မောဟအတ္တမာနတွေအားကြီးကြရာအခါဝယ်နှင့် မိမိ၏လူသားအကျိုးပြု စီမံကိန်း

လူတွေဟာမောဟနဲ့ အတ္တမာနတွေအားကြီးလာကြတဲ့အခါ ဘာကိုမှမှန်ကန်စွာမသုံးသပ်နိုင်ကြတော့ဘူး။ အမှန်ကိုမမြင်တတ်ကြတော့ဘဲ ကိုယ်မြင်ချင်သလို မြင်အောင်ကြည့် ကိုယ်မြင်သလိုပြောလိုက်တော့တာပဲ။ တစ်ဘက်ကဒီလိုမဟုတ်ရပါဘူးဆိုလည်း ဘယ်လိုမှပြောမရဆိုမရဖြစ်တတ်ကြတဲ့သူတွေကို ဘုန်းဘုန်းရဲ့အနှစ်ငါးဆယ်ကျော် သူတော်ကောင်းမာရသွန်ပြေးပွဲကြီးထဲမှာ အများကြီးတွေ့ဖူးပါတယ်။ ပြီးတော့ပုထုဇန်ဆိုတဲ့ ဝေါဟာရကိုအသုံးပြုကာ လွဲချော်နေတာကိုပဲ တည့်မတ်နေသယောင် ပြောတတ်ကြတယ်။ ခဏနေအဆိုးကြီးကနေ အကောင်းပြန်ဖြစ်ဖို့ ကြိုးစားအားထုတ်လာပြန်တော့ အနိစ္စဆိုတဲ့ဝေါဟာရကို သုံးကာသိက္ခာဆည်ကြပြန်တယ်။

ဘုန်းဘုန်းတို့က ဘုရားဟောထားတဲ့ ပိဋကဓမ္မက္ခန္ဓာတွေ စိတ်နှလုံးသားထဲမှာအနှစ်တယ်နေတော့ ဓမ္မမျက်စေ့ တနည်းအားဖြင့် ဉာဏ်မျက်စေ့ဖြင့် မြင်တတ်နေတော့ ဘယ်သူတွေဟာဘယ်လို ဖြစ်နိုင်တယ် ဘယ်လိုစိတ်အခြေအနေမျိုးရှိနိုင်တယ်ဆိုတာကို မြန်မာနိုင်ငံမှာသာမက Donald Trump တို့ Hillary Clinton တို့အထိသူတို့ရဲ့စိတ်အခြေခံကို လှမ်းပြီးမြင်ကြည့်နိုင်တယ်။

အသက်ကြီးလို့ တရားအနှစ်များများတည်လေ မေတ္တာတရားတို့ကရုဏာတရားတို့ ခွင့်လွှတ်နားလည်ပေးရခြင်းတရားတို့ကို များများကျင့်သုံးနေရလေပါပဲ။ နေ့စဉ်နဲ့အမျှ ဓမ္မဖြင့်နေ ဓမ္မဖြင့်တွေး ဓမ္မဖြင့်ပြောပြု အားထုတ်နေရတော့ ကာမဂုဏ်တောထဲမှာနေကြပြီး တစ်နေ့လုံးကာမဂုဏ်အတွေးအပြောအလုပ်ပေါင်းစုံဖြင့် နေထိုင်ကြတဲ့သူတွေကို မေတ္တာတရားဖြူဖြူလေးထားနိုင်မှသာ အေးငြိမ်းချမ်းသာဖြစ်ကြမှာပါ။

ဘုန်းဘုန်းရဲ့အသက် (၅၀)ကနေ (၅၁)နှစ်ကိုကူးပြောင်းတော့မဲ့ အလှည့်အပြောင်းတစ်ခုမှာ မှတ်မှတ်သားသားဖြစ်နေအောင် “ခန္တီမေတ္တာသစ္စာဆင်ခြင်တုံတရား”ဆိုတဲ့ လက်ကိုင်ပြုဆဲတရားလေးမျိုးကို ပို၍ပို၍ highlight လုပ်ပြီး ကျင့်ကြံအားထုတ်ကာ ပြည်တွင်းပြည်ပလူသားသတ္တဝါများ ဓမ္မဖြင့်စိတ်ချမ်းသာစွာနေထိုင်နိုင်ရေးအတွက် လာမဲ့(၅၁)နှစ်မြောက်မွေးနေ့ကနေစ၍ အစွမ်းကုန်ကျိုးစားအားထုတ်မယ်လို့ ပြင်ဆင်နေရပါတယ်။

ဘုန်းဘုန်းရဲ့ဘဝကို သက်တော်၅၀)ရဲ့ရှေ့ပိုင်း (၅၀)ရဲ့နောက်ပိုင်းဆိုပြီး
အပိုင်းနှစ်ပိုင်းခွဲ၍ တည်ဆောက်လုပ်ကိုင်မယ်လို့ စိတ်ကူးထားပါတယ်။ လာမည့်မွေးနေ့နောက်ပိုင်းကစပြီး holiest or noblest life of Buddhist monk hood period လို့ သတ်မှတ်ကာ အဖြူစင်အမြင့်မြတ်ဆုံး ဘဝကိုထူထောင်လျက် သာသနာပြုအလုပ်တွေကို ပြည်တွင်းမှာရော ပြည်ပမှာပါ ဘုန်းဘုန်းချစ်ခင်တန်ဖိုးထားရသော ပြည်တွင်းပြည်ပမှ ပါရမီရှင်တပည့် ဒါယကာများနှင့် ဖြူစင်စွာလက်တွဲ၍ အားကျိုးမာန်တက် အားထုတ်ဖို့ပြင်ဆင်နေပါတယ်။

ယနေ့အထိဘုန်းဘုန်းအား အထောက်အကူပေးကာ သာသနာပြုကုသိုလ် ယူခဲ့ကြသော တပည့်ကြီးငယ်အားလုံးသည် ဘုန်းဘုန်း၏နက်ရှိုင်းဆုံးနှလုံးသားထဲ၌ရှိနေပါကြောင်းနှင့် ဆက်လက်၍လည်းမိမိတို့၏ပစ္စုပ္ပန် သံသရာနှစ်တန်သောဘဝများ ချမ်းသားကြီးပွါးစေရေးနှင့် ကမ္ဘာကြီး၏ ကျန်အစိတ်အပိုင်းများ၌နေထိုင်ကြကုန်သော မိမိတို့နှင့်အမျိုးတူလူသားများ ကောင်းကျိုးချမ်းသာဖြစ်ရေးတို့အတွက် ဘုန်းဘုန်းနှင့်လက်တွဲကာ ကုသိုလ်ပါရမီအလုပ်များ ဆည်းပူးနိုင်ကြပစေကြောင်းဆန္ဒပြုကာ မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါကြောင်း။

img_0006 img_9943 img_9944 img_9953 img_9954 img_9961 img_9980 img_9981 img_9982 img_9983 img_9986 img_9994 img_9997 img_0002 img_0004 img_0006

Author:

Ashin Kekasa is a graduate in Mathematics. He finished his both public and monastic educations. His major interest was Mindfulness-Based Vipassana Meditation instructed in Buddhism. He took six months long retreat course in Mahasi Meditation Center when he was a layman. After his six months long meditation practice, he became a Buddhist ordained in Mahasi Tradition. However, he wanted to know much more about Buddhist philosophy so he moved to Mahagandhayon monastery to study Pali scriptures seriously. He has spent teaching and practicing in Mahagandhayon monastery. He did it well. Then, he moved to the forest for his serious meditation practice. He founded his own forest meditation center 15 years ago. He has been conducting Vipassana retreat for laypeople twice a year. He has also been used to travelling to abroad since 2004 because he is invited by people to teach them meditation. It is just a brief biography of Ashin Kelasa.