ကမ္ဘာထောင့်ပေါင်းစုံကသိပ္ပံနည်းကျထေရဝါဒ

ကမ္ဘာထောင့်ပေါင်းစုံကသိပ္ပံနည်းကျထေရဝါဒ

(မြှောက်ပြောနေသည်မဟုတ်အောက်ပါကနေဒါလူမျိုးဆရာတော်ကြီးနှစ်ပါးဟာဝါတော်ကိုအတော်ရနေကုန်ပါပြီ ခုဆိုကျောင်းထိုင်ဘုန်းကြီးတွေဖြစ်ကုန်ပြီ)

ကနေဒါဘက်မှာတော့ ကနေဒါလူမျိုး ဆရာတော်ကြီး အရှင်သောနထေရ်ဦးစီးတည်ထောင်ထားတဲ့ သီတ၀န ထေရဝါဒတောရကျောင်း (Sītavana Theravāda Forest Monastery)ကနေပြီး ကနေဒါပြည်သူပြည်သားတွေနဲ့ တစ်ကမ္ဘာလုံးဆီသို့ မြတ်ဗုဒ္ဓရဲ့ စကြာဝဠာတည်ဆောက်ထားပုံကို ဒီလိုဆွေးကြရင်း ပညာပေးဟောပြောပွဲဖြင့် ဗုဒ္ဓဘာသာအကြောင်းကိုသင်ပြပေးကြပါတယ်။

မြန်မာ့ထေရ၀ါဒီရဟန်းရှင်လူအပေါင်း မိမိတို့နိုင်ငံရဲ့ထေရ၀ါဒအခြေအနေဟာ ဘာဖြစ်နေလဲ ဆင်ခြင်နိုင်ကြစေဖို့ပါ။ ကိုတော်တွေကိုနိုင်ငံရေးထဲမရောက်ရောက်အောင်တွန်း ကိုတော်ကလည်းကိုယ်ရွေးချယ်ထားတဲ့ရဟန်းသံဃာဘဝအနှစ်သာရတွေကိုနားမလည်တော့ အတင်းအဓမ္မ လိုသလိုဆွဲ သူလုပ်နေတဲ့နိုင်ငံရေးကိုပဲ ဗုဒ္ဓကခွင့်ပြုထားသယောင် အဓိပ္ပါယ်တွေလျှောက်ဖွင့်။ တခါဗဟုသုတမရှိတဲ့မီဒီယာတွေကအင်တာဗျူးတွေလုပ်ဖွပေး။ ပိုပိုရှုပ်ထွေးပြီးအကုသိုလ်တွေများလာတယ်။

ရဟန်းသံဃာကိုအင်တာဗျူးတဲ့မီဒီယာသမားဟာ အနည်းဆုံးဗုဒ္ဓဘာသာကဘယ်လိုအဓိပ္ပါယ်၊ ရဟန်းဆိုတာဘာအဓိပ္ပါယ်၊ နိုင်ငံရေးဆိုတာက ဘာအဓိပ္ပါယ်၊ ရဟန်းတို့ရဲ့ပဓာနအလုပ်ကဘယ်ဟာစသည်ဖြင့် ဗဟုသုတရှိထားပြီးမှာသာ အချက်ကျကျအင်နာဗျူးလုပ်နိုင်မယ် လမ်းမှန်ပေါ်ကိုတည့်တည့်ရောက်အောင် အင်တာဗျူးလုပ်နိုင်မယ်။

ဒီမလုပ်ဟုရင် ကျေးဇူးတင်ပါတယ်ဘုရားဆိုပြီး ပိုရှုပ်ထွေးသွားစေမယ်။ အရှင်ဘုရားတစ်နေ့ တရားဘယ်နှစ်နာရီများ အားထုတ်ပါသလဲဘုရားလို့ အင်တာဗျူးလုပ်တဲ့သူမတွေ့ရဘူး။ အရှင်ဘုရားသိပ္ပံနည်းကျ ဗုဒ္ဓဓမ္မတွေကကမ္ဘာကြီးကလက်ခံကုန်ပြီ သိတော်မူပါသလားဘုရားလို့ အင်တာဗျူးလုပ်တာတစ်ခါမှမကြားဖူးဘူး။

နိုင်ငံရေးဆိုရင်အင်တာဗျူးလုပ်ပြီ။ ဒီတော့ကိုတော်တွေက တရားဟောရင်တောင်နိုင်ငံရေးပါမှ လူအထင်ကြီးတယ်ဆိုတဲ့ အယူအဆတစ်ခုရသွားပြီ။ ဒါကြောင့်လည်း ကိုတော်တွေက နိုင်ငံရေးလိုလို လူမှုရေးလိုလိုနဲ့ အဲလိုနဲ့ရှေ့ကသာသင်္ကန်းရောင်အသွင်နဲ့ ဒေါင်းလိုကနေတာ နောက်ကဖင်ပေါ်ပြီးလူရယ်စရာဖြစ်နေတာမသိဘူး။

ဒီနေ့မြန်မာ့ထေရဝါဒရဲ့အကျင့်အတွေးအခေါ် အယူအဆအသွင်အပြင်တွေကို ကမ္ဘာ့ပညာတတ်တွေ ပညာရှင်ထေရဝါဒအစစ်တွေကမကြိုက်ဘူး။ လယ်တီတို့ ဝေဘူတို့ မဟာစည်တို့ ဦးဘခင်တို့ စသည်ရှေးကထေရဝါဒအရှိန်အဝါကိုသာ ကမ္ဘာကြီးကမျက်စိကျစိတ်ဝင်စားကြတာ။ သတိထားကြဖို့ပါ။

အကြီးကြီးကိုခက်ပါတယ်။ သင်တို့နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ထေရ၀ါဒရဲ့ သိပံ္ပပညာနှင့်ကိုက်ညီမှုကြောင့် ကမ္ဘာ့ပညာရှင်ပညာတတ်တွေကတော့လက်ခံပြီး ကမ္ဘာကြီးကို အကြီးအကျယ်ပညာပေးတွေလုပ်ပေးနေပါပြီ။

သင်တို့အတွေးအခေါ်တွေကို update လုပ်ပြီး အဆင့်မြှင့်ရင်မြှင့် မမြှင့်ဘဲဒီအတိုင်း အစဉ်အလာရဟန်းတို့ရဲ့ပြဿနာတွေကို အာရုံယူနှလုံးသွင်း ဆဲသူကဆဲ ဆိုသူကဆို ဟုတ်တယ်မဟုတ်ဘူးအငြင်းပွားတဲ့သူကပွား ဦးဆောင်ဦးရွက်ပြုတဲ့သူရှိပြန်တော့လည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြတ်သားစွာလက်မခံနိုင်ဘဲ ယောင်တောင်တောင်လုပ်နေကြပြန်တယ်။

ဒီလိုသာပေတေနေလို့ကတော့ သင်တို့သူများအမှီးဆွဲပြီးနောက်ကလိုက်ကာ သူများအီးနံ့ချီးနံ့ရှူလျှက် မရှက်မကြောက်အသက်ရှင်ကြလေဦးပေါ့။ ဘာပဲဖြစ်ဖြစ်မြန်မာ့ထေရဝါဒဟာ အတော်ကိုကမ္ဘာကြီးနဲ့အလှန်းကွာခဲ့ပါပြီ။ မဟုတ်တဲ့ hand phone 📱 ကိုင်ပြီး အင်တာနက်မှာ လုပ်ချင်ရာလုပ်လျှက်အချိန်ဖြုန်း အနှစ်သာရဖြစ်တဲ့ပရိယတ်ပဋိပတ်တွေကိုတော့ ခေတ်မီအောင် update လုပ်နိုင်စွမ်းမရှိကြတော့ဘဲ လူထွက်တဲ့သူကထွက် မထွက်တဲ့သူကလည်း ပေပေတေတေနေ။ ဓမ္မစစ်တွေကအိပ်ပျော်ခွင့်ရ အဓမ္မအဝိနယတွေက ရှေ့မှာပေါ်ခွင့်တွေရ။

တကယ်ဆိုရင် ဗုဒ္ဓဓမ္မတွေက ကျက်သရေအလွန်ရှိ ကျင့်ကြံဝတ်ဆင်သူတွေကို စိတ်ဓာတ်ဖြူစင်လှပစေတယ်။ ဗုဒ္ဓဓမ္မတွေကခေတ်မီရုံမျှမက ခေတ်ရှေ့ပြေးနေလို့ ယခုခေတ်သိပ္ပံပညာရှင်တွေလက်နက်ချကာ ဗုဒ္ဓဓမ္မရဲ့ ဧကာယန ဖြစ်တဲ့ သတိပဋ္ဌာန်တရားအားထုတ်မှုအောက်ကို အလင်းဝင်လာကြလေရဲ့။

တစ်နေ့နှစ်မိနစ်မျှပင်အားထုတ်ကြဖို့ အကြီးအကျယ်တိုက်တွန်းပညာပေးနေကြလေရဲ့။ ထိုမျှအားထုတ်မှုကပင် လူတစ်ယောက်ရဲ့ဘဝအားမည်မျှအထိအပြုသဘောဆောင်ပြောင်းလဲနိုင်သည်ဆိုတာကို သူတို့သိနေကြပြီလေ။

မြန်မာနိုင်ငံကြီးနဲ့မြန်မာအများစုဟာ အင်ဂျင်ဟောင်းကြီးတတ်ဆင်မောင်းနှင်နေတဲ့စက်အိုစက်ဟောင်းကြီးနဲ့အလွန်တူတယ်။ တွန်းလို့လည်းမရွေ့ စက်နှိုးပြန်တော့လည်းမနိုးလာ နိုးလာပြန်တော့ ညက်ညက်ညောညောမဖြစ်ဘဲ ဆူညံသံပေါင်းစုံ။ အင်း—-ခက်နေဆဲ ခက်နေဆဲ ခက်နေဆဲ။

Author:

Ashin Kekasa is a graduate in Mathematics. He finished his both public and monastic educations. His major interest was Mindfulness-Based Vipassana Meditation instructed in Buddhism. He took six months long retreat course in Mahasi Meditation Center when he was a layman. After his six months long meditation practice, he became a Buddhist ordained in Mahasi Tradition. However, he wanted to know much more about Buddhist philosophy so he moved to Mahagandhayon monastery to study Pali scriptures seriously. He has spent teaching and practicing in Mahagandhayon monastery. He did it well. Then, he moved to the forest for his serious meditation practice. He founded his own forest meditation center 15 years ago. He has been conducting Vipassana retreat for laypeople twice a year. He has also been used to travelling to abroad since 2004 because he is invited by people to teach them meditation. It is just a brief biography of Ashin Kelasa.