တချို့ကအနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုလွှမ်းမိုးသွားမှာ မကြောက်ဘူးလားဆိုတဲ့ မေးခွန်းကိုမေးတတ်ကြပါတယ်။ ဘုန်းဘုန်းအနေနဲ့ကတော့ ယဉ်ကျေးမှုဆိုတာထက် စိတ်ကောင်းစေတနာရှိနေဖို့က ပိုပြီးအရေးကြီးပါတယ်။ စိတ်ကောင်းစေနာမရှိကြရင် ဘယ်ယဉ်ကျေးမှုကိုပဲ မိမိရဲ့ကိုယ်မှာတန်ဆာဆင်ထားပါစေ အဆင်ပြေလိမ့်မယ်မထင်ပါတယ်။
တကယ်တော့ တစ်ဦးစီရဲ့ individual rights and feeling of individual security 🚨 တွေအပြည့်အဝ ရရှိနေဖို့က နံပါတ် (၁) ပိုပြီးအရေးကြီးလိမ့်မယ် ထင်ပါတယ်။ အဲဒီလိုဆိုရင် တကယ်စိတ်ချမ်းသာအောင် ဘယ်လိုနေထိုင်သင့်တယ်ဆိုတာကို သင်ပြလို့ပိုကောင်းမယ်လို့ထင်ပါတယ်။ လူတိုင်းလူတိုင်းဟာ စိတ်ချမ်းသာစွာ နေထိုင်ချင်ကြတာပါပဲ။ ဒါပေမယ့်ဘယ်လို နေထိုင်ရမှန်းမသိဖြစ်နေတတ်ပါတယ်။
တကယ်တော့ individual rights and feeling of individual security by the law of a particular country 🚨 ရှိမယ်ဆိုရင် လူဟာအထိုက်အလျှောက် စိတ်ချမ်းသာမှုရှိပါလိမ့်မယ်။ ကိုယ့်စိတ်ထဲက ကိလေသာတွေကြောင့် ဖြစ်တဲ့ စိတ်ဆင်းရဲမှုသာ ကျန်ပါလိမ့်မယ်။ ကိုယ့်စိတ်ထဲက စိတ်ဆင်းရဲမှုကို ရှင်းထုတ်တဲ့နည်းကတော့ the law of the Dhamma က အပြည့်အဝတာဝန်ခံနိုင်ပါတယ်။
မြတ်ဗုဒ္ဓက “မိစ္ဆာပဏိဟိတစိတ်” ကိလေသာအညစ်ကြေးဗလဝနဲ့ ထားချင်သလို ထားတဲ့စိတ် “သမ္မာပဏိဟိတစိတ်” ကိလေသာတွေကို ဉာဏ်နဲ့ ဖယ်ခွါရှောင်ရှားပြီး အေးချမ်းအောင် စိတ်ကိုထားပြီးနေတဲ့စိတ် ဆိုပြီးစိတ်ကိုထားပုံထားနည်း နှစ်မျိုးသင်ပြထားပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်တွေရော ခရစ္စယာန်ဘာသာဝင်တွေရော မွစ္စလင်ဘာသာဝင်တွေရော ဟိန္ဒူဘာသာဝင်တွေရော ဂျူးတွေရော လူအများစုဟာ မိစ္ဆာပဏိဟိတစိတ်ထားပုံ ဖြစ်တဲ့ ကိုယ့်စိတ်ကို ထားချင်သလို ထားပြီးနေထိုင်ကြတာက များပါတယ်။ ဒါကြောင့်စိတ်ဆင်းရဲစွာ နေထိုင်ကြရတာဖြစ်ပါတယ်။
မင်္ဂလသုတ်မှာပါတဲ့”အတ္တသမ္မာပဏိဓိ စ” မင်္ဂလာဟာ မိမိစိတ်ကို မဂ္ဂင်ရှစ်ပါးအကျင့်တရားဖြင့် မှန်ကန်စွာထားနိုင်ခြင်း၎င်းလို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ့်စိတ်ကို မှန်ကန်စွာထားနိုင်ပြီဆိုမှတော့ တကယ်မင်္ဂလာရှိပြီပေါ့။ မိမိယုံကြည်ရာဘာသာက အရေးမကြီးပါဘူး မင်္ဂလာရှိအောင် နေထိုင်တတ်ဖို့က ပိုလို့အရေးကြီးပါတယ်။ ဘယ်လိုယဉ်ကျေးမှုနဲ့နေထိုင်သည်ဖြစ်စေ ကိုယ့်ဘဝဟာ စိတ်ချမ်းသာနေဖို့ မင်္ဂလာရှိနေဖို့တော့ အလွန်လိုအပ်ပါလိမ့်မယ်။ အဲဒီလို စိတ်ချမ်းသာပြီး မင်္ဂလာရှိနေဖို့က “အတ္တသမ္မာပဏိဓိ စ”မင်္ဂလာကို နားလည်ကျင့်ကြံဖို့လိုပါလိမ့်မယ်။