သတိထားကြပေတော့

တူကြီးလေးဖြာ၊ တူသောခါ၊ ကမ္ဘာပျက်ကိန်းကြုံလတ္တံ့။

၁။ ယောကျ်ားနှင့်မိန်းမတူလာခြင်း။
၂။ အိမ်နှင့်ဘုန်းကြီးကျောင်းတူလာခြင်း။
၃။ လူနှင့်ရဟန်းတူလာခြင်း။
၄။ တောရွာနှင့်မြို့တူလာခြင်း။

ဒီအချက်တွေဟာ ယခုတကယ်ဖြစ်နေတာကတော့ အမှန်ပါပဲ။ ဘယ်သူမှထိမ်းမရတော့ဘူး။

ကိုယ်ကျင့်တရားကောင်းမွန်တဲ့ သူတော်ကောင်းတွေကတော့ အကြောင်းအမျိုးမျိုးနဲ့ ကမ္ဘာပျက်တဲ့ဘေးဆိုးကနေ လွတ်ကင်းခွင့်ရကြမှာပါ။ ခေတ်အခါရဲ့ရေစီးကြောင်းထဲမှာ မြောပါနေကြတော့ သတိရှိတဲ့အခါနဲ့ သတိလက်လွတ်ဖြစ်တဲ့အခါနှိုင်းယှဉ်ကြည့်ရင် သတိလက်လွတ်ဖြစ်တဲ့အခါတွေကသာ များကြမှာပါ။ ဒါကြောင့်စေတနာရှင်မေတ္တာရှင် ဆရာတော်များက တရားစကားပြောပေးနေရပါတယ်။ ယခုအခါထိုတရားစကားတွေကိုလည်း မြန်မာပြည်မှာ နာကြားကျင့်သုံးမှုနည်းပါးလာပါတယ်။ အပ္ပမာဒေန သမ္ပာဒေထ။

After Donald trump has been elected, the situation of the world is also unstable and many of the people are afraid of something they cannot express in the back of their minds. France political trend is also ready to change to be with president elect Donald trump. Russia is waiting to see what president trump will do after he has taken the office. China is going away from Trump. Myanmar still has many issues to be solved but it would be very hard to solve any issue if they are not united.

တကယ်တော့ ဗုဒ္ဓအရှင်မြတ်ဟာ လောကကြီးအကြောင်း အများကြီးကို မြင်တော်မူခဲ့ပါတယ်။ ဒါပေမဲ့ပုထုဇန်လူသားတွေရဲ့ ကိလေသာရောထွေးနေတဲ့ တစ်ထွာတစ်မိုက်ဉာဏ်နဲ့ မမီဘဲအကျိုးမများတဲ့အတွက် မြင်သလောက် မပြောခဲ့တာဖြစ်ပါတယ်။ စကြာဝဠာကမ္ဘာလာကကြီးဟာ expansion and contraction အတိုင်း ဖြစ်ချည်ပျက်ချည်ဖြစ်နေတယ်ဆိုတာကို ဖန်ဆင်ရှင်ဘုရားသခင်မျိုးကို မညွှန်းဘဲအရှင်မြတ်ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ကျောင်းသားကိုရှင်းပြသလို ဒီဃနိကာယ် ပါထိကဝဂ္ဂပါဠိတော်လာ “အဂ္ဂညသုတ္တန်”မှာရှင်းပြထားခဲ့ပါတယ်။

ဒါတွေက ပါဠိစာပေကို မသင်ကြားကြရတဲ့ လူရှင်ရဟန်းတွေအတွက် အလွန်အလှန်းဝေးနေပါလိမ့်မယ်။ တချို့လူတွေလည်း ငါတို့လည်းသိတယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ အသေးစိတ်လာပြီဆိုတော့ ပရိပတ်ပဋိပတ္တကို တကယ်ပဓာနအလုပ်အဖြစ်အားထုတ်နေကြရတဲ့ အတွေ့အကြုံရှိတဲ့ ထေကြီးဝါကြီးဆရာတော်တစ်ပါးကို ဘယ်မီနိုင်မှာလည်း။

ဘုန်းဘုန်းတို့မှာက ဓမ္မကိုခါးဝတ်တန်ဆာလို ဆင်မြန်းထားရတာ။ လူတွေရဲ့တရားစကားကို နားထောင်ကြည့်လိုက်ရင် ဘယ်နားမှာတော့ ခိုးလိုးခုလုဖြစ်နေတယ်။ ဘယ်နားမှာတော့ ပေါက်နေတယ်။ ဘယ်နားမှာတော့ အငှားပစ္စည်းတစ်ခုနဲ့ ဖာထေးထားတယ် စသည်ဖြင့် အကုန်သိနေပါတယ်။

ဒီတော့တခါတလေ ဘာသာဝင်များအတွက် စိုးရိမ်စိတ်ဖြစ်သလောက်ဖြစ်မိပါတယ်။ လွဲမှာစိုးလို့ပေါ့။ တကယ်တော့ “The Buddha is a super scientist and His Teaching is super science”လို့ ဆိုနိုင်ပါတယ်။ သိပ်လေးစားစရာကောင်းတယ်။ Religion ဆိုတဲ့ဝေါဟာရဟာ Buddhism နဲ့အံဝင်တဲ့ စကားလုံးမဟုတ်ပါဘူး။

အလားတူ Buddhism ဆိုတဲ့ဝေါဟာရဟာလည်း Buddha’s Teaching or Dhamma အတွက် အံဝင်ဂွင်ကျ ဘာသာပြန်ဆိုထားအပ်သော ဝေါဟာရမဟုတ်ပါဘူး။ သို့သော် Buddhism ဆိုတာဟာ “Buddh + ism” = Buddhism ဖြစ်လာတယ်ဆိုတာကိုတော့ နားလည်ထားဖို့လိုပါတယ်။ Buddh ကပါဠိဝေါဟာရပါ ism က အင်္ဂလိပ်ဝေါဟာရပါ။ ဒီနှစ်လုံးကို ပေါင်းသုံးကြရာကနေ ဖြစ်ပေါ်လာတဲ့ ဝေါဟာရပါ။

ဒီအခြေအနေမျိုးတွေမှာ မိုးပြာဂိုဏ်းတို့လို မာနတ်မျိုးတွေကလည်း လူသူတော်ကောင်း အနုစားလေးတွေရဲ့ စိတ်ကိုပူးဝင်ဖမ်းစား နေကြပြန်ပါတယ်။ ဝိပဿနာကိုအားမထုတ်သေးသမျှတော့ လူဖြစ်စေ ရှင်ဖြစ်စေ ရဟန်းဖြစ်စေ ဗုဒ္ဓတရားတော်တွေကို မှန်ကန်စွာနားလည်ကျင့်သုံးဖို့ မလွယ်သေးဘူးထင်ပါတယ်။ အယူတွေလည်းမှားနိုင်ပါတယ်။

ကိုယ်ထင်သလို ယူဆထားတာကိုကြေနပ်နေတဲ့ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ (being delighted in one’s own speculative opinion) တွေလည်းဖြစ်နေတတ်ပါတယ်။ လူရောရှင်ပါ အားနည်းလာတဲ့နောက်ပိုင်းသာသနာမှာ ပိဋကတော်နဲ့အညီသိတဲ့ ကျမ်းတတ်ထေရ်သံဃာတွေရော သိတဲ့အတိုင်းကျင့်ကြံနေထိုင်တဲ့သူတွေပါ ရွှေမြန်မာထေရဝါဒနိုင်ငံတော်ကြီးမှာ အတော်ပါးနည်းလာပါတယ်။ ကျမ်းတတ်အောင်သင်ထားတယ် ထားဦးတော့ သိတာတွေကို ကျင့်တဲ့အပိုင်းမှာ အလွန်အားနည်းလာပါတယ်။ စိတ်မကောင်းစရာပါ။ ဟိုအနောက်နိုင်ငံများမှာတော့ သိပ္ပံပညာနဲ့ညီညွတ်တယ်ဆိုပြီး အလွန်စိတ်ဝင်တစားရှိနေကြပြန်ပါတယ်။ ကျင့်သူလည်းတိုးလာပါတယ်။

Author:

Ashin Kekasa is a graduate in Mathematics. He finished his both public and monastic educations. His major interest was Mindfulness-Based Vipassana Meditation instructed in Buddhism. He took six months long retreat course in Mahasi Meditation Center when he was a layman. After his six months long meditation practice, he became a Buddhist ordained in Mahasi Tradition. However, he wanted to know much more about Buddhist philosophy so he moved to Mahagandhayon monastery to study Pali scriptures seriously. He has spent teaching and practicing in Mahagandhayon monastery. He did it well. Then, he moved to the forest for his serious meditation practice. He founded his own forest meditation center 15 years ago. He has been conducting Vipassana retreat for laypeople twice a year. He has also been used to travelling to abroad since 2004 because he is invited by people to teach them meditation. It is just a brief biography of Ashin Kelasa.