ဗုဒ္ဓချမှတ်ခဲ့သောရဟန်းအဖြစ်ခံယူပုံနှင့် ရဟန်းဖြစ်ပြီးဆက်လုပ်ရမည့် procedure

ဗုဒ္ဓချမှတ်ခဲ့သောရဟန်းအဖြစ်ခံယူပုံနှင့် ရဟန်းဖြစ်ပြီးဆက်လုပ်ရမည့် procedure (ဤအတိုင်းမဟုတ်ကကြိုက်သလိုပြုပြင်ဆက်၍သာမှားနေပေဦးမည်မှတ်)

Facebook ဟာမြန်မာပြည်က ပညာတတ်အသိုင်းအဝိုင်းမည်မျှကို ကိုစားပြုသည်ဟုအတိအကျမသိ။ သေချာတာကတော့ အနှစ်သာရအရကိုယ့်လူမျိုးအချင်းချင်း အထင်မကြီးတာ မယုံကြည်တာ မညီညွတ်တာ ကိုယ့်ကိုကိုအထင်ကြီးဘဝင်ကိုင်နေကြကတာတွေကိုအထင်းသားတွေ့နေရတာပါ။ ဆရာကြီးတွေအလွန်များတပည့်အလွန်ရှား။

သာသနာရေးလိုကိစ္စတွေမှာလည်း professional တွေမတွေ့ရ။ emotional and personal တွေကိုသာတွေ့နေရပြီး သူတို့တွေရဲ့ထင်ရာမြင်ရာဝေဖန်တာတွေကိုတွေ့နေရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ လောကီမျက်စိလောကီအသိတွေက influenced ဖြစ်နေပြီး အကုသိုလ်မကြောက် ဘဝသံသရာမကြောက် ကမောက်ကမဝေဖန်ကြတယ်။

ဗုဒ္ဓအလိုကျနှင့်အလှန်းဝေးပြီး ကြာလေကြာလေ ဝိနည်းနဲ့လည်းဝေး အဘိဓမ္မာနဲ့လည်းဝေး လောကီမျက်စိသေးသေးလေးတွေနဲ့သာ အရိယာမျက်စိ အရိယာအသိပညာကြီးပမာ အထင်ကြီးကာ ဝေဖန်ချင်ရာ ထင်ရာမြင်ရာကို စည်းဘောင်မပါဘဲဝေဖန်နေကြတယ်။

ရဟန်းသံဃာဘဝဆိုတာ ဗုဒ္ဓအလိုကျဗုဒ္ဓချမှတ်သောစည်းကမ်းများနှင့်သာနေထိုင်ကြရမှာပါ။ ရဟန်းအဖြစ်ခံယူတယ်ဆိုတာလည်း ဗုဒ္ဓအလိုကျဖြစ်ဖို့သာလိုပါတယ်။ ဗုဒ္ဓအလိုကျရဟန်းအဖြစ်ကိုခံယူမည့်သူသည် ရှေးဦးစွာဥပဇ္ဈာယ်ဆရာအဖြစ် ကြပ်မတ်မေးမည့် ဝါတော် ၁၀ ဝါကျော်သည့် ဝိနည်းနှင့်အညီနေထိုင်ကျင့်သုံးသည့် ရုပ်တရားနာမ်တရားတို့ကိုလည်း ဝိပဿနာဉာဏ်ဖြင့်ကြေညက်နေသည့် လေးစားအားထားထိုက်သော ဥပဇ္ဈာယ်ဆရာတော်ကိုရွေးချယ်ရပါတယ်။

ဥပဇ္ဈာယ်ဆရာတော်ရဲ့အရည်အသွေးက (၁)။ သိက္ခာတော် ၁၀ ဝါပြည့်ပြီးဖြစ်ရပါမယ်။ ၂။ ဘိက္ခုဝိဘင်းဘိက္ခုနီဝိဘင်းအပါအဝင် စူဠဝါမဟာဝါဝိနည်းကျမ်းများမှာလာတဲ့ ဝိနည်းကျင့်ဝတ်များကိုနားလည်ကျင့်သုံးဆုံးမတတ်ပြီး တပည့်ရဟန်းသာမဏေများကိုလည်းလိုက်နာအောင်ဆုံးမနိုင်မှုရှိရပါမယ်။ ရဟန်းသံဃာနှင့်သာပတ်သက်သော ကံကြီးကံငယ်များကို ကျမ်းစာနှင့်အညီဆောင်နိုင်စွမ်းရှိရပါမယ်။ (၃)။ ရုပ်နာမ်ဓမ္မသာဝကို ဝိပဿနာဉာဏ်ဖြင့်ပင်ကြေညက်စွာ နားလည်ထားပြီးပြန်လည်သင်ပြအားထုတ်စေတတ်ရပါမယ်။

ဤကဲ့သို့သောအရည်အသွေးနှင့်ပြည့်စုံသည့် ဥပဇ္ဈာယ်ဆရာရှိထားပြီး၍ ရဟန်းအဖြစ်ခံယူလိုသူသည် ပထမအဆင့်အနေဖြင့် သာမဏေအဖြစ်ကိုခံယူရပါတယ်။ သာမဏေအဖြစ်ခံယူမှုအစီအစဉ်ထဲမှာ အရေးကြီးတဲ့မဖြစ်မနေလုပ်ရမည့်အချက်သုံးချက်ရှိပါတယ်။

(၁)။ ကေသမဿုံ ဩဟာရေတွာ- ဆံပင်မုဆိတ်ကျင်စွယ်ရိတ်ပယ်ရပါမယ်။ (၂)။ ကာသာယာနိ ဝတ္ထာနိ အစ္ဆာဒေတွာ- ဖန်ရည်စွမ်းတဲ့အဝတ်သင်္ကန်းကိုဝတ်ရပါမယ်။ ၃။ သရဏဂုံသုံးပါးကို ဥပဇ္ဈာယ်ဆရာချပေးသည့်အတိုင်း ရဟန်းလောင်းသာမဏေလောင်းက ဌာန်ကရိုင်းကျကျ ပီပီပြင်ပြင်လိုက်ဆိုရပါတယ်။

ဤဆိုခဲ့သောအချက် ၃ ချက်ကိုလည်း မိမိရွေးချယ်ထားသော ဥပဇ္ဈာယ်ဆရာနှင့်ညှိုနှိုင်းကာ ဥပဇ္ဈာယ်ဆရာတော်၏အသိအမှတ်ပြုမှုဖြင့်သာလုပ်ရပါမယ်။ ဆိုလိုသည်မှာ သင်္ကန်းကိုဝတ်ချင်သလိုဝတ်လာ၍မရပါ။ ဒါဟာ မည်သည့်နိုင်ငံသားမည်သည့်လူမျိုးဖြစ်စေ ထေရဝါဒသာသနာတွင် ရဟန်းအဖြစ်ကိုခံယူမည်ဆိုက မည်သည့်နိုင်ငံတွင်ရဟန်းအဖြစ်ခံယူသည်ဖြစ် ပထမအဆင့်အနေဖြင့် မဖြစ်မနေဖြတ်သန်းရမည့်အဆင့်ဖြစ်ပါတယ်။

မှတ်ချက်။ ။မအားလပ်သေး၍ ဒီမှာပဲခနရပ်ထားခဲ့ပါမယ်။ ဆက်ရေးပါမည်။ စိတ်ဝင်စားလျှင်ဆက်ဖတ်ပါ။ မိမိ၏အတွေ့အကြုံအသိအမြင် သိက္ခာတော်အရ မြန်မာ့ထေရဝါဒသာသနာတွင် ဗုဒ္ဓအလိုကျနှင့်လွဲချော်ကာ မဖြစ်သင့်သည့်ချွတ်ယွင်းချက်များ ဖြစ်လိမ့်ဦးမည်ဟု တွေ့မြင်နေရပေ၏။

၂၁ ရာစု ဗုဒ္ဓဘာသာသည် သင်တို့သာဗုဒ္ဓဘာသာနှင့်ဆိုင်သည်ဟုထင်မှတ်ကာ လုပ်ချင်ရာလုပ်က ကမ္ဘာ့ပညာတတ်ထေရဝါဒပညာရှင် အသိုင်းအဝိုင်းနှင့် အဆက်ပြတ်ကာ မြန်မာ့ထေရဝါဒကို ဖယ်ကြဉ်ထားမည်ကို စိုးရိမ်မိသည်ကားအမှန်ပေ။

အမှန်ကိုမြင်တတ်လျှင် မြန်မာသည် ချွတ်ယွင်းမှုတွေအလွန်များကာ professional မဆန်ဘဲ emotional and personal တွေလွှမ်းမိုးခံရကာ စီမံခန့်ခွဲမှုမတတ်သောကြောင့် နိုင်ငံရေးတွင်လည်း မိတ်ဆွေအပေါင်းအသင်းစစ်စစ်တွေရှားသလိုဖြစ်ခဲ့ပါပြီ။ ကိုယ့်ဆီကခြစ်ကုပ်ယူမည့်မိတ်ဆွေကသာမြန်မာနှင့်မိတ်ဖွဲ့ကြသည်ကိုတွေ့နေရပေ၏။ ရသမျှယူမည်ဟူသော မိတ်ဆွေတွေများနေ၏။

လောလောဆယ်တော့ မိမိ၏အမြင်အရ ဂျပန်တစ်နိုင်ငံသာလျှင် မြန်မာ့မိတ်ဆွေစစ်နေရာတွင်ရှိသည်ဟုခံစားရပါသည်။ သင်ခန်းစာယူစရာပါ။ အချိန်မီသင်္ခန်းစာမယူမပြုပြင်မိက နောင်မျိုးဆက်သားသားမီးမီးလေးတွေရဲ့ဂုဏ်သိက္ခာအတွက်အလွန်ကိုစိုးရိမ်ရပါတယ်။

အောက်ပါပုံသည် အမေရိကန်လူမျိုးသာမဏေရဇောတိမန္တသည် အမေရိကန်လူမျိုးဥပဇ္ဈာယ်ဆရာတော်နှင့်ပင် အမေရိကန်နိုင်ငံရှိ အဘယဂီရိထေရဝါဒကျောင်းတိုက်တွင် ရှင်ပြုရဟန်းခံအခန်းအနားကို ဒီဇင်ဘာလ ၂ ရက်နေ့က ကျင်းပပြုလုပ်နေခြင်းဖြစ်ပါသည်။ ထူးခြားသည်ကား အာရှသံဃာမျက်နှာ တစ်မျက်နှာမျှမတွေ့ရတော့ခြင်းတည်း။

Author:

Ashin Kekasa is a graduate in Mathematics. He finished his both public and monastic educations. His major interest was Mindfulness-Based Vipassana Meditation instructed in Buddhism. He took six months long retreat course in Mahasi Meditation Center when he was a layman. After his six months long meditation practice, he became a Buddhist ordained in Mahasi Tradition. However, he wanted to know much more about Buddhist philosophy so he moved to Mahagandhayon monastery to study Pali scriptures seriously. He has spent teaching and practicing in Mahagandhayon monastery. He did it well. Then, he moved to the forest for his serious meditation practice. He founded his own forest meditation center 15 years ago. He has been conducting Vipassana retreat for laypeople twice a year. He has also been used to travelling to abroad since 2004 because he is invited by people to teach them meditation. It is just a brief biography of Ashin Kelasa.