သီလသမာဓိပညာသိက္ခာသုံးပါးသည်သာ ရဟန်းသံဃာအားထုတ်စရာ

သီလသမာဓိပညာသိက္ခာသုံးပါးသည်သာ ရဟန်းသံဃာအားထုတ်စရာ ================================================

မြန်မာ့ထေရဝါဒ သံဃာ့အသိုင်းအဝိုင်းသည် သီလသမာဓိပညာကို အခြေမခံနိုင်သေးသမျှ ကမ္ဘာ့ပညာတတ်ဝိနည်းလေးစားသော ထေရဝါဒသံဃအသိုင်းအဝိုင်းနှင့် အံဝင်ခွင်ကြဖြစ်မည်မဟုတ်သေးပေ။ မြန်မာ့ထေရဝါဒကမ္ဘာပေါက်နိုင်မည်မဟုတ်သေးပေ။

ဒီနေ့ကမ္ဘာ့ထေရဝါဒသံဃာ့အသိုင်းအဝိုင်းသည်ကား အမှန်တကယ်စွန့်လွှတ်စွန့်စား၍ သူတို့ယုံကြည်ရာဘာသာတရားနှင့် အစဉ်အလာကိုပစ် မိဘဆွေမျိုးကိုပစ်ကာ ဓမ္မဝိနယသာသနာတော်အတွက် စွန့်လွှတ်ခဲ့ကြရသော ပညာတတ်အမျိုးကောင်းသားသမီးများကဦးဆောင်ဦးရွက်ပြုနေကြခြင်းတည်း။

ထိုကြောင့်သူတို့တွေတွေးပုံခေါ်ပုံသည် ဗုဒ္ဓသာသနာဖြစ်သောဓမ္မဝိနယသာသနာတော်ကို သူတစ်ပါးအား ဖြန့်ဝေဖို့ထက်သူတို့ကိုယ်တိုင်ကျင့်ကကံအားထုတ်လို၍ သာသနာ့ဘောင်ဝင်ကာကျင့်ကြံအားထုတ်ခြင်းဖြင့် နေထိုင်ကြခြင်းသည် အများပြည်သူကိုပါစိတ်ဝင်စားစေခဲ့ပြီး ပိုမိုကြယ်ပြန့်လာခြင်းတည်း။

မိမိတို့ရွှေမြန်မာရဟန်းသံဃာအသိုင်းအဝိုင်း၏ တွေးပုံခေါ်ပုံကား ကိုယ်ကျင့်ကြံအားထုတ်ဖို့ထက် သူတစ်ပါးကိုသာသင်ပြပေးဖို့ကျိုးစားနေခြင်းကသာများပေ။ ဝိနည်းဆိုလျှင်လည်း ဘယ်တစ်ခုကိုမျှတိတိကျကျမလိုက်နာဘဲ အဆင်ပြေသလိုကျင့်နေသည်ကများ၏။ ထို့ကြောင့် ကမ္ဘာ့သံဃာ့အသိုင်းအဝိုင့်နှင့် အတွေ့အထိရှိသော မိမိအနေဖြင့်ကား ကမ္ဘာ့ပညာတတ်လူကြီးလူကောင်းသံဃာ့အသိုင်းအဝိုင်းနှင့် ရွှေမြန်မာထေရဝါဒအသိုင်းအဝိုင်းကြားညကွာခြားချက်ကိုရှင်းလင်းစွာ မြင်နေရပေ၏။

ကမ္ဘာ့ထေရဝါဒအသိုင်းအဝိုင်းသည် တရားဥပဒေကိုလိုက်နာတတ်သောပညာတတ်များဖြစ်ပေ၏။ စည်းကမ်းဥပဒေကိုစည်းကမ်းဥပဒေအတိုင်း လိုက်နာတတ်သောယဉ်ကျေးမှုထွန်းကားသော တိုးတက်ဖွံ့ဖြိုးပြီးနိုင်ငံများမှ အမျိုးကောင်းသားသမီးများဖြစ်ပေ၏။

ဥပမာ။ ။ငွေမကိုင်ရဆိုလျှင်လုံးဝမကိုင်တွယ်ဘဲလိုက်နာကြ၏။ ဝိနည်းကိုဝိနည်းအတိုင်းလိုက်နာတတ်ကြပေ၏။ မိမိနှင့်နှစ်ပေါင်းများစွာနေထိုင်ခဲ့သော ဝါရှင်တန်ဒီစီသား အမေရိကန်လူမျိုးရဟန်းတော်ဦးပညောဘာသဆိုလျှင် အာပတ်ဖြေသည်ကိုပင် “အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ”ဟု ရောပြွန်းသပြွန်း အာပတ်ဖြေနည်းကိုလုံးဝမနှစ်သက်ပေ။

ထို့ကြောင့် သူ့အတွက် အာပတ်ဖြေနည်း သီးသန့်လုပ်ပေးထားရပေ၏။ သူသည် အပြစ်မသင့်အောင်လည်းကြိုးစားနေထိုင်၏။ အပြစ်သင့်သည်ဟုထင်ရှားလျှင်လည်း သင့်ရောက်သည့်အပြစ်ကို “အဟံ ဘန္တေ ဒုက္ကတံ အာပတ္တိံ အာဝိကရောမိ၊ ပါစိတ်တိယံ အာပတ္တိံ အာဝိကရောမိ” စသည်ဖြင့် အပြစ်ကိုအပြစ်အတိုင်း ဖေါ်ပြောသည့် အာပတ်ဖြေဒေသနာပြောနည်းကို စီမံပေးထားရပေ၏။

ဝိနည်းသိက္ခာနှင့်အညီနေထိုင်လိုက တောရဆောက်တည် ရွှေငွေမကိုင်ဘဲ သာရေးနာရေးပွဲလည်းမသွား ခရီးသွားလည်းကျဲကာနေထိုင်ခြင်းကသာ ဖြူစင်နိုင်ပေ၏။ သို့မှသာလူ့တို့စိတ်ထဲ စွဲမြဲသောသာသနာ့အနှစ်သာရများရောက်ရှိကာ သာသနာအစစ်တည်နိုင်ပေ၏။

မိမိသည် သာသနာ့အကျိုးနိုင်ငံအကျိုးကိုရှေ့ရှုလျက် တောရဆောက်တည်ကျင့်သုံးနေသော နိုင်ငံခြားတိုင်းပြည်များသို့လည်း ဝိနည်းနှင့်အညီ တရားဟောတရားပြ ပင့်ဖိတ်သောနိုင်ငံများသို့ သွားလာနေရသော မြန်မာဆရာတော်တစ်ပါးဖြစ်ပေ၏။

အထူးသဖြင့်အနောက်နိုင်ငံထေရဝါဒသံဃာ့အဖွဲ့အစည်းနှင့် တွေ့ထိမှုရှိထားသောမြန်မာဆရာတော်ဖြစ်၍ မြန်မာ့သံဃာ့အဖွဲ့အစည်း၏ ဓမ္မဝိနယကျင့်ကြံအားထုတ်မှု အားနည်းနေသည်ကို ကိုတိုင်တွေ့ကြုံရကာ သိရှိထားသောဆရာတော်ဖြစ်ပေ၏။

အချို့အနောက်နိုင်ငံထေရဝါဒသံဃာ့အသိုင်းအဝိုင်းသည် မြန်မာ monk တွေနောက်လိုက်ရင် ဝိနည်းမှာ အသက်ရှူပေါက်များသည်ဟုပင်ဆိုကြပေ၏။ ဆိုလိုသည်မှာ မြန်မာသံဃာ့အသိုင်းအဝိုင်းသည် သိက္ခာပုဒ်များကိုလိုက်နာရာ၌အလွန်အားနည်း၏ဟု ဆိုခြင်းတည်း။ ဤကားအနောက်နိုင်ငံရဟန်းသံဃာ၏ မြန်မာ့သံဃာ့အဖွဲ့အစည်းအပေါ်အမြင်တည်း။

ထို့ကြောင့်မိမိသည် ရဟန်းငယ်စာသင်သားဘဝကတည်းက အပြောအဆိုမခံလို၍ ဓမ္မဝိနယနှစ်မျိုးလုံးကို ကောင်းစွာအားထုတ်ခဲ့ပေ၏။ ယခုအခါမိမိ၏ရဟန်းဝါပင် ၂၉ ဝါရ၍ တောရဝါဆောက်တည်သောဝါပင် ၁၇ ဝါသို့ရောက်လာလေပြီ။ ဆက်၍လည်း သေသည့်တိုင်အောင်အားထုတ်နေရပေဦးမည်။

ယခုအခါ သက်တော် ၅၀ ကျော်လာ၍ သေဖို့ပင်ပြင်ဆင်နေရပေပြီ။ ဘာရောဂါမျှမရှိသေးသည့်တိုင်အောင် Who knows? Things are so much conditioned and everything is changing so fast. Within a blink, and within a stretch of one’s hand, one can die so I try to purify my mind by mindfully living at the present moment and by teaching the same technique to people who want to come with me along the Path to Nibbāna. Everyone is every welcome to the Path on which I have been walking through.

သီလသမာဓိပညာ သိက္ခာသုံးပါးကို စနစ်တကျအားမထုတ်သေးသမျှကာလပတ်လုံး မြန်မာ့သံဃာ့အဖွဲ့အစည်းသည် မည်သို့ပင် PhD စသော ဘွဲ့ထူးဂုဏ်ထူးများတတ်ထားသည်ဖြစ်စေ ဝိနည်းကိုတရားဥပဒေကဲ့သို့လေးစားကြသော ဓမ္မဝိနယကိုဦးထိပ်ထားလျှက် တည်ငြိမ်စွာကျင့်ကြံအားထုတ်၍ ဖွံ့ဖြိုးလာနေပြီဖြစ်သော ကမ္ဘာ့ပညာတတ်လူကြီးလူကောင်း သံဃာ့အဖွဲ့အစည်းနှင့် အလှမ်းဝေးနေပေလိမ့်ဦးမည်ဟုသာမှတ်။

သိလိုသူများလေ့လာလို့ရအောင် ငယ်စဉ်ကတည်းကအခုအထိ ပြည်တွင်းပြည်ပ၌ရိုးသားစွာ သာသနာ့တာဝန်ထမ်းဆောင်မှုမှတ်တမ်းအချို့ကိုတင်ပြပေးလိုက်ရပေ၏။ ကြည်ညိုစိတ်မုဒိတာပွားနိုင်ကြပါစေသော်။

Author:

Ashin Kekasa is a graduate in Mathematics. He finished his both public and monastic educations. His major interest was Mindfulness-Based Vipassana Meditation instructed in Buddhism. He took six months long retreat course in Mahasi Meditation Center when he was a layman. After his six months long meditation practice, he became a Buddhist ordained in Mahasi Tradition. However, he wanted to know much more about Buddhist philosophy so he moved to Mahagandhayon monastery to study Pali scriptures seriously. He has spent teaching and practicing in Mahagandhayon monastery. He did it well. Then, he moved to the forest for his serious meditation practice. He founded his own forest meditation center 15 years ago. He has been conducting Vipassana retreat for laypeople twice a year. He has also been used to travelling to abroad since 2004 because he is invited by people to teach them meditation. It is just a brief biography of Ashin Kelasa.