ရဋ္ဌပိဏ္ဍပြည်သူ့ဆွမ်းကိုစားနေရသော သံဃာနှင့်ပြည်သူ့မေတ္တာ အလွန်အစွမ်းကြီးလှပုံ

ရဋ္ဌပိဏ္ဍပြည်သူ့ဆွမ်းကိုစားနေရသော သံဃာနှင့်ပြည်သူ့မေတ္တာ အလွန်အစွမ်းကြီးလှပုံ

ပြည်သူပြည်သားတွေရဲ့မေတ္တာကိုခံယူပြီးတော့ ပြည်သူပြည်သားတွေရဲ့ မေတ္တာဟူသောအဟာရဓာတ်ဖြင့်အလုပ်လုပ်ရသူမှန်သမျှ ပြည်သူ့မေတ္တာဟာ တကယ့်အားဆေးပါပဲ။ ဒီလိုမဟုတ်ဘဲ ပြည့်သူ့မေတ္တာစော်ကားရင်တော့ အဲဒီမေတ္တာတွေကအဆိပ်ရည်လိုဖြစ်ကာ သင့်ကိုလောင်စေပါလိမ့်မည်။ အဲဒီလိုပဲသီလသမာဓိပညာနဲ့ပြည့်စုံတဲ့ သံဃာ့ဂုဏ်တော်တွေနဲ့ နေ့စဉ်ထုံမွှမ်းထားတဲ့ သံဃာတော်ကို ပစ်မှားမိပြန်ရင်လည်း အပူလောင်တတ်တယ်။

ဒါပေမဲ့ ယနေ့အထိ ပြည်သူတွေဟာ သီလသမာဓိပညာအစွမ်းနဲ့နေထိုင်ပြီး သံဃာ့ဂုဏ်တော်ကိုးပါးနဲ့အညီ အားထုတ်နေထိုင်တဲ့ သံဃာကိုစော်ကားလောက်အောင်တော့ မရိုင်းသေးဘူးထင်ပါတယ်။ အာဏာပါဝါနဲ့ပတ်သက်လာရင်သာ ရဟန္တာမျိုးကိုပင် အငြိုးအတေးထားရန်လုပ်တတ်တာမျိုး သမိုင်းမှာရှိခဲဘူးတယ်။ ဒေဝဒတ်ကိုကြည့်ပေါ့။ ခရစ်တော်ကိုသတ်တာလည်း နိုင်ငံရေးအရသတ်လိုက်တာပဲ။ ဒီအတိုင်းကတော့ ရွှေမြန်မာတွေဟာ သာသနာကိုတကယ်ကြည်ညိုလေးစားတတ်ပါတယ်။ ဒါကြောင့်လည်းထေရဝါဒမြန်မာ့မြေပေါ်မှာ အကြာကြီးအမြစ်တွယ်နေတာပေါ့။

ခု ဘုန်းဘုန်းဘာမှမဟုတ်တဲ့အဖျားတာလေးတောင်မှ ဝိုင်းပြီးမေတ္တာတွေပို့ပေးနေကြတယ်။ ဘာပဲဖြစ်ဖြစ်ကျန်းမာရေးမကောင်းဘူးဆိုရင်တော့ အနီးကနေအနီးကပ်ပြုစုစောင့်ရှောက်ပေးကြတဲ့တပည့်ဒါယကာများရဲ့ မေတ္တာအားဆေးဟာ အလွန်တန်ဖိုးကြီးလှသလို အဝေးကနေပင် message လေး လက်တစ်ဆစ်စာမျှ ပို့သပေးကြသော မေတ္တာဟာလည်းအလွန်တန်ဖိုးကြီးတာပါပဲ။ မယုံမရှိကြလေနှင့်။ မေတ္တာတရားဟာ ပိုက်ဆံပေးဝယ်လို့မရသလို အာဏာပါဝါဖြင့်ဓားပြတိုက်ယူလို့လည်းမရဘူး။ မေတ္တာစစ်ရင်နှလုံးသားက အလိုလိုဖိတ်လျှံကျလာတတ်တာမျိုး။

အားတကာအားထဲတွင် မေတ္တာ၏စွမ်းအားဟာ တန်ဖိုးအကြီးဆုံး စွမ်းအားအကောင်းဆုံး ဆိုတာကိုဘုန်းဘုန်းကိုယ်တိုင် လက်တွေ့ပို့လွှတ်အားထုတ် နှလုံးသားဖြင့်လက်ခံယုံကြည်ထားသလို ဘုန်းဘုန်းအပေါ်ကြည်ညိုလေးစားမှုရှိသူမှန်သမျှ ဗုဒ္ဓတပည့်များဖြစ်က လက်ခံထားကြ။ ခုခေတ်မှာတော့ သိပ္ပံပညာက မေတ္တာပို့လို့ရောက်မရောက်ကို စမ်းသပ်လက်ခံထားကြပြီ။

မနေ့ကဘုန်းဘုန်းရဲ့ အဝေးကအအချို့ပည့်များက ဖုန်းဆက်ပြီးမာကြောင်းသာကြောင်းအမှတ်ရကြောင်း ဘုန်းဘုန်းသင်ပေးလိုက်တဲ့ပညာနဲ့ အလုပ်လုပ်ရတာအဆင်ပြေကြောင်း ဘုန်းဘုန်းမေတ္တာကိုလည်း အမြဲခံယူကြောင်း ဘုန်းဘုန်းပေးလိုက်တဲ့မနက်တိုင်း အိပ်ရာထတာနဲ့ သရဏဂုဏ်ကို I take a refuge in the Buddha. အစရှိသဖြင့် ပါဠိအင်္ဂလိပ်မြန်မာ သုံးဘာသာလုံးဖြင့် ဗုဒ္ဓဓမ္မသံဃာဆိုတဲ့ အရည်အသွေးတွေထဲနှစ်ပြီး သရဂုဏ်ယူဖို့ သင်ထားတဲ့အတိုင်း လုပ်တာ အဆင်ပြေကြောင်း ဘုန်းဘုန်းရဲ့မေတ္တာတာရားနဲ့လည်း ပိုပြီးနီးစပ်လုံခြုံသလိုခံစားရကြောင်း အစရှိသဖြင့်အချို့ အဝေးရောက်တပည့်များက ဖုန်းဆက်ပါတယ်။

✔️✔️✔️ငါနေမကောင်းဘူးပြောမှသာ “ဟုတ်လားဘုရား”လို့ ပြောကြတော့။ အင်းငါ့တပည့်တွေကိုယ်တိုင် Facebook သုံးကြပြီး သူတို့ Facebook ပေါ်တင်ပေးလိုက်တာကို အယုံအကြည်မရှိကြတာလား။ မဖတ်ဘဲကျော်လိုက်ကြလို့လား မသိဟန်ဆောင်တာလား စသည်ပေါ့လေ တပည့်များကို ပျော်စေပျက်စေမျှစတာပါ။ အဲကြမှသာ မေတ္တာတွေတွန်းပို့ပေးနေကြတယ်။ ✔️✔️✔️

အဲဒါကြောင့်ထင်ပါရဲ့ ဘုန်းဘုန်းအိပ်ယာနိုးတော့ ထုံးစံအတိုင်းသရဏဂုဏ်ယူ ဝင်သက်ထွက်သက်ကနေ တစ်နာရီ ဝိပဿနာဘက်ဆက် နောက် အနီးနေမှစ၍ တစ်ကမ္ဘာလုံးအထိ နှစ်နာရီခန့် မေတ္တာပို့သပြီးတော့ ဒီနေ့ငါ့စိတ်တွေ အထူးကြည်လင်ပေါ့ပါးနေပါတယ် အိပ်လို့လည်းကောင်း တရားထိုင်လို့လည်း အေးအေးလေးနဲ့ အလွန်ကောင်း။

ခုမနက် ၆ နာရီ ထုံးစံအတိုင်း မနက်တရားတစ်ချိန်ပြီးလို့ မျက်နှာစာအုပ်ကြီး(Facebook)ကို ဖွင့်ကြည့်လိုက်တော့ ပို့သထားတဲ့မေတ္တာတွေအများကြီးကိုတွေ့လိုက်ရတယ်။ အဲဒါကြောင့် ဒီနေ့ဆေးတစ်ကြိမ်သောက်ပြီးရင်တော့ ကျန်းမာတော့မယ်လို့ယုံကြည်ထားပါတယ်။ တစ်ထပ်စားတဲ့ဘုန်းကြီးဆိုတော့ ၈ နာရီဆွမ်းစားချိန်အထိစောင့်ရမှာပေါ့လေ။

ခု အမှန်ပြောနေတာပါ။ ပို့သတဲ့မေတ္တာတွေ အကုန်ရောက်ပါတယ်။ ဘုန်းဘုန်းပို့သပေးနေတဲ့မေတ္တာကိုလည်းနေ့စဉ်ခံယူကြပါ။ ခံယူသူတွေရနေမှာပါ။ ပြီးရင် အိပ်ယာထထခြင်း ဗုဒ္ဓဂုဏ်တော် ဓမ္မဂုဏ်တော် သံဃဂုဏ်တော်တွေကို နှလုံးသွင်းပြီးသရဏဂုဏ်ယူပါ။ မနက်အိပ်ယာထတိုင်းလုပ်ပါ။ အင်္ဂလိပ်လိုတတ်သူက အင်္ဂလိပ်လိုပါ အလေ့အထရအောင်သရဏဂုဏ်ယူပါ။ ပြီးရင်ဝင်သက်ထွက်သက် ၅ မိနစ်ခန့်လုပ်ပါ။ အဲဒီစုစည်းမှုသမာဓိစိတ်ဖြင့် ကိုယ်စောင့်နတ်ကစလို့ မိမိချစ်ခင်သူမိဘဆရာသမားသူငယ်ချင်းများဆီမေတ္တာပို့ပါ။ အကျိုးရှိပါလိမ့်မယ်။

အနီးဆုံးအနီးကပ်ပြုစုပေးတဲ့ ဘုန်းဘုန်းဆေးမထိုးဘူးဆို မထိုးပေးဘဲ နေရဲတဲ့ ဆရာကြီးဦးဟန်ညွှန့် (မြိုင်ဆေးရုံ)ကစလို့ အားလုံးရဲ့မေတ္တာ ကြောင့် ဘုန်းဘုန်းတော့ဒီနေ့ ဆေးတစ်ကြိမ်သောက်ပြီးရင် သက်သာပျောက်ကင်းပြီဆိုတာကိုလည်းယုံနေပါတယ်။ ပုံမှန်ရေချိုးစာရေးတရားဟောအကုန်ပုံမှန်အတိုင်းလုပ်ပါတော့မယ်။ ဗိုက်နည်းနည်းနာနေတာလည်း သက်သာခွင့်ရတော့မှာပါ။ အဲဒါအားလုံးအနီးနေအဝေးနေတွေရဲ့ မေတ္တာတရားစစ်ကြောင့်ဖြစ်ပါကြောင်း။ မင်္ဂလာမနက်ခင်းမှာ မင်္ဂလာသတင်းပေးလိုက်ပါရစေ။

Author:

Ashin Kekasa is a graduate in Mathematics. He finished his both public and monastic educations. His major interest was Mindfulness-Based Vipassana Meditation instructed in Buddhism. He took six months long retreat course in Mahasi Meditation Center when he was a layman. After his six months long meditation practice, he became a Buddhist ordained in Mahasi Tradition. However, he wanted to know much more about Buddhist philosophy so he moved to Mahagandhayon monastery to study Pali scriptures seriously. He has spent teaching and practicing in Mahagandhayon monastery. He did it well. Then, he moved to the forest for his serious meditation practice. He founded his own forest meditation center 15 years ago. He has been conducting Vipassana retreat for laypeople twice a year. He has also been used to travelling to abroad since 2004 because he is invited by people to teach them meditation. It is just a brief biography of Ashin Kelasa.