မနက်လင်းရင်အိပ်ယာပေါ်မှာတရားနှင့်စနိုင်ပါစေ
အိပ်ယာပေါ်မှာကတည်းက ၅ မိနစ်လောက်စလုပ်ကြည့်ပါ။ ငါးမိနစ်ဆိုပြီးအထင်မသေးနဲ့ နေ့စဉ်သာလုပ်ဖြစ်အောင်ကြိုးစားပါ။ အကျိုးတရားကမနည်းလှပါဘူး။ ဒါကလုပ်ချင်ပါလျှက်မလုပ်ဖြစ်သူကို လုပ်ဖြစ်စေချင်လို့တိုက်တွန်းတာပါ။ ဒီနေ့ခေတ်မှာ တရားအားထုတ်တယ်ဆိုတာ ကိုယ်တစ်ယောက်တည်းလို့မမှတ်ပါနဲ့ ဥရောပအမေရိကဘက်မှာလည်း အားထုတ်နေကြပါပြီ။ လူမျိုးစုံအရောင်အသွေးစုံ ဘာသာဝါဒစုံ all walks of life တရားအားထုတ်လာကြတဲ့ခေတ်အခါပါ။
လုပ်နေကျအလေ့အထရှိသူက တစ်နာရီလည်းလုပ်နိုင်ပါတယ်။ ပထမနာရီမှာတရားနှင့်စဖြစ်စေချင်လို့ပါ။ ဒီလိုမဟုတ်ရင် အတွေးစိတ်တွေထဲမှာ fighting လို့ အားပေးသယောင်နဲ့ ကိုယ့်ကိုယ်အပူတောထဲဆွဲခေါ်နေတဲ့စိတ်နောက်ကိုလိုက်မိနေတတ်ပါတယ်။ “မင်းကဘာကောင်လဲ ဘာကောင်မလဲ ငါ့ကိုဒီလိုလာမကြောနဲ့မောသွားမယ်။ ငါကအမှန်အတိုင်းလုပ်တာလေ မင်းကလမ်းမှားနေတာ” စသည်ပေါ့ကွယ် crazy 😜 thought 💭 တွေက going on and on နေတတ်တယ်။ ဘယ်တော့မှမဆုံးနှိုင်တဲ့သံသရာပေါ့။ ငြီးငွေ့စိတ်ကုန်စရာကြီးပါ။ ဒါကြောင့် အိပ်ယာထထချင်း အနည်းဆုံး ၅ မိနစ်လောက်တော့ တရားနဲ့စနိုင်အောင်စကြစေချင်ပါတယ်။
ဘုန်းဘုန်းဆိုရင် မနက် ၃ နာရီမှ ၅ နာရီအထိ နေ့တိုင်းအိပ်ယာပေါ်မှာပဲထိုင်ဖြစ်တယ်။ နှစ်ပေါင်း ၃၀ လောက်ဆိုတော့ အကျင့်ရနေပါပြီ။ ဒီနောက်တော့ အများသူငါအတွက် အားဖြစ်စရာ အားတက်စရာ အပူငြိမ်းစရာ တရားအချို့ကိုရေးပါတယ်။ တကယ်တော့ မနက် ၃ နာရီမှ ၅ နာရီဆိုတဲ့ အချိန်အပိုင်းအခြားဟာ တောထဲမှာလိုပဲပတ်ဝန်းကျင်ကအလွန်တိတ်ဆိတ်နေလို့ပေါ့။ ပြီးတော့ ဒါက ရဟန်းသံဃာရဲ့ professional အလုပ်လေ။ ဒါမလုပ်ရင် ရဟန်းဘဝဟာ သာမာန်လူတွေနဲ့မထူးဘူးပေါ့။ ရဟန်းဘဝဆိုတာ သာမာန်လူတွေလို ကလေးစိတ်တွေနဲ့ အယူအဆတွေအားပြိုင် ဥစ္စာဓနတွေအားပြိုင် မိတ်ဆွေအပေါင်းအသင်းတွေအားပြိုင် သားသမီးချင်းအားပြိုင်ရတဲ့ဘဝမျိုးမှမဟုတ်ဘဲ။
ကိုယ်ကျင့်တရားဝိနည်းကိုကျင့်ကြံအားထုတ်မှုရယ် လောဘဒေါသမောဟ အပြစ်ကင်းစင်တဲ့ စိတ်ချမ်းသာမှုစစ်စစ်ရယ်ကိုသာ ကိုယ်ပိုင်ဖြစ်အောင်လုပ်ရတဲ့ အလွန်မွန်မြတ်လေးနက်တဲ့ဘဝပါ။ သို့မှသာကြည်ညိုလှူဒါန်းသဒ္ဓါပန်းပွင့်ကြတဲ့ဒကာဒကာမများမှာလည်း ကောင်းကျိုးရစေနိုင်မှာပါ။ သုပ္ပဋိပန္နစတဲ့သံဃာဂုဏ်နဲ့ညီညွတ်အောင်အားထုတ်နေလို့ပေါ့။
အမှန်ဆိုသော် ဒီနေ့သိပ္ပံခေတ်ကြီးမှာ တရားထိုင်တာဟာ သာမာန်လူသားများအတွက်လည်း stress-released technique ဖြစ်နေလို့ တကယ့်ကိုအားထုတ်သင့်တဲ့အလုပ်ပါ။ နေ့စဉ်ဘဝအခက်အခဲတွေကို resilience လုပ်နိုင်တယ်ဆိုတာကို သိပ္ပံပညာကတွေ့ရှိထားပြီးပါပြီ။ဒါကြောင့်လည်း ဘုန်းဘုန်းအနေနဲ့ အားပေးလမ်းပြ မေတ္တာတရားဖြင့် နှိုးဆော်ပေးနေရတာပါ။ အားထုတ်ဖြစ်ကြပါစေ။