လေ့လာသင်ယူစရာတွေအလွန်များလွန်းသောခေတ်အခါနှင့် ဗုဒ္ဓတရားတော် သဟဇာတဖြစ်မဖြစ်

“သဗ္ဗံ သိပ္ပံ အဓီယေထ၊ ဟိနမုကရဋ္ဌ မဇ္ဈိမံ။
သဗ္ဗတ္ထ အတ္ထံ ဇာနေယျ၊ န စ သဗ္ဗံ ပယောဇယေ”။
“Low, high and medium quality of education from both secular and spiritual ones should be learnt.
Knowing the meaning of all learnt, do not go with inappropriate ones”, said the Buddha.
အယုတ်အလတ်အမြတ်မရွေး အားလုံးသော သိစရာတတ်စရာမှန်သမျှကို လေ့လာသင်ယူရာ၏။ မိမိသင်ယူထားသမျှတို့၏ အဓိပ္ပါယ်ကို ကောင်းစွာ နားလည်လျက် မလုပ်သင့်သော အရာများကို မလုပ်မိစေဘဲ ရှောင်ကြဉ်ရာ၏။ (ပညာရေးနှင့်ပတ်သက်သော မြတ်ဗုဒ္ဓ၏သြဝါဒတော်)
လေ့လာသင်ယူစရာတွေများပြားလှတဲ့ ယခုလိုနည်းပညာခေတ်ကြီးထဲမှာ လေ့လာသင်ယူစရာမှန်သမျှ both secularity and spirituality နှစ်ခုလုံးကို လ့လာသင်နိုင်အာင်ကြိုးစားသင့်ပေ၏။ လေ့လာသင်ယူစရာများသည် မိမိလက်တစ်ကမ်း မိမိအလုပ်ထဲမှာပင်ရှိနေပေ၏။ ဝိပဿနာရှုထောင့်မှကြည့်လျှင် အရာအားလုံးသည် အသစ်ချည်းဖြစ်နေတတ်၏။ အနီးကပ်စိစစ်လေ့လာကြည့်လျှင် ဒီမနက်တွေ့ရသော မိမိ၏ရုပ်ခန္ဓာနှင့် စိတ်သဘာဝသည်ပင် မနေ့ကရုပ်ခန္ဓာနှင့် စိတ်သဘာဝမဟုတ်တော့ပေ။ ထွက်ပေါ်လာသော နေဝန်းသည်လည်း အသစ်စက်စက် ဖြစ်ပေ၏။ မနေ့ကနေနှင့် အတူတူပါဘဲဟု အတိတ်ကအရိပ်ကို စွဲလန်းကာ အယူမမှားမိစေနှင့်။
လေ့လာသင်ယူစရာမှန်သမျှကို လေ့လာသင်ယူကာ ပညာတတ်ပညာရှိများဖြစ်ကြပါစေ။ တစ်နေ့ထက်တစ်နေ့ပိုတော် ပိုတတ်ပိုရင့်ကျက်သူများ ဖြစ်ကြကာ ဘဝမှာပိုမိုကျေနပ်စွာ နေတတ်သူတွေဖြစ်ကြပါစေ။
မိမိသည်သူများကို ပြောင်းလဲမပေးနိုင်ရာ။ မိမိကိုယ်ကိုသာ မိမိမှန်ကန်အောင် ပြုပြင်တည့်မတ်ယူသင့်ပေ၏။ မိမိကသူများကို ပြောင်းလဲပေးနိုင်သည်ဟု ထင်မှတ်နေခြင်းသည် အယူမှား ဒိဋ္ဌိဝိပ္ပလ္လာသ၊ အမှတ်မှား သညာဝိပ္ပလ္လာသမျှသာတည်း။ ဘာသာတစ်ခုမှ ဘာသာတစ်ခုသို့ ကူးပြောင်းပေးနေခြင်းသည် ရင့်ကြက်မှုမရှိ၍သာ လုပ်နေကြခြင်းတည်း။ အသိဉာဏ်ရင့်ကျက်သူများအတွက်ကား ဤသို့ဘာသာတစ်ခုမှ ဘာသာတစ်ခုသို့ ကူးပြောင်းပေးသောအလုပ်မျိုးသည် အလွန်ကလေးဆန်သော အလုပ်ဖြစ်ပေ၏။
မိမိအမြင်အတိုင်းဆိုရသော် သစ္စာလေးပါးမသိသေးဘဲ ဘယ်ဘာသာကဘယ်ဘာသာထဲ ကူးပြောင်းသည်ဖြစ်စေ မသိမှုထဲမှမသိမှုထဲသို့ကူးပြောင်းနေခြင်း အိုနာသေဒုက္ခသစ္စာ ထဲမှနောက်ထပ်အိုနာသေဒုက္ခသစ္စာထဲသို့ကူးပြောင်းခြင်းမျှသာတည်း။ တကယ့်အနှစ်သာရအရ ပြောင်းလဲသည်မမည်ပေ။
ဗုဒ္ဓဘာသာရိုးရာများသည်ပင် အစဉ်အလာဗုဒ္ဓဘာသာဝင် အဖြစ်မှ သစ္စာလေးပါးကို ကောင်းစွာသိစေနိုင်သော ဝိပဿနာဗုဒ္ဓဘာသာဝင်များ ဖြစ်အောင်ကူးပြောင်းသင့်ပေ၏။ ဝိပဿနာဟူသည် ကိုယ့်ကိုယ်ကို “Who we are”ဆိုတာကို သိအောင်မြင်အောင် လေ့လာသင်ယူစေသော နည်လမ်းဖြစ်ပေ၏။ ကိုယ့်ကိုကိုယ် “who we are”ဆိုတာကို သေချာသင်ပြပေးတဲ့ ကိုယ့်ကိုကိုယ်လေ့လာ ဆန်းစစ်နည်းဖြစ်တဲ့ ဝိပဿနာအလုပ်ကိုလည်း မမေ့ကြလေနဲ့။
ဝိပဿနာတရားစခန်းကို ဝင်ရောက်၍ စနစ်တကျလက်တွေ့ကျကျ ကြိုးစားကြည့်ကြပါကုန်။ the more practical you approach to the Path to True Happiness, the more scientific you will experience with the Buddha’s Teaching in this digital age.

Author:

Ashin Kekasa is a graduate in Mathematics. He finished his both public and monastic educations. His major interest was Mindfulness-Based Vipassana Meditation instructed in Buddhism. He took six months long retreat course in Mahasi Meditation Center when he was a layman. After his six months long meditation practice, he became a Buddhist ordained in Mahasi Tradition. However, he wanted to know much more about Buddhist philosophy so he moved to Mahagandhayon monastery to study Pali scriptures seriously. He has spent teaching and practicing in Mahagandhayon monastery. He did it well. Then, he moved to the forest for his serious meditation practice. He founded his own forest meditation center 15 years ago. He has been conducting Vipassana retreat for laypeople twice a year. He has also been used to travelling to abroad since 2004 because he is invited by people to teach them meditation. It is just a brief biography of Ashin Kelasa.