ်များပျက်စီးနေခြင်း၊ မိမိစားနေသောအစားအစာသည် အားအင်ဖြစ်ရန်ထက် ကင်ဆာကဲ့သို့သော ရောကာဆိုးများကိုပင် ဖြစ်လေမည်လားဟု သံသယစိတ်ဖြင့်သတိထား၍ စားသုံးနေကြရခြင်း၊

စသည်တွေကိုကြည့်မယ်ဆိုရင် သတ္တဝါများရဲ့အကုသိုလ်ကာယကံဝစီကံမနောကံများသည် ရာသီဥတုနှင့်အစာအဟာရအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေကြောင်းကို အထင်အရှားတွေ့ရပေလိမ့်မည်။

ထို့ကြောင့်ထိပ်ပိုင်းခေါင်းဆောင်များကစလို့ ချစားလာဘ်စားကင်းစင်အောင်နေထိုင်ကြမည်။ ငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင်စောင့်ထိမ်း၍ ဥပုသ်သီလရက်ရှက်စောင့်ထိမ်းကြမည်။ ရဟန်းသံဃာကို ရဟန်းသံဃာလိုသာ စစ်မှန်စွာကြည်ညိုကြကာ လိုတမျိုးမလိုတမျိုး ကောက်ကျစ်ယုတ်မာစွာ အသုံးမချဘဲနေကြမည်။

ရဟန်းသံဃာကလည်း ရဟန်းသံဃာရဲ့ပဓာနအလုပ်ကိုသာ ကြိုးစားအားထုတ်ကြပြီး သီလသမာဓိပညာ သိက္ခာသုံးပါးကိုသာ ကောင်းစွာ ဖြူစင်အောင်စောင့်စည်းကြမည်ဆိုက ရာသီဥတုဖေါက်ပြန်မှုဘေးဆိုးမှ လွတ်မြောင်နိုင်ပေလိမ့်မည်။

အစာအဟာရများလည်း အဆီသြဇာပြန်၍ ပြည့်ဝလာပေလိမ့်မည်ဟု ဒါယကာမေးသေမေးခွန်းကို ဤမျှဖြင့်သာကျေနပ်ပါရန် ပြောဆိုပါရစေ။ အခြားလုပ်စရာများကလည်းရှိနေသေးတော့ ဒီလောက်ပဲရမှာပါ။ အဆင်ပြေမယ်ထင်ပါတယ်။

မေး။ ။ အား–တင်ပါးဘုရား။ အတိုင်းထက်အလွန်အဆင်ပြေပါတယ်ဘုရား။ ဆရာတော်တို့လိုခေတ်ကိုလည်းမျှော်မြင်တတ် ကျမ်းစာကိုလည်းနိုင်နင်းတတ်မြောက်တဲ့ ဆရာတော်များရဲ့ အဖြေမျိုးဆိုတာ တပည့်တော်တို့ လူသားတွေအတွက် အလွန့်အလွန်မှအကျိုးများလှပါတယ်ဘုရား။

Image may contain: one or more people, people sitting and indoor
Comments
Write a comment…

အမေးအဖြေကဏ္ဍအရေးကြီးလှပုံ

အမေးအဖြေကဏ္ဍအရေးကြီးလှပုံ (သေချာဖတ်စေချင်ပါသည်။ မရေးမဖြစ်မှိုအဖြေရှည်နေပါသည်။ သည်းခံစိတ်ရှည်စွာဖတ်ကြပါကုန်။)

ကျေးဇူးရှင်မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသရှိစဉ်ကလည်းအမေးအဖြေကဏ္ဍရှိခဲ့သလို အခု ဘုန်းဘုန်းတို့ခေတ်မှာလည်း အမေးအဖြေကဏ္ဍကရှိလာပြန်ပါတယ်။ ရှေးတုန်းကတော့ မေးခွန်းစာတွေက စာတိုက်ကနေလာပါတယ်။ အခုခေတ်တော့ internet email မှလာပါတယ်။

မေး။ ။ “အရှင်ဘုရား လက်ရှိဆရာတော်ကြီးတွေခုတစ်မျိုးတော်ကြာတစ်မျိုးဖြစ်ကြတာဘာကြောင့်လဲဘုရား။ ဘုရားတပည့်တော်များမှာ ကိုယ့်နိုင်ငံစနစ်တကျ အပြောင်းအလဲအတွက် အမေစုဆိုတဲ့မျှော်လင့်ချက်နဲ့ အမေ့ကိုအားအင်တွေဖြည့်ဆည်းပေးပြီး စိတ်ကောင်းစေတနာဖြင့်ကြိုးစားနေကြရပါတယ်ဘုရား။ ဆရာတော်သံဃာတော်များဆီက မေတ္တာအားအင်လည်းလိုအပ်ပါတယ်ဘုရား။ ဒါပေမဲ့ဆရာတော်များက အမေစုကိုဆန့်ကျင်သလိုဖြစ်တဲ့အခါ တပည့်တော်များစိတ်မကောင်းကြီးစွာဖြစ်ရပါတယ်ဘုရား။ သေချာတာကတော့ အမေစုဟာနိုင်ငံရေးကိုကစားစရာအဖြစ် မကစားဘူး။ ပြီးတော့ဆရာတော်များကိုလည်း ဘယ်တော့မှနိုင်ငံရေးအတွက် အသုံးမချဘူးဆိုတာကိုရဲရဲပြောနိုင်ပါတယ်ဘုရား။ ခုသိချင်နေတာကတော့ အထက်ကမေးခဲ့တဲ့မေးခွန်းပါပဲဘုရား။ ကျေးဇူးပြု၍ အချိန်ရရင်ဖြေတော်မူပေးပါဘုရား ဆိုတဲ့မေးခွန်းကို ရထားပါတယ်။ အခုအချိန်မရလို့ မဖြေနိုင်သေးပါ။ ဖြေပေးပါမည်။

ဖြေ။ ။ ဒီမေးခွန်းမှာ နှစ်ပိုင်းတွေ့ရပါတယ်။ ပထမတစ်ပိုင်းက “လက်ရှိအခြေအနေမှာ ဆရာတော်ကြီးတွေ ဘာဖြစ်လို့ခုတစ်မျိုးတော်ကြာတစ်မျိုးဖြစ်ရတာလဲ”ဆိုတဲ့အပိုင်း။ ဒုတိယပိုင်းက အမေစုဟာ ဒကာတို့ရဲ့မျှော်လင့်ချက်၊ အမေစုနိုင်ငံရေးမကစားပုံ၊ သံဃာတွေကိုအသုံးမချပုံကို ဒကာတို့က ရဲရဲအာမခံနိုင်ပုံဆိုတာကိုတွေ့ရတယ်။

ပထမပိုင်းမေးခွန်းထဲမှာ လက်ရှိအခြေအနေအနေမှာ ဆရာတော်ကြီးတွေ တော်ကြာတစ်မျိုးအခုတစ်မျိုးဖြစ်ရတာ ဘာကြောင့်လဲဆိုတော့ အဲဒီတော်ကြာတစ်မျိုးအခုတစ်မျိုးဖြစ်ရတာဟာ ဖြစ်စဉ်တစ်ခုနှင့်ပါတ်သက်လို့ မူနဲ့ဦးတည်ချက်အခိုင်အမာမရှိလို့ဖြစ်ရတာပါ။ မူနဲ့ဦးတည်ချက်ခိုင်မာရင်အဲဒီအပေါ်မှာ ယုံကြည်မှုအပြည့်ဖြင့်ရပ်တည်လုပ်ကိုင်လျှောက်လှမ်းနေမယ်ဆိုရင် တော်ကြာတစ်မျိုးအခုတစ်မျိုးဖြစ်စရာအကြောင်းမရှိပါဘူး။

နောက်တစ်ခုဖြစ်နိုင်တာက ကိုယ့်ကျွမ်းကျင်ရာလိမ္မာရာမှာသာ ကျက်စားလုပ်ကိုင်သင့်ပါတယ်။ ကိုယ့်ကျွမ်းကျင်ရာလိမ္မာရာမဟုတ်ရင်လည်း သူများယောင်လို့ယောင်မိတော့ တောင်မှန်းမြောက်မှန်းမသိဘဲ ခုတစ်မျိုးတော်ကြာတစ်မျိုး မကြာမကြာဖြစ်တတ်ပါတယ်။ ပြီးတော့ “ဆန္ဒာဒေါသာ ဘယာမောဟာ”ဆိုတဲ့ အဂတိလေးပါးလိုက်စားမိလို့လည်း ခုတစ်မျိုးတော်ကြာတစ်မျိုးဖြစ်တတ်ပါတယ်။

ချစ်ခြင်းကြောင့်ဘက်လိုက်ခြင်း၊ မုန်းခြင်းကြောင့်ဘက်လိုက်ခြင်း၊ ကြောက်ရွံ့ခြင်းကြောင့်ဘက်လိုက်ခြင်း၊ မသိမလိမ္မာတွေဝေမိုက်မဲသောကြောင်းဘက်လိုက်ခြင်းတွေကို အဂတိလေးပါးလို့ခေါ်ပါတယ်။ အဲဒီအဂတိလေးပါးလိုက်စားမယ်ဆိုရင်တော့ ခုတစ်မျိုးတော်ကြာတစ်မျိုးခဏခနကိုဖြစ်တတ်ပါတယ်။ ဒီတော့သူ့ကိုယုံကြည်လေးစားကြည်ညိုသူတွေက အကြည်ညိုမဲ့လာတတ်ပြီး သူ့ကိုထောက်ခံနေရာကနေ ဆဲဆိုမောင်းမဲတာတွေ ဝေဖန်အပြစ်တင်တာတွေဖြစ်လာတတ်ပါတယ်။ ဒါဟာသဘာဝပါပဲ။

ဒီတော့ လက်ရှိမှာဆရာတော်ကြီးတွေဘာကြောင့် ခုတစ်မျိုးတော်ကြာတစ်မျိုးဖြစ်ကြရသလဲဆိုတာကိုလေ့လာကြည့်ရင် ဆိုခဲ့တဲ့အချက်တွေထဲက တစ်မျိုးမျိုးနဲ့သူတို့ငြိနေလို့ဖြစ်ပါတယ်။ သို့သော်လည်းဆရာတော်ကြီးများအနေနဲ့ တော်ကြာတစ်မျိုးအခုတစ်မျိုး စကားတွေကိုမပြောသင့်ပါဘူး။ အဂတိလေးပါးလည်း မလိုက်စားသင့်ပါဘူး။ “သီလသမာဓိပညာ” အားကောင်းခိုင်မာရပါမယ်။ “မေတ္တာကရုဏာမုဒိတာဥပေက္ခာ”လို့ဆိုတဲ့ ဗြဟ္မဝိဟာရတရားလေးပါးကို အခိုင်အမာလက်ကိုထားရပါမယ်။

မေတ္တာဆိုတာက မိတ်ဆွေရန်သူမခွဲခြားပဲ အညီအမျှချစ်နိုင်ပြီး အညီအမျှကောင်းကျိုးချမ်းသာဖြစ်ဖို့လိုလားတဲ့ ကာယကံ ဝစီကံ မနောကံကို ဆိုလိုတာပါ။ ကရုဏာဆိုတာကတော့ ဒုက္ခိတသတ္တဝါတွေကိုကြည့်ပြီးစိတ်နှလုံးတုန်လှုပ်စွာဖြင့် သူတို့တွေချမ်းသာအောင် ကာယကံဝစီကံမနောကံဖြင့် ကူညီဖေးမစောင့်ရှောက်ပေးတာကို ဆိုလိုပါတယ်။ မုဒိတာဆိုတာကတော့ ကိုယ့်ထက်အောင်မြင်ချမ်းသာကြီးပွားနေသူတွေကို ကြည့်ပြီးဝမ်းမြောက်နေတတ်တဲ့ ကာယကံ ဝစီကံ မနောကံစေတနာတွေကိုဆိုလိုတာပါ။

ဥပေက္ခာဆိုတာကတော့ ကိုယ့်ကဘယ်လောက်ပင် မေတ္တာကရုဏာမုဒိတာတရားတွေနဲ့ ဆက်ဆံပြုမူဆောင်ရွက်ပေမဲ့ ဘာမှကိုလုပ်လို့မရဘဲဖြစ်နေတတ်တဲ့အခြေအနေမျိုးတွေရှိလာတတ်ပါတယ်။ အဲဒီအခါကျတော့ “အင်း–မတတ်နိုင်တော့ဘူးလေ ငါလည်းအစွမ်းကုန်ကြိုးစားပေးတာပဲ ဒါပေမဲ့ဘာမှဖြစ်မလာတော့လည်း သဗ္ဗေသတ္တာ ကမ္မဿကာ ပေါ့။ ကံစီမံတဲ့အတိုင်းလက်ခံဖို့ပဲ”လို့ ကံတရားကိုဆင်ခြင်ကာ ဖြစ်နေတဲ့အခြေအနေအရပ်ရပ်ကို ဥပေက္ခာစိတ်နဲ့သာ အဆင်ပြေအောင်ကြိုးစားနေထိုင်တာကိုဆိုလိုတာပါ။

သူတော်ကောင်းတွေရဲ့အသွင်အပြင်ကို ရယူထားတဲ့ရဟန်းသံဃာမှန်သမျှဟာ ဆရာတော်ကြီးတွေရော ဆရာတော်လေးတွေရော ဒီဗြဟ္မစိုရ်တရားလေးပါးကို မဖြစ်မနေကျင့်သုံးရမှာပါ။ ဒီဗြဟ္မစိုရ်တရားလေးပါးကို စနစ်တကျကျင့်သုံးနေတဲ့ ဆရာတော်ကြီးတွေပဲဖြစ်စေ ဆရာတော်လေးတွေပဲဖြစ်ဟာ ဘယ်လိုလုပ်ပြီးအဂတိလိုက်စားလို့ရမလဲ။ အခုတစ်မျိုးတော်ကြာတစ်မျိုး လုပ်လို့ရမလဲ။

သူတော်ကောင်းအစားစားရဲ့ကြည်ညိုလေးစားပူဇော်သမူကိုခံယူကြရမှာပါ။ အခုဟာက အဂတိလေးပါးတစ်ပါးပါးကိုလိုက်စားမိလို့ သို့မဟုတ် ကိုယ့်ရဲ့ကျွမ်းကျင်ရာဘာသာရပ်မဟုတ်သည်ကို ဝင်ရှုပ်မိလို့ ခုတစ်မျိုးတော်ကြာတစ်မျိုးဖြစ်ကြတာကများတယ်လို့ထင်ပါတယ်။

😍ဒါနဲ့ပတ်သက်လို့ ဘုန်းဘုန်းရဲ့ စင်္ကာပူဓမ္မခရီးစဉ်ကရခဲ့တဲ့ ကိုယ့်တွေ့သင်္ခန်းစာတစ်ခုကိုပြောပြချင်ပါတယ်။ ဘုန်းဘုန်း ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလမှာ စင်္ကာပူနိုင်ငံကို ဘုန်းဘုန်းနဲ့ဆရာဒကာဖြစ်တဲ့ စင်္ကာပူလူမျိုးဆရာဝန်လင်မယားက ဓမ္မခရီးစဉ်အဖြစ်ပင့်ပါတယ်။ သူတို့လင်မယားနဲ့ သူတို့ရဲ့မိတ်ဆွေတွေဟာ ဘုန်းဘုန်းရေးတဲ့ စာအုပ်တွေအကုန်ဖတ်ပြီးကြည်ညိုစိတ်ဖြစ်ရာကနေ ပင့်လိုက်တာပါပဲ။

ဒါပေမဲ့သူတို့ကဆရာဝန်ဆိုတော့ ဘာသာရေး အသိုင်းအဝိုင်းသိပ်မရှိဘူး။ ဒီတော့သူတို့ Buddhist Fellowship ဆိုတဲ့ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုရယ် မင်္ဂလာဝိဟာရဆိုတဲ့ ကျောင်းတိုက်တစ်ခုရယ်နဲ့ ဆက်သွယ်ပြီး organize လုပ်ကြပါတယ်။ မင်္ဂလာဝိဟာရမှာတော့ မြန်မာသံဃာများက ဦးစီးဦးဆောင်နေရာမှာ ရှိပြီးဖြစ်နေတော့ အခက်အခဲမရှိလှပါဘူး။

Buddhist Fellowship မှာကြတော့ အတွင်းရေးမှူးဖြစ်တဲ့ဒကာတော်က “အရှင်ဘုရား တပည့်တော့တို့စင်္ကာပူဆိုတာက နိုင်ငံပေါင်းစုံနဲ့အလုပ်လုပ်ရပါတယ်ဘုရား။ အခုတလောမှာ မြန်မာဗုဒ္ဓဘာသာတွေနဲ့ ရခိုင်ပြည်နယ်ကမွစ္စလင်တွေရဲ့အရေးဟာ တစ်ကမ္ဘာလုံးကိုရိုက်ခတ်သလို တပည့်တော်တို့စင်္ကာပူကိုလည်း ရိုက်ခတ်ပါတယ်ဘုရား။ တပည့်တော်တို့ hate speech ကိုလက်မခံပါဘူးဘုရား။ အရှင်ဘုရားရောအဲဒီအရေးကို ဘယ်လိုရှုမြင်ပါသလဲဘုရား”လို့ မေးမြန်းလျှောက်ထားပါတယ်။

ဒီတော့ဘုန်းဘုန်းက “ဒကာတော်ရေ အဲဒီရခိုင်အရေးဟာ ဘုန်းဘုန်းရဲ့ဘာသာရပ်ဆိုင်ရာမဟုတ်ပါဘူး။ ဘုန်းဘုန်းစိတ်လည်းမဝင်စားသလိုကျွမ်းလည်းမကျွမ်းကျင်ပါဘူး။ ဒါကကျွမ်းကျင်သူတွေဖြေရှင်းရမည့်ကိစ္စတစ်ခုပါ။ ဘုန်းဘုန်းစိတ်ဝင်စားတာက ဓမ္မသက်သက်နဲ့တရားထိုင်မူသာဖြစ်တယ်။ ဘုန်းဘုန်းကို ဒီစင်္ကာပူကိုပင့်ဆောင်စဉ်ကလည်း တရားဟောတရားပြတရားထိုင်ကြဖို့ပင့်ခဲ့ကြတာပဲ။

ဘုန်းဘုန်းစင်္ကာပူသားတွေကို ဘုန်းဘုန်းအသွေးအသားလိုစိတ်ထားပြီး တရားဟောတရားပြတရားအားထုတ်နည်းတွေစုံအောင်သင်ပြပေးမယ်။ နေ့စဉ်ဘဝထဲအထိတရားအားထုတ်နိုင်အောင် နည်းပေါင်းစုံပြပေးမယ်လို့ မေတ္တာကြီးကြီးဖြင့်ကြွလာခဲ့တာပါ။

ဒီတော့ ဘုန်းဘုန်းရဲ့ဘာသာရပ်ဆိုင်ရာကိုသာမေးပါ။ ဘာသာရပ်နဲ့မဆိုင်တာတွေကို မမေးပါနဲ့”လို့ မယိမ်းမယိုင် အခိုင်အမာရပ်တည်ပြီးဖြေရှင်းပေးလိုက်တဲ့အခါ ချက်ချင်းသဘောကျလက်ခံသွားပြီး ငြိမ်းချမ်းတဲ့တရားကိုနာယူကြ၊ လိုလားစွာကျင့်သုံးကြပါတယ်။ နောက်ထပ်လည်း ၂ ရက်တရားစခန်း သုံးရက်တရားစခန်းတွေထပ်တိုးလာပါတယ်။ နှစ်ပါတ်ကြာဓမ္မခရီးစဉ်တစ်ခုဖြစ်ပါတယ်။

ဒါဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှု self-confidence ဖြင့် ကိုယ့်ဘာသာရပ်ကိုယ် အခိုင်အမာရပ်တည်နိုင်တဲ့ခိုင်မာပြတ်သားတဲ့ စိတ်နေစိတ်ထားကြောင့်ပါပဲ။ ဆိုလိုတာက ကိုယ်လုပ်မည့် ကိုယ်ကျွမ်းကျင်ရာပဓာနအလုပ်အပေါ်အခြေခိုင်စွာမရပ်တည်ပဲ ဟိုထဲစပ်စပ်ဒီထဲစပ်စပ်ပါမိပြီဆိုရင်တော့ မလိုအပ်တဲ့ conflict တွေ contradiction ဖြစ်လာတတ်တာ သဘာဝတရားပါဘဲ။

ဒါကြောင့် ဘုန်းဘုန်းတစ်ပါးတည်းရဲ့အမြင်အတိုင်းဆိုရင်တော့ ရဟန်းသံဃာဟာ ဆရာတော်ကြီးတွေပဲဖြစ်စေ ဆရာတော်လေးတွေပဲဖြစ်စေ ကိုယ့်ရဲ့ပဓာနအလုပ်ဖြစ်တဲ့ ပရိယတ္တိ ပဋိပတ္တိ အလုပ်နှစ်ခုကို အခုခေတ်သိပ္ပံပညာ စိတ်ပညာ ဒဿနိကပညာရပ်တွေနဲ့ နှိုင်းယှဉ့်လေ့လာသုတေသနတွေပြုနိုင်အောင်ကြိုးစားကြပြီး လူသားတိုင်းအကျိုးရှိမည့် သာသနာပြုအလုပ်တွေကိုသာလုပ်စေချင်ပါတယ်။
ကိုယ်မကျွမ်းကျင်ရာတွေမှာ လိုက်ပြီးမပါစေချင်ပါဘူး။ မလိုအပ်တဲ့ရှုပ်ထွေးမှုတွေမဖြစ်စေချင်လို့ပါ။

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဟာ ရှုပ်ထွေးပါတယ်။ monastic institution နဲ့ military instruction နှစ်ဟာ နိုင်ငံရေးကိစ္စတွေထဲမှာ ပါဝင်ပြီးရောထွေးယှက်တင်ဖြစ်နေတာက လက်ရှိနိုင်ငံရေးကိုပိုပြီးရှုပ်ထွေးစေပါတယ်။ ဘုန်းဘုန်းကိုယ်တိုင်ကတော့ professional အလုပ် ပဓာနအလုပ်ဖြစ်တဲ့ ပရိယတ်ပဋိပတ်အလုပ်ကို ပြည်တွင်းမှာရော ပြည်ပမှာပါ professionally ရိုးသားစွာကြိုးစားနေပါတယ်။ အားလုံးလူမျိုးဘာသာအသွေးအရောင်မခွဲချမ်းသာစေဖို့ပါ။ ဒီလောက်ဆို ဒကာတော်ရဲ့မေးခွန်းက ပြေပြီထင်ပါတယ်နော်။

မေး။ ။ တင်ပါဘုရား။ ကျေးဇူးကြီးပါတယ်ဘုရား။ အမေစုနဲ့ပတ်သက်လို့လည်း အရှင်ဘုရားရဲ့အမြင်လေးကိုသိပါရစေဘုရား။

ဖြေ။ ။ ဒကာမကြီးနဲ့ပတ်သက်လို့ကတော့ ပညာတတ်ပညာရှင် သူတော်ကောင်းနှလုံးသားရှိသူမှန်သမျှ သာဓုခေါ်စရာအလုပ်တွေ သမိုင်းတွင်မည့်အလုပ်တွေကိုလုပ်နေတယ်ဆိုတာ ထင်ရှားနေတာပဲ။ ခက်ခဲကြမ်းတမ်းလှတဲ့အချိန်တွေကနေ အခုအချိန်အထိပေါ့။ အမျိုးကောင်းတယ်။ စိတ်ရှင်းတယ်။ စိတ်ရင်းစေတနာမှန်တယ်။ ဖြူစင်ရိုးသားမှုရှိတယ်။ ပြည်သူပြည်သားအပေါ်စေတနာအမှန်ထားတယ်။

ဒီလိုလူမျိုးလုပ်တဲ့အလုပ်တွေဟာ မှားခဲ့သည်ရှိဦးတော့စေတနာအမှားသာဖြစ်မှာပါ။ ဒီလောက်ဆိုရင် ရပြီထင်ပါတယ်။ နောက်ထပ်မြန်မာပြည်မှာ ဒကာမကြီးလို ခေါင်းဆောင်မျိုးရဖို့လွယ်မယ်ထင်ပါဘူး။ စိတ်ရင်းကောင်းနိုင်တယ်။ အနစ်နာခံနိုင်တယ်ဆိုဦးတော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နှလုံးသားတွေအထိဖမ်းစားနိုင်တဲ့အစွမ်းကြတော့ ဒကာမကြီးဒေါ်အောင်ဆန်းစုကြည်ကိုမီဖို့မလွယ်ဘူးထင်ပါတယ်။ ကဲ–ရပြီထင်တယ်။

မေး။ ။သာဓု သာဓု သာဓု ပါဘုရား။ ကျေးဇူးအရမ်းကြီးပြီးကျေးဇူးလည်းအများကြီးတင်ပါတယ်ဘုရား။
=================================================================

Image may contain: one or more people, people sitting and indoor
Comments
  • Paung Aike တပည့်တော်ဖတ်ရတာ၊အင်မတန်မှ၊ကျေနပ်အားရမိပါတယ်ဘုရား၊
    ဆရာတော်၊ကျန်းမာချမ်းသာပါစေ။

 

  • Maybelle Wang မြန်မာပြည်ကရဟန်းရှင်လူအားလုံး professional ဆိုတဲ့ ကိုယ့်အလုပ်ကိုကျွမ်းကျင်စွာလုပ်ခြင်းကို ရှင်းရှင်းလင်းလင်းနားမလည်သေးသမျှ မလိုလားအပ်တဲ့ ထိပ်တိုက်တွေ့မှု၊ ပွတ်တိုက်မှုတွေဖြစ်နေအုံးမယ်လို့ ထင်ပါတယ်ဘုရား။

 

 

  • Aye Min သာဓု သာဓု သာဓုပါဘုရား🙏🙏🙏

 

 

  • Mi Mi Maw ပညာရှိစကား ကြားနာခွင့်ရလို့ ကျေးဇူးတင်ပါတယ် ဘုရား

 

 

  • ဆုလာဘ် ထွေး ဦးတာ ပညာရှိစကား ကြားနာခွင့်ရလို့ ကျေးဇူးအထူးတင်ပါတယ် ဘုရား
    သာဓု သာဓု သာဓုပါဘုရား🙏🙏🙏🙏🙏

 

 

  • Thara Phe သာဓု သာဓု သာဓုပါဘုရား

 

 

 

 

  • Moh Moh ကျေးဇူးကြီးလှပါတယ် ဘုရား .. ဦးတင်ပါ၏

 

 

 

 

  • Khin San Win အရှင်ဘုရား မြတ်စွာဘုရား၏ ဓမ္မအပေါ်ရပ်တည်ရှင်းလင်းပြပေးတဲ့အတွက် သာဓု သာဓု သာဓုပါဘုရား
    shareခွင့်လည်းပြုပါဘုရား

 

 

  • မေကဆုန် အစဉ်လေးစားကြည်ညိုဦးခိုက်ပါ၏အရှင်ဘုရား

 

Write a comment…

Please, read it carefully; it will give you a practical clue on the idea of rebirth

Please, read it carefully; it will give you a practical clue on the idea of rebirth

I have one faithful European Vipassanā meditation student who has faithfully and loyally followed and respected me and my teaching of Vipassanā meditation till the last moment of his life. We have had a long time relationship between he and I for more than two decades on the path of “Mindfulness-Based Vipassanā meditation practice”. Two years age, he unexpectedly passed away by cancer at his operation room of hospital in Austria. When I received the email that mentioned “He passed away”. I couldn’t accept it at once because I have never heard of he has suffered for cancer. However, it was a real message from his responsible doctor.

Last night, around 12 p.m. he gave me a dream that he was born in a celestial abode as a beautiful shining celestial being with other friends. In the dream, he said, “Ashin, I was so lucky to meet you, accept you as my spiritual teacher and practice “Mindfulness-Based Vipassanā Meditation” with you as you taught me more than two decades. I’m so happy to be born now in celestial abode and to continue practicing the technique as you taught me while I was with you. Please, keep practicing and teaching people. Do not go away from such a beautiful forest. As you said, nature is perfect with meditative mind and with contemplative monk like you. Thank you so much for your Teaching.”

What a strange thing to me is that I have no time to dream while sleeping because I’m used to sleeping for 5 hours everyday because of my active and intensive and attentive meditation everyday but I’m quite happy to see that my long time meditation student, now a celestial being, Ewald is so shining and satisfied with his new life that made me really interesting.

Whether you believe it or not, Ewald came to me last night at midnight and talked to me very pleasantly and satisfactorily in the dream. I don’t want to write it down on Facebook but I think that I should share it with my meditation students across the world including Myanmar. If they are interested in something new like that, they can see it.

Of course, he didn’t intend to be born in such a celestial abode as a celestial being by practicing this meditation. However, We both see that the benefits from meditation practice are visible to our lives. We both are very practical and living day after day life.

We have never argued with each other for the next life or the existence of a certain God because it will stupidly waste our precious time but we live very mindfully in day-to-day life. We are very practical. We have never wasted our precious time by talking about the past but always reminded to learn our lessons from the past. It is the truth.

Thanks a lot Ewald for the beautiful and wonderful dream you give me. Take a good care in your new celestial life and please, continue practicing “Mindfulness-Based Vipassanā Meditation” as I taught you. It will bring you a great benefit visible to you.
Deep regards
Yours

သီလသမာဓိပညာသိက္ခာသုံးပါးသည်သာ ရဟန်းသံဃာအားထုတ်စရာ

သီလသမာဓိပညာသိက္ခာသုံးပါးသည်သာ ရဟန်းသံဃာအားထုတ်စရာ ================================================

မြန်မာ့ထေရဝါဒ သံဃာ့အသိုင်းအဝိုင်းသည် သီလသမာဓိပညာကို အခြေမခံနိုင်သေးသမျှ ကမ္ဘာ့ပညာတတ်ဝိနည်းလေးစားသော ထေရဝါဒသံဃအသိုင်းအဝိုင်းနှင့် အံဝင်ခွင်ကြဖြစ်မည်မဟုတ်သေးပေ။ မြန်မာ့ထေရဝါဒကမ္ဘာပေါက်နိုင်မည်မဟုတ်သေးပေ။

ဒီနေ့ကမ္ဘာ့ထေရဝါဒသံဃာ့အသိုင်းအဝိုင်းသည်ကား အမှန်တကယ်စွန့်လွှတ်စွန့်စား၍ သူတို့ယုံကြည်ရာဘာသာတရားနှင့် အစဉ်အလာကိုပစ် မိဘဆွေမျိုးကိုပစ်ကာ ဓမ္မဝိနယသာသနာတော်အတွက် စွန့်လွှတ်ခဲ့ကြရသော ပညာတတ်အမျိုးကောင်းသားသမီးများကဦးဆောင်ဦးရွက်ပြုနေကြခြင်းတည်း။

ထိုကြောင့်သူတို့တွေတွေးပုံခေါ်ပုံသည် ဗုဒ္ဓသာသနာဖြစ်သောဓမ္မဝိနယသာသနာတော်ကို သူတစ်ပါးအား ဖြန့်ဝေဖို့ထက်သူတို့ကိုယ်တိုင်ကျင့်ကကံအားထုတ်လို၍ သာသနာ့ဘောင်ဝင်ကာကျင့်ကြံအားထုတ်ခြင်းဖြင့် နေထိုင်ကြခြင်းသည် အများပြည်သူကိုပါစိတ်ဝင်စားစေခဲ့ပြီး ပိုမိုကြယ်ပြန့်လာခြင်းတည်း။

မိမိတို့ရွှေမြန်မာရဟန်းသံဃာအသိုင်းအဝိုင်း၏ တွေးပုံခေါ်ပုံကား ကိုယ်ကျင့်ကြံအားထုတ်ဖို့ထက် သူတစ်ပါးကိုသာသင်ပြပေးဖို့ကျိုးစားနေခြင်းကသာများပေ။ ဝိနည်းဆိုလျှင်လည်း ဘယ်တစ်ခုကိုမျှတိတိကျကျမလိုက်နာဘဲ အဆင်ပြေသလိုကျင့်နေသည်ကများ၏။ ထို့ကြောင့် ကမ္ဘာ့သံဃာ့အသိုင်းအဝိုင့်နှင့် အတွေ့အထိရှိသော မိမိအနေဖြင့်ကား ကမ္ဘာ့ပညာတတ်လူကြီးလူကောင်းသံဃာ့အသိုင်းအဝိုင်းနှင့် ရွှေမြန်မာထေရဝါဒအသိုင်းအဝိုင်းကြားညကွာခြားချက်ကိုရှင်းလင်းစွာ မြင်နေရပေ၏။

ကမ္ဘာ့ထေရဝါဒအသိုင်းအဝိုင်းသည် တရားဥပဒေကိုလိုက်နာတတ်သောပညာတတ်များဖြစ်ပေ၏။ စည်းကမ်းဥပဒေကိုစည်းကမ်းဥပဒေအတိုင်း လိုက်နာတတ်သောယဉ်ကျေးမှုထွန်းကားသော တိုးတက်ဖွံ့ဖြိုးပြီးနိုင်ငံများမှ အမျိုးကောင်းသားသမီးများဖြစ်ပေ၏။

ဥပမာ။ ။ငွေမကိုင်ရဆိုလျှင်လုံးဝမကိုင်တွယ်ဘဲလိုက်နာကြ၏။ ဝိနည်းကိုဝိနည်းအတိုင်းလိုက်နာတတ်ကြပေ၏။ မိမိနှင့်နှစ်ပေါင်းများစွာနေထိုင်ခဲ့သော ဝါရှင်တန်ဒီစီသား အမေရိကန်လူမျိုးရဟန်းတော်ဦးပညောဘာသဆိုလျှင် အာပတ်ဖြေသည်ကိုပင် “အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ”ဟု ရောပြွန်းသပြွန်း အာပတ်ဖြေနည်းကိုလုံးဝမနှစ်သက်ပေ။

ထို့ကြောင့် သူ့အတွက် အာပတ်ဖြေနည်း သီးသန့်လုပ်ပေးထားရပေ၏။ သူသည် အပြစ်မသင့်အောင်လည်းကြိုးစားနေထိုင်၏။ အပြစ်သင့်သည်ဟုထင်ရှားလျှင်လည်း သင့်ရောက်သည့်အပြစ်ကို “အဟံ ဘန္တေ ဒုက္ကတံ အာပတ္တိံ အာဝိကရောမိ၊ ပါစိတ်တိယံ အာပတ္တိံ အာဝိကရောမိ” စသည်ဖြင့် အပြစ်ကိုအပြစ်အတိုင်း ဖေါ်ပြောသည့် အာပတ်ဖြေဒေသနာပြောနည်းကို စီမံပေးထားရပေ၏။

ဝိနည်းသိက္ခာနှင့်အညီနေထိုင်လိုက တောရဆောက်တည် ရွှေငွေမကိုင်ဘဲ သာရေးနာရေးပွဲလည်းမသွား ခရီးသွားလည်းကျဲကာနေထိုင်ခြင်းကသာ ဖြူစင်နိုင်ပေ၏။ သို့မှသာလူ့တို့စိတ်ထဲ စွဲမြဲသောသာသနာ့အနှစ်သာရများရောက်ရှိကာ သာသနာအစစ်တည်နိုင်ပေ၏။

မိမိသည် သာသနာ့အကျိုးနိုင်ငံအကျိုးကိုရှေ့ရှုလျက် တောရဆောက်တည်ကျင့်သုံးနေသော နိုင်ငံခြားတိုင်းပြည်များသို့လည်း ဝိနည်းနှင့်အညီ တရားဟောတရားပြ ပင့်ဖိတ်သောနိုင်ငံများသို့ သွားလာနေရသော မြန်မာဆရာတော်တစ်ပါးဖြစ်ပေ၏။

အထူးသဖြင့်အနောက်နိုင်ငံထေရဝါဒသံဃာ့အဖွဲ့အစည်းနှင့် တွေ့ထိမှုရှိထားသောမြန်မာဆရာတော်ဖြစ်၍ မြန်မာ့သံဃာ့အဖွဲ့အစည်း၏ ဓမ္မဝိနယကျင့်ကြံအားထုတ်မှု အားနည်းနေသည်ကို ကိုတိုင်တွေ့ကြုံရကာ သိရှိထားသောဆရာတော်ဖြစ်ပေ၏။

အချို့အနောက်နိုင်ငံထေရဝါဒသံဃာ့အသိုင်းအဝိုင်းသည် မြန်မာ monk တွေနောက်လိုက်ရင် ဝိနည်းမှာ အသက်ရှူပေါက်များသည်ဟုပင်ဆိုကြပေ၏။ ဆိုလိုသည်မှာ မြန်မာသံဃာ့အသိုင်းအဝိုင်းသည် သိက္ခာပုဒ်များကိုလိုက်နာရာ၌အလွန်အားနည်း၏ဟု ဆိုခြင်းတည်း။ ဤကားအနောက်နိုင်ငံရဟန်းသံဃာ၏ မြန်မာ့သံဃာ့အဖွဲ့အစည်းအပေါ်အမြင်တည်း။

ထို့ကြောင့်မိမိသည် ရဟန်းငယ်စာသင်သားဘဝကတည်းက အပြောအဆိုမခံလို၍ ဓမ္မဝိနယနှစ်မျိုးလုံးကို ကောင်းစွာအားထုတ်ခဲ့ပေ၏။ ယခုအခါမိမိ၏ရဟန်းဝါပင် ၂၉ ဝါရ၍ တောရဝါဆောက်တည်သောဝါပင် ၁၇ ဝါသို့ရောက်လာလေပြီ။ ဆက်၍လည်း သေသည့်တိုင်အောင်အားထုတ်နေရပေဦးမည်။

ယခုအခါ သက်တော် ၅၀ ကျော်လာ၍ သေဖို့ပင်ပြင်ဆင်နေရပေပြီ။ ဘာရောဂါမျှမရှိသေးသည့်တိုင်အောင် Who knows? Things are so much conditioned and everything is changing so fast. Within a blink, and within a stretch of one’s hand, one can die so I try to purify my mind by mindfully living at the present moment and by teaching the same technique to people who want to come with me along the Path to Nibbāna. Everyone is every welcome to the Path on which I have been walking through.

သီလသမာဓိပညာ သိက္ခာသုံးပါးကို စနစ်တကျအားမထုတ်သေးသမျှကာလပတ်လုံး မြန်မာ့သံဃာ့အဖွဲ့အစည်းသည် မည်သို့ပင် PhD စသော ဘွဲ့ထူးဂုဏ်ထူးများတတ်ထားသည်ဖြစ်စေ ဝိနည်းကိုတရားဥပဒေကဲ့သို့လေးစားကြသော ဓမ္မဝိနယကိုဦးထိပ်ထားလျှက် တည်ငြိမ်စွာကျင့်ကြံအားထုတ်၍ ဖွံ့ဖြိုးလာနေပြီဖြစ်သော ကမ္ဘာ့ပညာတတ်လူကြီးလူကောင်း သံဃာ့အဖွဲ့အစည်းနှင့် အလှမ်းဝေးနေပေလိမ့်ဦးမည်ဟုသာမှတ်။

သိလိုသူများလေ့လာလို့ရအောင် ငယ်စဉ်ကတည်းကအခုအထိ ပြည်တွင်းပြည်ပ၌ရိုးသားစွာ သာသနာ့တာဝန်ထမ်းဆောင်မှုမှတ်တမ်းအချို့ကိုတင်ပြပေးလိုက်ရပေ၏။ ကြည်ညိုစိတ်မုဒိတာပွားနိုင်ကြပါစေသော်။

တရားထိုင်တာဟာ အကြာကြီးထိုင်ပြီးအားထုတ်ဖို့လိုအပ်ပါသလားဘုရား

မေး။ ။အရှင်ဘုရား အချို့ကဘယ်နှစ်နာရီထိုင်နိုင်တယ် ဘယ်နှစ်နာရီအထိ တင်ပလ္လင်ချိတ်နိုင်တယ် စသည်ပြောဆိုကြပါတယ်ဘုရား။ တပည့်တော်တို့ကတော့ အဲဒီလိုလုပ်နိုင်တဲ့ အစွမ်းမရှိပါဘူးဘုရား။ အရှင်ဘုရားအနေနဲ့လည်း ပြည်ပနိုင်ငံတွေမှာ ပြည်ပသားစစ်စစ်တွေကို တရားပြဖို့သွားလာနေတာကို တပည့်တော်တို့သိပါတယ်ဘုရား။ တရားထိုင်တာဟာ အဲဒီလိုအကြာကြီးထိုင်ပြီးအားထုတ်ဖို့လိုအပ်ပါသလားဘုရား။ သနားသောအားဖြင့်ဖြေကြားပေးတော်မူပါဘုရား။

ဖြေ။ ။အင်း-မေးခွန်းကတော်တော်လေးကိုကောင်းတယ်။ တကယ်တော့မြတ်ဗုဒ္ဓကအချိန်ဘယ်လောက်ကြာထိုင်ခြင်းဣရိယာပုထ်ဖြင့် အားထုတ်ရမယ်။ ဘယ်လောက်ကြာစင်္ကြံလျှောက်ခြင်းဣရိယာပုထ်ဖြင့် အားထုတ်ရမယ်။ ဘယ်လောက်ကြာလှဲလျှောင်းခြင်းဣရိယာပုထ်ဖြင့် အားထုတ်ရမယ်။ ဘယ်လောက်ကြာရပ်ခြင်းဣရိယာပုထ်ဖြင့် အားထုတ်ရမယ်လို့တော့ ရုပ်ဝါဒဆန်ဆန် အချိန်ကိုအဓိကထားပြီးာအားထုတ်ခိုင်းထားတာ ကျမ်းဂန်တွေမှာ မတွေ့ရပါဘူးကွယ်။

“သတော ဘိက္ခဝေ ဝိဟရေယျ သမ္ပဇာနော-သံသရာဘေးကိုကြောက်လန့်ကြတဲ့ ယောဂီသူတော်ကောင်းတို့ သတိထားပြီး ကောင်းစွာသိလျှက် ဣရိယာပုထ်လေးပါးတွင် မမေ့မလျှော့နေထိုင်ရာ၏”လို့သာ မိန့်မှာထားတာကို ကျမ်းဂန်အတော်များများမှာတွေ့ရပါတယ်။ ဒီတော့ ဘုန်းဘုန်းတို့ပြည်ပမှာဆိုရင် “You have to be closely mindful of everything by sitting, by walking, by standing and by reclining for 24/7.”လို့ပြောပေးရပါတယ်။

ဒီတော့ တရားစခန်းတွေမှာဆိုရင် ဣရိယာပုထ်လေးပါးလုံးမှာ ၂၄ နာရီပတ်လုံး တတ်နိုင်သမျှမမေ့မလျှော့နေတတ်အောင်တော့ အသေးစိတ်သင်ပြပေးရပါတယ်။ ဒါဟာဗုဒ္ဓသင်ပြတော်မူတဲ့ကျင့်စဉ်အစစ်ပါ။ အထူးသဖြင့် ပြည်ပနိုင်ငံတွေမှာ ပြည်ပသားစစ်စစ်တွကို တရားစခန်းဖွင့်ပြီးသင်ပြပေးရတဲ့အခါ ပြည်တွင်းမှာလိုယုံကြည်မှုနဲ့လုပ်ကြတာမျိုးမဟုတ်ဘဲ အသိဉာဏ်ဆင်ချင်တုံတရား သိပ္ပံနည်းကျမကျစတဲ့ပေတံတွေနဲ့ တိုင်းတာကြတာဖြစ်လို့ ပြည်တွင်းကအစဉ်အလာသင်ပြမှုထက် ဗုဒ္ဓလိုလားတော်မူတဲ့အတိုင်း ကျမ်းဂန်နဲ့ညီအောင်သင်ပြရပါတယ်ကွယ်။

သိပ္ပံပညာသိပ္ပံဦးနှောက်တွေနဲ့လည်းဆီလျှော်မှုရှိအောင်သင်ပြရပါတယ်။ ဒါပေမဲ့သေချာတာကတော့ ဓမ္မကိုယ်တိုင်ကသိပ္ပံနည်းကျပြီးသားပါ။ ပြည်တွင်းမှာသိပ္ပံပညာအားနည်းတော့ တရားအားထုတ်တဲ့အခါမှာလည်း အစဉ်အလာနည်းတွေကိုပဲ လွယ်ကူစွာလက်ခံပြီးလိုက်လုပ်ကြတာများပါတယ်။ ဒီတော့ပြည်တွင်းမှာ အခက်အခဲသိပ်မရှိဘူးလက်ခံသူတွေကလည်း တရားစခန်းတရားပြဆရာရဲ့ popular ဖြစ်မှုအတိမ်အနက်ပေါ်မူတည်ပြီး အလွယ်တကူလက်ခံတတ်ကြတာများပါတယ်။

ဆိုလိုချင်တာက ဗုဒ္ဓဟာ ထိုင်းခြင်းလျှောင်းခြင်းစင်္ကြံလျှောက်ခြင်းရပ်ခြင်းဣရိယာပုထ်တွေကို ဘယ်အချိန်ဘယ်လောက်ကြာကြာအချိန်နာရီကန့်သတ်ပြီး တရားအားထုတ်ရမယ်လို့ သင်ပြထားတာမရှိပါဘူးကွယ်။

ဘုန်းဘုန်းရဲ့တရားစခန်းတွေမှာတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ အနည်းဆုံးတစ်နာရီတော့ သမာဓိထူထောင်လို့ရအောင်ထိုင်ခိုင်းပါတယ်။ အလားတူပဲ စင်္ကြံလည်း သမာဓိထူထောင်လို့ရအောင် စိတ်မပျံ့ရလေအောင် တစ်နာရီလျှောက်ခိုင်းပါတယ်။ အစပထမတော့ “ထိသိ”ရိုးရိုးကိုလျှောက်ခိုင်းပါတယ်။ နောက်တော့ ယောဂီရဲ့သမာဓိရမှုအပေါ်မူတည်ပြီးတော့ “ထိသိပျက်”အထိစင်္ကြံလျှောက်ရင်းရှုကြရပါတယ်။

“ထိသိပျက်”အဆင့်မှာတော့ ဝိပဿနာနည်းဖြင့် စင်္ကြံလျှောက်တာဖြစ်ပါတယ်။ ယောဂီဟာပိုပြီးတည်ငြိမ်လာတဲ့သဘောကိုလည်းတွေ့ရပါတယ်။ အဲဒီလိုလက်တွေ့ကျကျ သိပ္ပံနည်းကျကျ သင်ပြပေးတဲ့အခါ ပြည်တွင်းမှာရောပြည်ပမှာပါ စိတ်ဝင်တစားအားထုတ်ကြတာကိုတွေ့ရပါတယ်။ အထူးသဖြင့်လူငယ်တွေပိုပြီးစိတ်ဝင်တစားအားထုတ်ကြတာကိုတွေ့ရပါတယ်။ လူကြီးတွေလည်းအားထုတ်ကြတာပါပဲ။

ဘယ်လောက်ကြာကြာထိုင်ပြီးအားထုတ်ရမယ်ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ကတော့ ရဟန္တာများ အဓိဋ္ဌာန်ပြီး (၇)ရက် သမာပတ်ဝင်စားသလိုပေါ့ ယောဂီကိုယ်တိုင်က ထိုင်တဲ့ဣရိယာပုတ်နဲ့ကြာကြာထိုင်တာ အဆင်ပြေလာတယ် တိုးတက်လာတယ် လှုပ်ရှားပြုပြင်မှုသိပ်မတွေ့ရတော့ဘူးဆိုရင်တော့ ယောဂီရဲ့တွေ့ကြုံနေတဲ့ဓမ္မအလိုဓမ္မအဆင့်အတိုင်း ကြာကြာထိုင်ခွင့်ပြုပါတယ်။

ဒီနေရာမှာဘုန်းဘုန်းကကြာကြာထိုင်တာကို ကန့်ကွက်နေတာမဟုတ်ပါဘူး။ ဇွတ်အတင်း အနတ္တသဘောကို အတ္တအလိုအတိုင်း မလုပ်မိစေဖို့ကိုသာ သတိပေးတာပါ။ စအားထုတ်ခါစ တရားအားထုတ်မည့်ယောဂီကို ဘယ်နှစ်နာရီဘယ်လိုပုံစံဖြင့်ထိုင်ရမည်ဆိုတာမျိုးကို ပုံမသွင်းမိဖို့ အနတ္တကိုအတ္တမလုပ်မိစေဖို့သာ သင်ပြပေးတာပါ။

ယာဂီရောက်နေတဲ့ဓမ္မအဆင့်က ကြာကြာကိုထိုင်ဖို့အဆင်ပြေလာပြီဆိုရင်တော့ “ပလ္လင်္ဂံ အာဘုဇ္ဇိတွာ ဥုဇုံ ကာယံ ပဏိဓာယ”စတဲ့ ပါဠိတော်လာဗုဒ္ဓသင်ပြသောလမ်းစဉ်အတိုင်း ထိုင်လို့ရပါပြီ။ ဒါကလည်း စစ်စစ်ဆေးဆေးနဲ့လုပ်ရပါတယ်။ ယောဂီကို ဒီအတိုင်းသူလုပ်ချင်ရာလုပ်လွှတ်ထားလို့မရပါဘူး။ တရားကိစ္စမှာလုပ်ချင်ရာလုပ်ရင် စိတ်ကြောင်သွားတတ်ပါတယ်။ ဒါကြောင့်ဆရာသမားထံမှာ လမ်းညွှန်မှုခံယူဖို့လိုအပ်ပါတယ်။

ဘုန်းဘုန်းသင်ပေးနေတာကတော့ ၂၄/၇ ၂၄နာရီပတ်လုံး ဣရိယာပုထ်တိုင်းမှာသတိကပ်နိုင်အောင် ကြိုးစားဖို့သာအဓိကသင်ပြပေးပါတယ်။ ဒါကသိပ္ပံနည်းလည်းကျသလို ဓမ္မနဲ့လက်တွေ့ဘဝလည်းတစ်ထပ်တည်းကျပါတယ်။ ကြာကြာထိုင်တာ ကြာကြာစင်္ကြံလျှောက်တာတွေကတော့ ယောဂီတစ်ဦးခြင်းစီရဲ့အတွေ့အကြုံနဲ့ အားထုတ်နိုင်မှုအပေါ်သာမူတည်ပါတယ်ဆိုတာကို ပြောပါရစေကွယ်။

ဘုန်းဘုန်းကတော့ လူသားတွေနေ့စဉ်ဘဝထဲမှာ သူတို့နေထိုင်တဲ့ဣရိယာပုထ်တိုင်းမှာ သတိကပ်ပြီးနေတတ်ဖို့ကိုပိုပြီးသင်ပြပေးပါတယ်။ ကားသမားကကားမောင်းရင်သတိကပ်တတ်ဖို့ အိမ်သာတက်သူကအိမ်သာတက်ရင်းသတိကပ်တတ်ဖို့ ထမင်းဟင်းချက်သူက ထမင်းဟင်းချက်ရင်းသတိကပ်တတ်ဖို့ စသည်ပေါ့။ ကဲ– ဒီလောက်ဆိုရပြီထင်ပါတယ်နော်။

မေး။ ။မှန်ပါဘုရား။ စိတ်ရှည်လက်ရှည် အချိန်ပေးဖြေပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်အရှင်ဘုရား။ တပည့်တော်တို့ကလည်း နေ့စဉ်ဘဝထဲမှာသတိကပ်နေထိုင်ရတာကို ၅ နာရီ ၆ နာရီ မျက်စိမှိတ်ပြီးထိုင်အားထုတ်ရတာထက်ပိုနှစ်သက်ပါတယ်အရှင်ဘုရား။

ဖြေ။ ။ကဲ–ဖြစ်သမျှပျက်သမျှ ဣရိယာပုထ်တိုင်းမှာ သတိကပ်ပြီး ဘဝနဲ့ဓမ္မတစ်ထပ်တည်းကျအောင်နေထိုင်တတ်ပါစေ။

မိမိနှင့်တရားအားထုတ်ခြင်းရယ်၊ စိတ်ဖိစီးမှုပြဿနာရယ်

မိမိနှင့်တရားအားထုတ်ခြင်းရယ်၊ စိတ်ဖိစီးမှုပြဿနာရယ်

ဘုန်းကြီးမှာလည်း စိတ်ဖိစီးမှုမရှိဘူးမထင်ပါနဲ့။ အလုပ်ကြီးမားလေ တပည့်များအတွက် အလုပ်အတွက် အဆင်မပြေဖြစ်မှာစိုးလို့ စိတ်ဖိစီးမှုဖြစ်ရပါတယ်။ သာသနာတစ်ခုလုံးအတွက်စိတ်ပူလို့ စာရေးစာချတဲ့အလုပ်ဟာလည်း စိတ်ဖိစီးမှုကိုဖြစ်စေတာပါပဲ။ ဆိုဆုံးမရလွယ်ကူတဲ့တပည့်များရှိသလို လုပ်ချင်ရာလုပ်တဲ့တပည့်များကြောင့်လည်း စိတ်ဖိစီးမှုဖြစ်တတ်ပါတယ်။

စာရေးရတဲ့ဒုက္ခကလည်း ရံခါစိတ်ဖိစီးမှုကိုဖြစ်စေပါတယ်။ ခုတော့ ၅၂- နှစ်ဆိုတော့ အသက်ကမငယ်တော့ဘူးလေ။ ဒါကြောင့် တတ်နိုင်သမျှစိတ်ဖိစီးမှုကင်းဝေးအောင် တရားဂီယာများများထိုးပြီး ဘဝကိုမောင်းနှင်ဖို့ပြင်နေပါတယ်။ နေရမည့်အချိန်ထက်သေရမည့်အချိန်ဆိုတာ ပိုနီးလာနေလို့ပေါ့။ စိတ်ပူနေလည်းဘာမှဖြစ်မလာမည့်အရာတွေအတွက် စိတ်မပူအောင်ကြိုးစားနေထိုင်သွားရမှာပါ။

တရားအားထုတ်တတ်တာကတော့ အတော်ကိုကောင်းမွန်တဲ့ antibiotic သို့မဟုတ် antidote သို့မဟုတ် Remedy တစ်ခုဖြစ်ပါတယ်။ အတော်အတန်စိတ်ဖိစီးမှုဖြစ်လာရင် စင်္ကြံလျှောက်ရင်းခြေထောက်နှင့်မြေကြီးကြမ်းပြင်ထိတိုင်းသိနေအောင် ထိသိပျက်အမှန်သိနေအောင် တစ်နာရီလောက်ကြိုးစားနေလိုက်ရင် ဖိစီးမှုဟာပျောက်ကိုပျောက်ရပါတယ်။ သို့မဟုတ်က—- အောက်ပါအတိုင်းဖြစ်တတ်ပါတယ်။

Stress ကြောင့် “အဆစ်အမြစ်နဲ့ ကြွက်သားတွေကိုက်ခဲနာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ တင်းကြပ်ခြင်း၊ အရိုးရဲ့အရင်းပိုင်းမှာနာကျင်အခံရခက်ခြင်း၊ အရိုးပွလေ့ရှိခြင်း၊ အရိုးပွရောဂါရတတ်ခြင်း၊ နောက်ကြောဘက်နဲ့ဇက်ကြောပြင်တွေမှာကြွက်သားတက်ခြင်းတင်းကြပ်ခြင်းများ ဖြစ်ပါတယ်”။

သူများတွေတော့မသိ။ ဘုန်းဘုန်းတော့ အဲ့ဒီပုံပေါ်မှာဝိုင်းပြထားတဲ့ joints and muscles နေရာမှာစိတ်ဖိစီးမှုကြောင့်ရတဲ့ နာကျင်ကိုက်ခဲမှုတွေကိုစပြီးခံစားနေရပါပြီ။ စောစောစီးစီးသတိတရားလက်ကိုင်ထားပြီး ငယ်စဉ်ကတည်းက ဘယ်သူ့ကြောင့်မှစိတ်ဖိစီးမှု မရကြပါစေနဲ့။ အင်း—ဆင်ခြင်စရာတွေ အရွယ်ငယ်သေးစဉ်မသိသာပေမဲ့ အသက်ကြီးလာတဲ့အခါ အကုန်သိသာလာတယ်။ ဒါတောင်အိပ်ယာထသည်နှင့်တပြိုင်နက် အာနာပါန ခေါ်တဲ့ ဝင်သက်ထွက်သက်ကို တမ်းပြီးစိတ်ကပ်တဲ့ တရားအလေ့အကျင့်ရှိနေပေသေးလို့တော်သေးတယ်။

ဒါကြောင့် အားလုံးကိုသတိပေးချင်တာက ငယ်စဉ်ကတည်းက ဘယ်သူ့ကြောင့်ဘာကြောင့်မှ စိတ်ဖိစီးမခံပါနဲ့ သူများတွေကိုလည်း စိတ်ဖိစီးအောင်မလုပ်မိပါစေနဲ့။ စိတ်ဖိစီးမှုဖြစ်ပြီဆိုရင်လည်း အကြာကြီးကိုယ့်စိတ်ထဲမှာ အချိန်ပေးမထားပါနဲ့။ တစ်ဘက်ကလူကဘာမှမသိပေမဲ့ စိတ်ဖိစီးခံရတဲ့သူမှာ အတော်စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ရတတ်ပါတယ်။ တဘက်ကတော့ ကိုယ်စိတ်ဖိစီးနေတာကိုပဲ အကြင်နာနှလုံးသားကင်းမဲ့ရင် ဝမ်းသာပီတိပင်ဖြစ်နေနိုင်မလားမသိ။

ကိုယ်အပေါ်ချစ်ခင်ကြင်နာတတ်သူများအတွက် စိတ်ဖိစီးမှုဖြစ်ရတာဟာ မသိသာလှပေမဲ့ ဖြစ်ရင်တောင်မှ သူတို့ရဲ့မေတ္တာအစွမ်းကပြန်လည်ကုစားပေးနေသော ဆေးမျိုးဖြစ်လို့ ခံနိုင်ရည်ရှိပေမဲ့ ကိုယ့်အပေါ်ချစ်ခင်ကြင်နာမှုဆိုတာလည်းမရှိ ကိုယ်ကမေတ္တာစေတနာအားကြီးသလောက် ကိုယ့်ကိုနှလုံးပင်သွင်းဖေါ်မရတဲ့သူတွေအပေါ်မှာ စိတ်ဖိစီးမှုဖြစ်ပြီဆိုရင်တော့ အသက်တိုပြီသာမှတ်ပေတော့။ ခုပုံပါရောဂါမျိုးတွေကို အပြည့်သာလွယ်ထားပေတော့။

သတိပဋ္ဌာန်အလေ့အထကျင့်နိုင်ကြ၍ အနိစ္စဟုရှုမြင်ကာ ဝိပဿနာအလေ့အထ နေ့စဉ်ရလျှက် stress ခေါ်တဲ့ စိတ်ဖိစီးမှုတွေကို နည်းမှန်လမ်းမှန်ဖြင့် လျှင်မြန်စွာ letting go လုပ်နိုင်ကြပါစေ။ လျှော့ချနိုင်ကြပါစေ။ အပ္ပမာဒေန သမ္ပာဒေထ။

မိမိရေးသောစာအုပ်များ စီစဉ်ကူညီသူများအထွက် သြဝါဒကထာ

မိမိရေးသားသောထုတ်ဝေနေသောဓမ္မစာအုပ်များနှင့်မိမိ၏ရည်ရွယ်ချက်စိတ်နေစိတ်ထားကို တပည့်အလိမ္မာများအားသြဝါဒကထာချီးမြှင့်ပေးခြင်း

မိမိ၏ဓမ္မစာပေများသည် ငွေရေးကြေးရေးစီးပွားရေးအရ ထုတ်ဝေသည်မဟုတ်။ ဓမ္မ၏ universal values, quality and dignity တို့ကြောင့်သာ ကုသိုလ်စေတနာသန့်သန့်ဖြင့်ထုတ်ဝေခြင်းဖြစ်ပေ၏။

မိမိသည်ဒီနေ့အထိ ငွေကိုကိုင်တွယ်သာယာခြင်းမရှိ၍ ထိုစာအုပ်များမှရရှိသောဝင်ငွေထွက်ငွေကိုလုံးဝမသိပါ။ သိဖို့လည်းမကြိုးစားခဲ့ပါ။ တပည့်အလိမ္မာများဝိုင်းဝန်းလုပ်ဆောင်၍သာ အဆင်ပြေခြင်းဖြစ်ပေ၏။ ရရှိသမျှအကျိုးအမြတ်ကို စာအုပ်များပြန်လည်ထုတ်ဝေရန်သာအသုံးပြုဖို့ သြဝါဒပေး၍ တပည့်ဦးပဉ္ဇင်းများနှင့် စာအုပ်ထုတ်ရန်တာဝန်ယူထထားသော မိမိ၏ဒကာတစ်ယာက်အား တာဝန်ပေး၍ ဤလုပ်ငန်းကိုစတင်ခဲ့ပေ၏။

ထို့ကြောင့်မိမိ၏ဓမ္မစာအုပ်စာပေများကို by bargaining အကျိုးအမြတ်အတွက်ဈေးဆစ်ဈေးတင်ပုံစံဖြင့်ဘယ်တော့မျှလုပ်မည်မဟုတ်ပါ။ ထိုစာအုပ်လွယ်ကူစွာရရှိနိုင်ရေး အားထုတ်ပေးကြသော မိမိ၏တပည့်အလိမ္မာများသည်လည်း မိမိနှင့်တစ်ထပ်တည်းသော စိတ်စေတနာရှိကြပေ၏။

ထို့ကြောင့် ဘုန်းဘုန်း၏နှလုံးသားကို နားလည်၍ ဓမ္မစာအုပ်စာပေများ၏တန်ဖိုးကို ခံစားတတ်ပြီး ဓမ္မစာအုပ်များပြန့်ပွါးအောင် ဘာအကျိုးအမြတ်ကိုမျှမမျှော်လင့်ကြဘဲ မိမိတို့၏သမ္မာဝါယာမကုသိုလ်စေတနာသန့်သန့်ဖြင့် စိတ်ပါလက်ပါလှိုက်လှဲစွာ ကူညီပေးကြသော တပည့်ဒါယကာအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါကြောင်းသမိုင်းဝင်မှတ်တမ်းတင်အပ်ပေ၏။

အထူးသဖြင့် ဘုန်းဘုန်း၏တပည့်ဒါယကာအလိမ္မာများဖြစ်ကြသည့်
မန္တလေးရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးနေရာအနှံ့အပြားမှာရှိကြသော ဘုန်းဘုန်း၏ဓမ္မစာပေများကို ကိုယ်ဖိရင်ဖိစောင့်ရှောက်ထိမ်းသိမ်းပေးနေကြသော ဘုန်းဘုန်းချစ်သော Senior junior ဂိုက်များ၊

စေတနာသန့်သန့်ဖြင့် သာသနာပြန့်ပွားရေးကို ကိုယ်တိုင်ထမ်းပိုးသယ်ဆောင်ကာ ကုသိုလ်ယူခဲ့သော ယခုအခါ ဂိုက်သင်တန်းများအောင်မြင်စွာပို့ချသင်ပြပေးနိုင်နေပြီဖြစ်သော ဒကာကြီး ကိုဝင်းဇော်ဦး (မန္တလေး)၊

အခါအားလျှော်စွာ ဟိုကမှာဒီကမှာသည်များကို ဧည့်သည်တစ်သိုက်ဖြင့် ရောက်ရောက်လာကာ ဓမ္မဒါနကုသိုလ်ပြုတတ်လေ့ရှိသော မကလျှာ(အီတလီဂိုက် ရန်ကုန်)၊

အလားတူဧည့်သည်တစ်သိုက်ဖြင့်ရောက်ရောက်လာတတ်၍ အမြဲလိုလိုဓမ္မဒါနကုသိုလ်ဖြူစင်စွာ ယူလေ့ရှိသော Senior junior ဂိုက်များအားလုံးကို ဘုန်းဘုန်းအနေဖြင့် ကျေးဇူးအထူးတင်ကြောင်း သမိုင်းဝင်မှတ်တမ်းတင်လိုက်ရပေ၏။

အချို့နာမည်တတ်၍မဖေါ်ပြသော်လည်း ဘုန်းဘုန်းစိတ်ထဲတွင် အမြဲတမ်းသတိတရရှိနေကြသူတွေလည်းများစွာရှိနေပါကြောင်း မှတ်တမ်းတင်အသိအမှတ်ပြုလိုက်ရပေ၏။

June 7, 2019, 3:00 a.m.
သင်တို့အတွက်အမြဲထာဝရ မေတ္တာပို့သလျှက်
ဘုန်းဘုန်း။

မှတ်ချက်။ ။ခုလောလောဆယ်မိမိအနားတွင်ရှိနေသော စာပအုပ်များကိုတင်ပေးထားခြင်းတည်း။ နောက်ထပ်အသစ်ထွက်မည့်စာအုပ် “Science Encountered Mindfulness of Buddhism” ကို လာမည့် October လောက်တွင် offset တင်နိုင်အောင်ကြိုးစားနေပါသည်။ ဘုန်းဘုန်း၏မွေးနေ့ပြည်ထောင်စုနေ့တွင် ထွက်ပါလိမ့်မည်။

ဤစာအုပ်စာပေများနှင့်တွေ့ထိသူမှန်သမျှ ကိုယ်စိတ်နှစ်ဖျာချမ်းသာမှုရရှိကြပါစေ။ မိမိ၏မှန်ကန်သော သစ္စာစကားကြောင့် ဤဓမ္မစာပေများနှင့်တွေ့ထိကြသူ မြန်မာအပါအဝင် ကမ္ဘာသူကမ္ဘာသားအပေါင်းဓမ္မဖြင့်ငြိမ်းချမ်းကြပါစေ။

စဉ်းစားမိတိုင်းစိတ်မကောင်းဖြစ်တယ်မြန်မာပြည်

စဉ်းစားမိတိုင်းစိတ်မကောင်းဖြစ်တယ်မြန်မာပြည်

မြန်မာပြည်မှာတရားဟောသလို နန္ဒမင်းသားအကြောင်းကို သေချာဟောပြနေတာ။ နန္ဒမင်းသားကိုအရှင်လတ်လတ်နတ်ပြည်ခေါ်သွားတယ်ဆိုတာကို ဘုန်းကြီးရဲ့critical brain က လက်ခံဖို့ခက်ခဲခဲ့ပါတယ်။ အခုအမေရိကန်တွေဒီလိုတရားမျိုးတွေကို စိတ်ပါလက်ပါနာယူတတ်လာတာကတော့ တကယ့်ကိုစိတ်ဝင်စားအားတက်စရာပါ။ ဆရာတော်ကြီးဘိက္ခုဗောဓိရဲ့ အမေရိကန်တပည့်တွေရဲ့အရည်အသွေးကို ခန့်မှန်းကြည့်ရင်သိနိုင်တယ်။ ဒီတရားဟာ ပြီးခဲ့တဲ့ (၁၁) နာရီတုံးကမှတက်လာတာ။ အမေရိကန်တွေဗုဒ္ဓဘာသာကိုလေ့လာသင်ယူနေကြတာကတော့ အလွန်ကိုအားကျစရာပါ။

နောင် (၁၀)နှစ်အတွင်းမှာ အမေရိကန်မှာ ဗုဒ္ဓဘာသာအမြင့်ဆုံးအဆင့်ကိုရောက်နိုင်ပါတယ်။ မြန်မာပြည်တွင်းမှာတော့ သာသနာကွယ်ပတဲ့ဘက်ကိုရွေ့နေတာက ခပ်များများစိတ်မကောင်းပါဘူး။ တကယ်ဆိုဘုန်းဘုန်းနေမကောင်းပါဘူး။ သို့သော်လည်း မြန်မာတွေအမြင်မကျဉ်းအောင်ကြိုးစားနေပါတယ်။ အမေရိကန် ကနေဒါဘက်က တရားတွေအတော်တက်လာတာတွေ့ရတယ်။

ရွှေမြန်မာတို့ရဲ့နောင်ဆယ်နှစ်မှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေဟာ စူပါမားကက်တွေများဖြစ်ကုန်လေမလားလို့ အတွေးစိတ်တစ်ချက်ဝင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းကြီးကျောင်းတွေက ၃ ထပ် ၄ ထပ်စသည်ဖြင့် အပြန်စားတွေဆောက်ထားတာလေ။ အထဲကြတော့ပရိယတ်ပဋိပတ်အားထုတ်သူမရှိဘဲ ယောင်ဝါးဝါးတွေများလာတယ်။

ဘုန်းကြီးရဲ့နှလုံးသားခံစားမှုအတိုင်းပြောရရင် ၂၁ ရာစုမှာ ဖန်ဆင်းရှင်ဘုရားသခင်ဝါဒတွေဟာ မြန်မာအစရှိတဲ့ ဆင်းရဲတာရှည်ပြီး မတိုးတက်မဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ ခြေကုပ်ယူပြီးသူတို့သာသနာကြီးပွားရေးအားထုတ်လတံ့။ သိပ္ပံပညာနှင့်သဟဇာတဖြစ်သော ဗုဒ္ဓဘာသာသည်ကား ချမ်းသာပြီးဖွံ့ဖြိုးပြီးနိုင်ငံများသို့ရွေ့ပြောင်းထွန်းကားပြီး ဓမ္မအရောင်ထွန်းလင်းပြောင်ကာ ကမ္ဘာကြီးကိုလင်းလက်စေလတံ့။

ခုဘုန်းကြီးကိုယ်တွေ့အရ ဗုဒ္ဓဘာသာတရားတွေကိုတက်တက်ကြွကြွ သင်ပြကျင့်ကြံအားထုတ်နေသူတွေဟာ ဆရာဝန်ကြီးတွေ သိပ္ပံပညာရှင်ကြီးတွေ တကယ့်ကမ္ဘာကျော်တွေကလက်ခံလာကြတာများတယ်။ မြန်မာပြည်အတွက်ကတော့ စဉ်းစားမိတိုင်းစိတ်မကောင်းဖြစ်ရပါတယ်။ ခုအချိန်အထိ အစဉ်အလာသမားတွေကအများကြီးပါပဲ။

Facebook နှင့် အသုံးပြုသူများ၏စိတ်နေစိတ်ထား

Facebook ပေါ်ကစကားတွေကို ဘယ်နှစ်ယောက်ကယုံဘယ်နှစ်ယောက်ကအလေးထားလဲမသိဘူးနော်။ ခု ဘုန်းဘုန်းဖျားလို့ဖျားတယ်လို့ အချို့ဒကာတွေမသိမှာစိုးလို့ သိအောင်ရေးတင်ထားတာ အချို့တပည့်ဒကာအရင်းတွေတောင် တကယ်မသိတာလား မသိဟန်ဆောင်တာလား သိရဲ့သားနဲ့ပဲ ရေးတင်တဲ့စာကိုမယုံတာလားမသိဘူး။ ဖုန်းဆက်ပြီးမှ နေမကောင်းဘူးဆို ဪ–ဟုတ်လားဘုရားဆိုတာမျိုး။

ဘုန်းကြီးရဟန်းသံဃာလိမ်ညာကောင်းသည်မဟုတ် လိမ်ညာပြောလျှင် အာပတ်သင့်၏။ မယုံကြရင်လည်း အယုံအကြည်မရှိကြတဲ့ ဒီ မျက်နှာစာအုပ် Facebook ကြီးကို အချိန်ကုန်ငွေကုန်ခံပြီး ဘာကြောင့်များသုံးနေကြသေးလဲနော်။

တကယ်တော့ ကိုယ့်တွေ့အရပြောရရင် ရဟန်းတစ်ပါးစစ်စစ်ဖြစ်ဖို့ဆိုတာ လွယ်ကူတာတော့မဟုတ်ဘူး။ ဧကစာရီတောရဆောက်တည်ရတဲ့ ရဟန်းတစ်ပါးရဲ့ဘဝဟာပိုပြီးခက်ခဲတယ်။ ဆွမ်းခံစား တစ်ထပ်စား ရွှေငွေစွန့် ရွတ်ရွတ်ချွန်ချွန်ကျင့်နိုင်မှသာကောင်းတယ်။ သေရင်သေမသေရင်တရားထူးရဆိုတဲ့စိတ်မျိုးရှိမှကောင်းတယ်။

ဘုန်းကြီးမှာ ငယ်စဉ်ကအစာအိမ်ရှိဖူးတယ်။ ခုအဲဒါပြန်ဖြစ်မှာ နည်းနည်းစိုးရိမ်နေတယ်။ ရဟန်းဘဝဆိုတာ လူ့ဘဝလို ကိုယ်စားချင်ရာစားလို့ရတာမဟုတ်ဘူး။ ဒကာများလှူတာနဲ့သာမျှတရတာ။ မီးဖိုထားပြီးချက်စားတဲ့နည်းကလည်း ဝိနည်းနဲ့ညီဖို့မလွယ်ဘူး။ မိမိရဲ့ဒကာတွေကလည်း တတ်သိနားလည်ပြီး သဒ္ဓါတရားနဲ့ပြည့်စုံတဲ့ ဒကာတွေဆိုရင်တော့ ကံကောင်းတာပေါ့။ ဒီလိုမဟုတ်ရင် အသက်တိုသွားနိုင်တယ်။ သို့မဟုတ်ရှေ့တိုးလို့မရ နောက်ဆုတ်လို့မရ ဒုက္ခတွေ့နိုင်တယ်။

ခုတလော ဆယ်တန်း (၆) ဘာသာဂုဏ်ထူးနဲ့အောင်လို့ ကိုရင်ဝတ်တယ်ဆိုပြီးဝိုင်းလှော်ပေးနေကြတာတွေ့ရတယ်။ ကိုယ်တွေ့အရပြောရရင် တကယ့်တကယ်ရဟန်း တစ်ပါးအဖြစ်ဆိုတာ လွယ်ကိုမလွယ်တဲ့ကိစ္စ။ ဘုန်းဘုန်းအမြင်ကတော့ လူ့ဘဝဖြင့်ပင် လူ့ပညာရေးတစ်ခု ထူးထူးချွန်ချွန်ပြီးစေချင်တယ်။ ပါဠိစာပေကိုတောင် ဖြစ်နိုင်ရင် လူဝတ်ဖြင့်သင်ယူစေချင်တယ်။ သင်ယူရင်းဝိနည်းကိုစနစ်တကျလေ့လာ။ ခက်တာလွယ်တာခွဲခြား။ ပြီးမှရဟန်းအဖြစ်ခံယူတာက ပိုပြီးမြတ်တယ်။ ဒီလိုမဟုတ်ရင်ဝိနည်းတွေကများတယ်။ နောင်ကျမှသံသယဖြစ်လို့မလွယ်ဘူး။ ခုခေတ်ကျတော့ နိုင်ငံအတော်များများမှာ ထေရဝါဒသံဃာတွေက ရှိလာနေပြီ။

ဝိနည်းတွေဟာ အသေအချာသင်ယူလေ့ကျင့်မယ်ဆိုရင် ကျင့်စရာတွေချည်းပဲ။ မြန်မာ့နည်းမြန်မာ့ဟန်ကတော့ဟုတ်တာပေါ့ နိုင်ငံတကာပေါက်အောင်ဆိုတာကြတော့ အစစအရာရာတိကျမှရတယ်။ well-trained ဖြစ်နေမှသာ အဆင်ပြေတယ်။

ဘုန်းဘုန်းနဲ့ရင်းနှီးတဲ့ အမေရိကန်ဦးပဉ္ဇင်းတစ်ပါးကပြောတယ်။ မြန်မာ့နည်းမြန်မာ့ဟန်ဝိနည်းက အသက်ရှုပေါက်အတော်များတယ်တဲ့။ အဲဒီတစ်ချက်က မြန်မာကိုအထင်မကြီးတော့တာပဲ။ အဲဒီဦးပဉ္ဇင်းဟာ မြန်မာ့ဝိနည်းကို မယုံဘူး သူ့ဘာသာစာတတ်အောင်သင်ယူပြီး အသေအချာကျင့်တယ်။ နောက်ဆုံးသံဃာတစ်ထောင်ကျော်ကို ပါတိမောက်ပြသွားသေးတယ်။

အဲဒါကြောင့်နိုင်ငံတကာလက်ခံတဲ့ professional Buddhist monk ဖြစ်ချင်ရင်တော့ ငယ်ငယ်ကတည်းက ရည်ရွယ်ချက်ကြီးကြီးနဲ့ သင်ယူလေ့ကျင့်ထားမှသာအဆင်ပြေတယ်။ ဝိနည်းသီလမကောင်းရင်သမာဓိပညာဖြစ်ဖို့လည်း မလွယ်ဘူး။ နိုင်ငံတကာအဆင့်မှာ သူတို့က မြန်မာတွေစိတ်ဝင်စားတဲ့ သာမဏေကျော် ဘာညာတွေကို အထင်မကြီးဘူး သူဘယ်လိုကျင့်လည်းဆိုတာကိုသာ အထင်ကြီးစိတ်ဝင်စားကြတာ။

ဒါကြောင့် ယခုခေတ် သားသမီးအရွယ်ရှင်ငယ်ရဟန်းငယ်များ ဝိနည်းကိုသေချာသင်ယူကျင့်ကြံဖို့ သတိပေးပါရစေ။ ဒီလိုမဟုတ်ရင်တော့ နိုင်ငံတကာအဆင့်အထိပေါက်မြောက်ဖို့မလွယ်ဘူး။ ဒါနဲ့နိုင်ငံရေးလိုလို လူမှုရေးလို ဓမ္မကထိကလိုလို လအော့လအယ်ဖြစ်သွားရင်ဒုက္ခ။ စာချဘုန်းကြီးဖြစ်ရတာကကောင်းသေးတယ်။

ခုခေတ်မှာ နိုင်ငံတကာအဆင့်မှာ ထေရဝါဒရဟန်းသံဃာ အဖွဲ့အစည်းရှိနေပြီဆိုတာကို အထူးသတိပြုစေချင်ပါသည်။ သူတို့ကတစ်ပုံစံတည်းဖြစ်အောင်ညှိုနှိုင်းဆုံးဖြတ်ကျင့်သုံးတယ်။ အခုက ဘိက္ခူနီသာသနာတောင်မှ ထွန်းကားလာတာ အနှစ်သုံးဆယ်လောက်ရှိနေပြီ။ မြန်မာနိုင်ငံမှာက ထေရဝါဒအတူတူတောင်မှ ဂိုဏ်းဂဏကွဲရသေးတယ်။ ဒီထဲပုဂ္ဂလိက အယူသမားကလည်းရှိသေးတယ်။ ဒါကြောင့်နိုင်ငံတာအဆင့်အထိမရောက်နိုင်ဘဲ အမြဲနောက်ကျနေရတယ်။ အထူူးသတိထားမိစေဖို့။