နေ့စဉ်ဘဝနှင့် ယောဂီအဓိပ္ပာယ်

Daily Life Style
ပညာသည် ဘဝမှာ
မှန်စွာ အားကိုးရာ
ပညာမပါ ဘဝမှာ
မှန်စွာ ကြောက်စရာ။
ထို့ကြောင့် ပညာရောက်လေရာ
သေချာ ဆည်းပူးပါ။
ပတ်ဝန်းကျင်မှ ပညာရ
ချိုမြဓိပ္ပာယ်ပါ။
ပညာရှိမှ ဘဝလှ
ကျိုးရ စိတ်ချမ်းသာ။

“ချစ်သားတို့ လောက၌ ကျေးဇူးတရားကို သိတတ်သူသည်လည်းကောင်း၊ သိသည့်အတိုင်း ပြန်၍ ကျေးဇူးဆပ်တတ်သူသည်လည်းကောင်း ဤနှစ်ယောက်သောပုဂ္ဂိုလ်တို့သည် လွန်စွာမှရခဲ၏။”ဟု အင်္ဂုတ္တရနိကာယ်၌ ဗုဒ္ဓဘုရားရှင် မိန့်တော်မူခဲ့၏။ မိမိတို့သည် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ဖြစ်စေ ကျေးဇူးတရားနှင့်ကင်း၍ အသက်ရှင်ကောင်းသည် မဟုတ်ပေ။ ကျေးဇူးမသိတတ်သူ၊ ကျေးဇူးမဆပ်တတ်သူတို့သည် ဘဝ၏အဓိပ္ပာယ်ကို နားမလည်သူများ၊ ဘဝ၏တန်ဘိုးကို နားမလည်သူများဖြစ်၍ ကျပ်မပြည့်သူများဟုပင် ဆိုနိုင်ပေမည်ဖြစ်၏။ မိမိသည် ဘဝ၏အဓိပ္ပာယ်ကို နားလည်ချင်သူဖြစ်၏။ ဘဝ၏တန်ဘိုးကို နားလည်သူ ဖြစ်ချင်၏။ ကျပ်ပြည့်သူ ဖြစ်ချင်၏။

ထို့ကြောင့် ဤ “နေ့စဉ်ဘဝနှင့် ယောဂီအဓိပ္ပာယ်”ဟူသော ဓမ္မဒါနစာအုပ်ငယ်ဖြင့် ကျေးဇူးတင်ထိုက်သူ မိဘဆရာ တပည့်ဒါယကာ ဒါယကာမများကို ကျေးဇူးတင်ကြောင်း အထူးမှတ်တမ်းတင်အပ်ပေ၏။ ဤစာအုပ်ငယ်ကို ဖတ်စေ၍ အသိများကို ဝေငှခြင်းဖြင့် ကျေးဇူးဆပ်သင့်သူများအား ကျေးဇူးဆပ်လိုက်ရပေ၏။