UFO အခြားစကြာဝဠာကသတ္တဝါဆိုတာရှိလေသလား
UFO လို့ခေါ်တဲ့ ပန်းကန်ပြားပျံလို့ခေတ်စားခဲ့တဲ့ အခြားစကြာဝဠာက unidentified flying object ဆိုတာတွေဟာ ဗုဒ္ဓဘာသာစကြာဝဠာဗေဒအရဆိုရင် အစစ်ရှိပါတယ်တဲ့။ ဆွစ်နိုင်ငံသားကနေ ထေရဝါဒရဟန်းအဖြစ်ခံယူခဲ့တဲ့ အရှင်ဥတ္တမက လိုင်းပေါ်ကနေပို့ချပေးထားပါတယ်။
သူကတော့ မဟာစည်တပည့်စစ်စစ်ဖြစ်ပါတယ် မြန်မာပြည်မှာပဲ ရဟန်းအဖြစ်ကိုခံယူခဲ့သူပါ။ သို့သော် မြန်မာ့ဝိသုဒ္ဓိမဂ်ဝါဒ အဘိဓမ္မာဝါဒကိုတော့ ဝေဖန်ဆဲပါ။ ဒါက criticality ထွန်းကားခဲ့သော အနောက်နိုင်ငံများ၏ remarkable characteristic အဖြစ်သီးခြားလက်ခံပေးရမည့်အပိုင်းပါ။ သူဟာ ယခုအထိ မြန်မာသံဃာပုံစံဖြင့်ပဲ ဥရောပမှာနေထိုင်ဆဲပါ။ ခုတော့ သက်တော် ၆၈ လောက်ရှိသွားပါပြီ ဝါတော်လည်း ၂၀ ကျော်လောက်ရသွားပါပြီ။ သူတို့က သိပ္ပံနောက်ခံနဲ့ တရားတွေကို update လုပ်နေကြတာဆိုတော့ အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။
မြန်မာပြည်မှာတော့ အလွန်အရည်အသွေးကောင်းတဲ့ဗုဒ္ဓဓမ္မတွေကို ဘယ်တက္ကသိုလ်ကမှ ပညာသင်ဘူးထားခြင်းမရှိတဲ့ ဘိုးဘိုးကြီးဘွားဘွားကြီးတွေ ဘိုးတော်ဘွားတော်တွေနဲ့ update လုပ်ပစ်လိုက်ကြတော့ superstition တွေ superstitious believer တွေ များလာတာပေါ့။
ခုတော့ ဆွစ်ဆရာတော်ကြီး အရှင်ဥတ္တမက သူ့ဘဝဇာတ်ကြောင်းနဲ့ သူ့ဘဝဘယ်လိုဗုဒ္ဓတရားတွေကိုစိတ်ဝင်စားခဲ့ပြီးရဟန်းအဖြစ်ရောက်ခဲ့ရပုံအထိရိုးသားစွာ ရှင်းလင်းပြထားပါတယ်။ ကမ္ဘာကြီးကတော့ ထေရဝါဒကို အရမ်းကိုအားပေးထောက်ခံနေကြပါပြီ။
သတိအထူးထားပြီးတော့ သင်တို့၏ခေတ်မမီတောတဲ့ ဘာသာရေးအယူသည်းဦးနှောက်တွေကို စနစ်တကျဆရာကောင်းသမားကောင်းနှင့် သတိပဋ္ဌာန်ဝိပဿနာအားထုတ်လျှက် update လုပ်ကြဖို့ထပ်မံတိုက်တွန်းလိုက်ပါရစေ။