လူအများနှင့်နေထိုင်ချိန်၌ မိမိ၏အချိန်ကို managed လုပ်နည်း

ဒီလိုလေးအားထုတ်နေစေချင်ပါတယ်။ ကိုယ့်ဘဝအတွက် မခက်ခဲသင့်ပဲခက်ခဲနေတာတွေရှိရင် လွယ်ကူစွာဖြေရှင်းနိုင်စွမ်းတွေ ရရှိစေချင်လို့ပါ။ မိမိအနေဖြင့် ဒီမနက် ၃ နာရီမှ ၄ နာရီ အထိ တရားထိုင်ပြီးပါပြီ။ ၅ နာရီထိုးရင် ကျောင်းထဲမှာ စင်္ကြံလျှောက်၍ရှုမှတ်ရပါမည်။ ၆ နာရီမှာ မိမိ၏လက်ရင်းတပည့် ဦူဇင်းတစ်ပါးနှင့်အတူ တောင်မင်းကြီးဘုရားကနေ မယ်ဇယ်တန်းဘက် တစ်ပတ်နာရီဝက်ခန့် စင်္ကြံလျှောက်ကာ ၆:၃၀နာီတွင် ကျောင်းထဲပြန်ဝင်၍ စာရေးဖို့စတင်ပါတယ်။

၈ နာရီရေချိုး ၉ နာရီဆွမ်းခံထွက် ၉:၃၀ နာရီဆွမ်းဘုဉ်ပေး ၁၀ နာရီခန့်၌ကားမိမိထံသို့ ရောက်လာကြကုန်သော နိုင်ငံခြားဧည့်သည်များအား တရားစကားပြောပေးရပါတယ်။ ၁၀:၁၅ မိနစ်ခန့်မှာတော့ ဆွမ်းစားကျောင်းရှေ့မှာ သံဃာများကိုစောင့်ရှောက်ပေးရင်း ၁၀:၃၅နာရီလောက်အထိတာဝန်အရရှိနေတတ်ပါတယ်။

ဒီနောက်မိမိအခန်းသို့ပြန်လာကာ ၁၂:၀၀နာရီလောက်အထိ မြန်မာဧည့်လမ်းညွှန်များနှင့်ရောက်လာသမျှ နိုင်ငံခြားဧည့်သည်များ တခါတရံမြန်မာဧည့်သည်များကို တွေ့ဆုံတရားစကားပြောပေးပါတယ်။ ယခုတော့တောထဲကပြန်လာခါစဖြစ်လို့ မြန်မာဧည့်သည် အဝင်အထွက်နည်းနည်းရှိနေတတ်ပါတယ်။

နိုင်ငံခြားဧည့်သည်ကတော့ နံနက်တိုင်း ၁၀နာရီမှ ၁၂ နာရီလောက်အထိ နေ့စဉ်ရှိနေတတ်ပါတယ်။ သူတို့သိထားတဲ့တရားစကားလေးတွေ နှီးနှောကြည့်ချင်လို့ ရောက်လာတတ်သူတွေရှိသလို မရှင်းတာလေးတွေ မေးလိုလို့ရောက်လာကြသူတွေလည်းရှိတတ်ပါတယ်။ ဒါကမိမိအနေဖြင့် နံနက်ပိုင်း အချိန်ကိုအသုံးချနည်းပေါ့။

တခါတရံမှာတော့ လေးနက်ပြီးပညာရှင်ဆန်ဆန် သိက္ခာရှိရှိတရားနာပြီး အမေးအဖြေလုပ်လိုသူတွေကိုတော့ ညနေခင်း ၄နာရီနောက်ပိုင်းမှာ ဦးဆောင်ပါလာမည့် မြန်မာဧည့်လမ်းညွှန်နဲ့ဖြစ်စေ သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်ဖြစ်စေ တိကျစွာ appointment လုပ်ပေးရပါတယ်။ စိတ်အေးလက်အေး အချိန်ရစေချင်လို့ပါ။ မတိမကျစည်းမဲ့ကမ်းမဲ့ ကြုံသလိုလုပ်ရင်လည်း နိုင်ငံတကာအဆင့်မှာ အထင်သေးခံရတတ်ပါတယ်။ ဘုန်းကြီးတို့ဘက်မှာလည်း လေးနက်တဲ့သာသနာတာဝန်တွေရှိနေတတ်ပါတယ်။

ပြီးတော့ နေ့ ၁ နာရီမှ ၄ နာရီအထိအချိန်က မိမိအတွက် ကိုယ်ပိုင်အချိန်ထားပြီး တရားအားထုတ်ရပါသေးတယ်။ မိမိ၏အတွင်းစည်းထဲက ဝိပဿနာသာသနာပြု တပည့်ဒါယကာများကိုသာ မဖြစ်မနေလုပ်စရာရှိသောအခါများ၌ လာမည့်အချိန်ကို ဖုန်းကြိုတင်ဆက်စေပြီး လာခွင့်ပြုပါတယ်။ တရားထိုင်ရတာသမာဓိ မပျက်ချင်လို့ဖြစ်ပါတယ်။ အလုပ်လည်းကောင်းမွန်စွာပြီးစေချင်လို့ပါ။

ညပိုင်းမှာတော့ ၆:၀၀ နာရီကနေ ၈:၀၀ နာရီလောက်အထိ တပည့်များနှင့်စာချစာသင်နဲ့ အလုပ်ရှုပ်နေတတ်ပြီး ၈:၀၀ မှ ၉:၃၀ နာရီအထိဟာ စာရေးစာပြင်နှင့် အလုပ်များနေတတ်ပါတယ်။ ဒီနောက်တော့ အိပ်ယာပေါ်မှာ ဝင်သက်ထွက်သက်ကို သတိကပ်ပြီးအိပ်ဖို့ပြင်ဆင်ပါတယ်။ အလိုအလျောက်အိပ်ပျော်သွားပါတယ်။

ညပိုင်းမှာတော့ ဇာဂရိယာနုယောဂ-နိုးနိုးကြားကြားအိပ်ရမယ်ဆို့ ဗုဒ္ဓအရှင်မြတ်ရဲ့ လမ်းညွှန်ချက်အတိုင်း ၂ နာရီခြားတစ်ခါလောက် အိပ်ယာမှနိုးလာတတ်ပါတယ်။ အလွန်ပင်ပန်းသောအခါမျိုးမှသာ လုံးဝ deeply အိပ်ပျော်သွားတတ်ပါတယ်။ ဘာဘဲဖြစ်ဖြစ်မနက် ၃ နာရီမှာတော့ ထရတော့တာပါပဲ။ မသေမချင်းကျင့်ရမယ့် အကျင့်ဖြစ်နေလို့ပေါ့။

 15179111_219517478486466_3148176601255140046_n15107357_214665688971645_8481471214750045815_n 15109391_214665142305033_7022391818716679111_n 15284831_219517458486468_8134814244280642384_ndsc07285 dsc07288 20151120_img_3999 dsc00224

Author:

Ashin Kekasa is a graduate in Mathematics. He finished his both public and monastic educations. His major interest was Mindfulness-Based Vipassana Meditation instructed in Buddhism. He took six months long retreat course in Mahasi Meditation Center when he was a layman. After his six months long meditation practice, he became a Buddhist ordained in Mahasi Tradition. However, he wanted to know much more about Buddhist philosophy so he moved to Mahagandhayon monastery to study Pali scriptures seriously. He has spent teaching and practicing in Mahagandhayon monastery. He did it well. Then, he moved to the forest for his serious meditation practice. He founded his own forest meditation center 15 years ago. He has been conducting Vipassana retreat for laypeople twice a year. He has also been used to travelling to abroad since 2004 because he is invited by people to teach them meditation. It is just a brief biography of Ashin Kelasa.