ဝိနည်းအရဆိုရင်တော့ “ထေရ နဝ မဇ္ဈိမ”လို့ ခွဲထားပါတယ်။ “ထေရ”ဆိုတာက ဝါ(၂၀)အထက်ကို ခေါ်ပါတယ်။ မြန်မာများက ဒီအရွယ်ကို ဘုန်းကြီး ဘုန်းဘုန်း စသည်ခေါ်ကြပါတယ်။ စနစ်တစ်ခုကို ကိုယ်တိုင်တီထွင်ပြီး သင်ကြားပို့ချ လေ့ကျင့်ပျိုးထောင် ဦးဆောင်မှုပေးနေတဲ့ ရဟန်းတော်မျိုးကိုတော့ ဆရာတော်လို့ သုံးနှုးခေါ်ဆိုတတ်ကြပါတယ်။
ထိုဆရာတော်မျိုးတွေဟာ စာပေပို့ချ ကျမ်းစာတွေရေးသားပြုစု တရားဟောတရားပြ လိုအပ်ရင် ပရဟိတတွေကိုလည်းလုပ်နဲ့ ဘဝကိုလေးနက်စွာ အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းကူးခတ်နေတတ်ပါတယ်။ ဘယ်အရာကိုမှပေါ့ပေါ့တန်တန် ပြောဆိုလုပ်ကိုင်လေ့ မရှိပါဘူး။ senior age ကို ရောက်လာသည်နှင့်အညီ ကာယကံဝစီကံ မနေကံတွေကိုလည်း လူကြီးလူကောင်းဆန်ဆန်ပြုမူနေထိုင်ရပါတယ်။
(၅) ဝါအောက်ကို “နဝ” ရဟန်းငယ်လို့သတ်မှတ်ပါတယ်။ ဥူးပဉ္ဇင်းလေးလို့ ခေါ်နိုင်ပါတယ်။ (၅)ဝါမှ(၁၀) အထိကို မဇ္ဈိမအရွယ်ရဟန်း ဥူးပဉ္ဇင်း သို့မဟုတ် ဥူးပဉ္ဇင်းအကြီးလို့ခေါ်နိုင်ပါတယ်။
ယခုအခါ Ashin Kelasa ဟူသော မိမိသည် အသက် (၅၀) လောက် ဝါတော် ၃၀ လောက် သိက္ခတော်ရနေတဲ့ တောရစနစ်တစ်ခုကိုလည်း တည်ထောင်အားထုတ် တရားပြတရားကျင့်အလုပ်တွေကို စနစ်တကျလုပ်နေတဲ့ ဘုန်းကြီးတစ်ပါးဖြစ်ပါတယ်။ ဒီလို senior age ရောက်နေတဲ့ ဘုန်းကြီးတစ်ပါးကို ဥူးပဉ္စင်းလို့မခေါ်ရပေ။ ဘုန်းကြီး သို့မဟုတ် လေးစားရိုသေသမှုနဲ့ ဘုန်းဘုန်း သို့မဟုတ် ဆရာတော်ဟု ခေါ်ဆိုသုံးနှုံးကြရ၏။
ဒါယကာမ၏ အသုံးအနှုံးသည်ကား အသက် ၅၀ လောက်ရှိနေတဲ့ လူကြီးလူကောင်း တစ်ယောက်ကို ” ကောင်လေး” ဟု ခေါ်သကဲ့သို့ မလေးမစားကလက်တက်တက် အသုံးအနှုးဖြစ်နေ၍ သတိထားပြီးသုံးနှုံးစေချင်ပါသည်။ ဘုန်းကြီးသည် အသက် (၅၀)မကြာခင်ပြည့်တော့မည့် senior aged ကို ချဉ်းကပ်ရောက်ရှိလာနေပါပြီ။
“ကောင်လေး”ဟူသော အသုံးအနှုံးနှင့်တူသော “ဥူးပဉ္ဇင်း”ဟူသော အသုံးအနှုံးသည် ဝါတော် (၃၀)နီးပါးရှိပြီး သက်တော်ငါးဆယ် ထေရဝါဒရဲ့တောရစနစ်ကို စနစ်တကျတည်ဆောက် ကျင့်ကြံနေသော လူသားအကျိုးပြုအလုပ်အဖြစ် နိုင်ငံတကာသို့ လှည့်လည်တရားပြသပေးနေသော ဆရာတော်တစ်ပါးအတွက် အလွန်မဆီလျှော်တော့သော အသုံးအနှုံးဖြစ်ပေ၏။
အသက် (၅၀) အရွယ် လူကြီးလူကောင်း ပါမောက္ခ ကထိကကြီးအား “ကောင်လေး”ဟူသော အသုံးအနှုံးကလုံးဝမဆီလျော်တော့ပေ။ သူ့အရွယ်နှင့်သူသုံးတတ်ပါစေ။ ဆက်ရေးပါမည်။ အချိန်မရ၍ ခဏရပ်ပါမည်။ ဂရုတစိုက် ဆက်ဖတ်ပါ။